ဂျပန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး တိုက်ခန်း ၁၅၀၀ ခန့်ကို သုံးနှစ်အတွင်း တည်ဆောက်မည်

ဂျပန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး တိုက်ခန်း ၁၅၀၀ ခန့်ကို သုံးနှစ်အတွင်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3 Sep 2018 12:34 pm တွင် တင်ခဲ့သည်
1011 ကြိမ် ကြည့်ရှု့ပြီး

လုံးချင်းအိမ်သစ်များ၏ ထက်ဝက်က ၂၀၂၀ ပြည့်နှစ်မကုန်မီ ကာဗွန်ကင်းစင်ကြမည့် ဂျပန်တွင် ၎င်းကာဗွန်ကင်းစင်သောနေအိမ် စီမံချက်ကို လုံးချင်းအိမ်များသာမက တိုက်ခန်းများအထိပါ တိုးချဲ့တော့မည်ဖြစ်ကြောင်း Nikkei Asian Review ဂျပန်စီးပွားရေးဂျာနယ်၌ ဖော်ပြပါရှိခဲ့သည်။

ဂျပန်သည် ၂၀၁၅ ခုနှစ် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ ပဲရစ်သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဂျပန်၏ လုံးချင်းအိမ်သစ် ထက်ဝက်ထက်မနည်းအား ကာဗွန်ကင်းစင်သော နေအိမ်များအဖြစ် ၂၀၂၀ ပြည့်နှစ်မကုန်မီ စီမံပြီးနောက် ၂၀၂၁ ခုနှစ်မကုန်မီ ကာဗွန်ကင်းစင်သော တိုက်ခန်း ၁၅၀၀ ခန့်ကို တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လောင်စာစွမ်းအင်သုံးစွဲမှုသုညအဆင့် အဆောက်အအုံ၊ နေအိမ် အပါအဝင် အမည်နာမများစွာဖြင့် သိကြသည့် စွမ်းအင်ဇီးရိုးနေအိမ်များသည်

၎င်းတို့ထုတ်လုပ်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုသာ အများအပြားသုံးစွဲကြခြင်းဖြစ်သည်။

မေလက ဂျပန်အစိုးရသည် ယင်းစွမ်းအင်ဇီးရိုးနေအိမ်များအတွက် စံချိန်စံညွှန်းများကို ၎င်းတို့နိုင်ငံနှင့် သပ္ပာယဖြစ်အောင် ပြင်ဆင်ခဲ့သည်။

Nomura Real Estate Development ကုမ္ပဏီက Greater Tokyo တွင် စွမ်းအင်ဇီးရိုးကွန်ဒိုစီမံကိန်း သုံးခုကို စီစဉ်နေသည်ဟု သိရသည်။ ထိုစီမံကိန်းများမှ အခန်းပေါင်း ၁၀၀ ဝန်းကျင် ထွက်ရှိမည်ဖြစ်သည်။

Daikyo ကုမ္ပဏီကလည်း အိုဆာကာမြို့အနီး ဟျောဂိုစီရင်စုတွင် အဆောက်အအုံအမိုးထိပ်၌ ဆိုလာပြားများ တပ်ဆင်ထားသည့် ကွန်ဒိုစီမံကိန်းတစ်ခု စီစဉ်နေသည်။ ယင်းအဆောက်အအုံက အခြားသာမန်အဆောက်အအုံများ၏ လောင်စာစွမ်းအင်သုံးစွဲမှုအောက် ရာခိုင်နှုန်း ၈၀ သာ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

ချီဘာစီရင်စုတွင်လည်း Mitsubishi Estate က အလားတူစီမံကိန်းတစ်ခုကို ဖော်ဆောင်နေပြီဖြစ်သည်။

၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု ၁၆ ရာခိုင်နှုန်းသည် နေအိမ်များမှ ဖြစ်ခဲ့သည်။ ဂျပန်က ၂၀၂၀ ပြည့်နှစ်မကုန်မီ ဆောက်လုပ်မှုသစ်အများစုအား စွမ်းအင်ဇီးရိုးနေအိမ်၊ အဆောက်အအုံစံချိန်စံညွှန်းများနှင့်အညီ ချမှတ်ဆောင်ရွက်စေရေးအတွက် ကာဗွန်နည်းပါးသော လူ့အဖွဲ့အစည်းလမ်းစဉ်တွင် ၂၀၁၂ ခုနှစ်၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service