ဟယ်ရီနှင့် ကြင်ယာတော် မီဂန် မာကယ်လ်တို့ ပိုင်ဆိုင်သော စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ

ဟယ်ရီနှင့် ကြင်ယာတော် မီဂန် မာကယ်လ်တို့ ပိုင်ဆိုင်သော စံအိမ်ကြီးများနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
3 Sep 2018 11:39 am တွင် တင်ခဲ့သည်
4158 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီကို ပလေးဘွိုင်း မင်းသားဟု အမည်ပြောင်ဖြင့် ခေါ်ဆိုကြ၏။ သူသည် ဗြိတိန်ထီးနန်းအရိုက်အရာကို ဆက်ခံရန် ဆဌမမြောက် နေရာတွင် ရှိသူလည်း ဖြစ်သည်။

မီဂန်မာကယ်သည်ကား အမေရိကန်ရုပ်ရှင်သရုပ် ဆောင် မင်းသမီးဖြစ်ပြီး Suits အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ တွင် ပါဝင်သရုပ်ဆောင်ခဲ့သဖြင့် နာမည်ကျော်သည်။ ၎င်းတို့ နှစ်ဦးပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၀ ၀န်းကျင်ဖြစ် သည်ဟု ခန့်မှန်းထားကြသည်။

၁။ မာလီဘူးစံအိမ်

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ မြေဈေးအကြီးမြင့်ဆုံးနေရာဖြစ်ပြီး ကမ္ဘာကျော်ကြယ်ပွင့်တို့ အခြေချရာ မာလီဘူးအရပ်တွင် မင်းသားဟယ်ရီတို့ ပိုင်ဆိုင်ထား သော စံအိမ်ကြီးတစ်လုံးရှိသည်။ အီတလီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ နေအိမ်ကြီးကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ၀ယ်ယူခဲ့ ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

စံအိမ်ကြီးအတွင်း အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။ ယင်းစံအိမ်တွင် မင်းသားဟယ်ရီနှင့် မီဂန် မာကယ်တို့က ၄ လခန့် လာရောက်နေထိုင်ကြရန် စီစဉ်ထား သည်ဟု ဆိုသည်။ ခြံဝန်းအတွင်းတွင် ကြီးမားလှသည့် ရေကူးကန်၊ ရေပူစိမ်ကန်၊ ရေတံခွန်များ ပါဝင်ပြီး ကိုယ်ပိုင်ကမ်းခြေလည်း ပါဝင်ကာ ကမ်းခြေမှာ ခဲတစ်ပစ်ခန့်သာ ကွာဝေးသည်။ နန်းတော်ကြီးတမျှ ခမ်းနားလှသည့် စံအိမ်ကြီးတွင် ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ နည်းပညာမြင့်ပစ္စည်းကိရိယာများ တပ်ဆင် ထားသည့် အားကစားလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်း၊ နှစ် ထပ်တိုက် ဧည့်ဂေဟာတို့လည်း ပါဝင်သေး၏။ တော်ဝင်စုံတွဲက အဆိုပါစံအိမ်ကို ကန်ဒေါ်လာ တစ် သန်းခန့် သုံးစွဲကာ မွမ်းမံမှုများ ပြုလုပ်သွားမည်ဟု ခန့်မှန်းထား ကြပြီး ကမ္ဘာတစ်ဝန်းရှိ ပရိဟိတလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ရုံးခန်းသဖွယ် အသုံးပြုသွားမည်ဟုလည်း ခန့်မှန်း ထားကြသည်။

