စင်္ကာပူပုဂ္ဂလိကကွန်ဒိုဈေးများ ကျဆင်းမည်ဟု developer များ ပိုမိုခန့်မှန်းလာကြ

စင်္ကာပူပုဂ္ဂလိကကွန်ဒိုဈေးများ ကျဆင်းမည်ဟု developer များ ပိုမိုခန့်မှန်းလာကြ - Property News in Myanmar from iMyanmarHouse.com
3 Sep 2018 12:08 pm တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် ဇူလိုင် ၆ က အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်းသစ်များ စတင်ခဲ့ပြီးနောက် ဆောက်လုပ်ရေးကုမ္ပဏီများအကြား ဈေးကွက်သဘောထားများ ကပြောင်းကပြန်ဖြစ်ခဲ့ကြောင်း Business Times စင်္ကာပူနေ့စဉ်ထုတ်စီးပွားရေးသတင်းစာ၌ ဖော်ပြခဲ့သည်။

စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) နှင့် စင်္ကာပူအိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များအသင်း (REDAS) တို့မှ လေ့လာထုတ်ပြန်ခဲ့သော အိမ်ခြံမြေသဘောထားညွှန်းကိန်း (RESI) သည် အိမ်ခြံမြေစည်းမျဉ်းများ စတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်တွင် ၆ ဒသမ ၆ မှ ကျဆင်းခဲ့ကြောင်း သိရသည်။

ညွှန်းကိန်း ၅ ဒသမ ၀ အထက်သည် ဈေးကွက်အခြေအနေ ကောင်းမွန်တိုးတက်ကြောင်း ညွှန်ပြပြီး ၅ ဒသမ ၀ အောက်သည် ဆိုးဝါးလာသော ဈေးကွက်အခြေအနေများကို ညွှန်ပြသည်။

၆ ဒသမ ၇ မှ ၃ ဒသမ ၉ သို့ ကျဆင်းခဲ့သည့် လက်ရှိသဘောထားညွှန်းကိန်းနှင့် ၆ ဒသမ ၄ မှ ၄ ဒသမ ၀ သို့ ကျဆင်းခဲ့သည့် အနာဂတ်သဘောထားညွှန်းကိန်းတို့ကို ပေါင်းစပ်၍ RESI အား တွက်ချက်ထားခြင်းဖြစ်သည်။ လက်ရှိသဘောထားညွှန်းကိန်းသည် developer များ၏ ပြီးခဲ့သည့်ခြောက်လအတွင်း ဈေးကွက်အခြေအနေများအပေါ် အမြင်များကို ဆန်းစစ်ထားခြင်းဖြစ်ပြီး အနာဂတ်သဘောထားညွှန်းကိန်းသည် သူတို့၏ လာမည့်ခြောက်လအတွင်း အမြင်များကို အကဲဖြတ်ထားခြင်း ဖြစ်သည်။

စင်္ကာပူတွင် အိမ်ခြံမြေစည်မျဉ်းတင်းကျပ်မှုသစ်များ ပြဋ္ဌာန်းခဲ့ပြီးသည့်တိုင် လေ့လာမှုတွင် ပါဝင်ဖြေဆိုခဲ့သည့် developer များ၏ ၆၅ ရာခိုင်နှုန်းက အဆောက်အအုံသစ်များ ဈေးကွက်ထဲ ပိုမိုဝင်ရောက်လာရန် ခန့်မှန်းနေကြဆဲ ဖြစ်သည်။ သို့သော် ထိုသို့ ခန့်မှန်းသူအရေအတွက်သည် ဒုတိယသုံးလပတ်အတွင်း ၈၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည်ဖြစ်ရာ ကျဆင်းခဲ့ခြင်းပင် ဖြစ်သည်။

ပုဂ္ဂလိကကွန်ဒိုသစ်များ၏ ဈေးနှုန်းများ ကျဆင်းမည်ဟု ဒုတိယသုံးလပတ်အတွင်း ဖြေဆိုသူ developer ၃ ဒသမ ၀ ရာခိုင်နှုန်းက ထင်မြင်ခဲ့ကြသော်လည်း အိမ်ခြံမြေစည်းမျဉ်းသစ်များ စတင်အာဏာသက်ရောက်ခဲ့ပြီးနောက် ၄၈ ဒသမ ၆ ရာခိုင်နှုန်းက ဈေးနှုန်းကျဆင်းမည်ဟု ယုံကြည်နေကြကြောင်း သိရသည်။

စင်္ကာပူအစိုးရက အိမ်ခြံမြေထပ်ဆောင်းဝယ်ယူသူများအတွက် တံဆိပ်ခေါင်းခွန်အား တိုးမြှင့်ခြင်းနှင့် လူနေအိမ်ခြံမြေဝယ်ယူမှုအတွက် ချေးငွေခွင့်ပြုမှုပမာဏအား တင်းကျပ်ခြင်းတို့အား ဇူလိုင် ၅ တွင် ကြေညာခဲ့သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service