၂။ Mini Countryman မော်တော်ကား

မင်းသားဟယ်ရီက မီဂန်မာကယ်ကို လက်ဆောင်ပေး ခဲ့သည့် မော်တော်ကားဖြစ်ပြီး ပေါင် ၃၁၀၀၀ ခန့် တန်ကြေး ရှိသည်။ မီဂန်မာကယ်လ်သည့် လန်ဒန်မြို့တော်အတွင်း အလည်အပတ်သွားလိုပါက အဆင်ပြေချောမွေ့ရန် ရည်ရွယ် ကာ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အမြန်ဆုံးမိုင်နှုန်းအနေဖြင့် တစ်နာရီလျှင် ၁၂၂ ဒသမ ၄ မှ ၁၄၅ ဒသမ ၄ မိုင်နှုန်း မောင်းနှင်နိုင်ပြီး ၀-၆၀ အမြန်နှုန်းကို ၆ ဒသမ ၃ စက္ကန့်မှ ၉ ဒသမ ၅ စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်စွမ်းရှိသည်။ all-wheel drive အမျိုးအစား ဖြစ်သည်။ LED မီးစနစ်တပ်ဆင်ပေးထားပြီး အင်ဂျင်မှာ ၂.၀ Litre တာဘိုအင်ဂျင်ဖြစ်ကာ မြင်းကောင်ရေ ၁၉၂ ကောင်အား ရှိသည်။

၃။ ယော့ခ်စံအိမ်

ဆန်ဒရင်းဟမ်နန်းတော်ဝန်းအတွင်း တည်ရှိသည်။ အဲလစ်ဇဘက်ဘုရင်မကြီးက ယော့ခ်စံအိမ်ကို မင်းသားဟယ်ရီ နှင့် မီဂန်မာကယ်တို့အတွက် မင်္ဂလာဦးလက်ဖွဲ့အဖြစ် ပေးအပ် ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။ Bachelor's Cottage ဟုလည်း နာမည်ကျော်ပြီး ဘုရင် အက်ဒ်ဝါ့ဒ် VII က လက်ဆောင်ပေးခဲ့သည့် စံအိမ်ဖြစ် ကာ နောက်ပိုင်းတွင် ဝေလမင်းသားက သူ၏သားတော် ယော့ခ် မြို့စား ဂျော့ခ်ျမင်းသားကို ပေးအပ်ခဲ့သည်။ ဂျော့ခ်ျမင်းသားသည် နောင်အခါ ၁၈၉၃ ခုနှစ်တွင် ဂျော့ခ်ျဘုရင်အဖြစ် နာမည်ကျော် လာခဲ့သူဖြစ်သည်။ စံအိမ်တော်ဝန်းအတွင်း ကြီးမားသည့်စိုက်ခင်းနေရာ ပါဝင်ပြီး မင်းသားဝီလျံနှင့် ကြင်ယာတော် ကိတ် မစ်ဒယ်လ်တန် တို့၏ Amner Hall စံအိမ်တော်နှင့် ကွင်းပြင်တစ်ခုသာ ခြား ထားသည်။ စံအိမ်တော်ဝန်းအတွင်း ကြီးမားသည့် ရေကန် ကြီးတစ်ခုပါဝင်သည့်အပြင် ရစ်သွယ်လိမ်ယှက်နေသော လျှောက် လမ်းများ၊ ကျဉ်းမြောင်းသည့် လှေကားနေရာကလေးများစွာ ပါဝင်သည်။ စံအိမ်တော်အတွင်း အိပ်ခန်းနှင့် ရေချိုးခန်း မည်မျှ ပါဝင်သည်ဆိုခြင်းကိုမူ မသိရချေ။ ကောလာဟလတစ်ခုရှိနေသည်ကား အဆိုပါ စံအိမ် တွင် သရဲအလွန်ခြောက်သည်ဆို၏။

၎။ မီဂန်မာကယ်လ်၏ လက်ထပ်ဝတ်စုံ တန်ကြေးအားဖြင့် ပေါင် ၂၅၀၀၀၀ နီးပါးရှိနိုင်သည် ဟု ခန့်မှန်းထားကြသော မီဂန်မာကယ်လ်၏ လက်ထပ်ဝတ်စုံ ကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ မည်သူဖြစ်သည်ဆိုခြင်းကို ယနေ့တိုင် မသိရသေးချေ။ အများစု ခန့်မှန်းကြသည်မှာ လန်ဒန်အခြေစိုက် Ralph & Russo က ဒီဇိုင်းရေးဆွဲပေးခဲ့သည်ဟု ခန့်မှန်းထား ကြပြီး Burberry, Erdem, Stella McCartney နှင့် Roland Mouret တို့လည်း ဖြစ်နိုင်သည်ဟု ခန့်မှန်းချက်များ ရှိသည်။

၅။ Rolex Explorer II နာရီ မင်းသားဟယ်ရီ၏ Rolex Explorer II နာရီသည် နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး Rolex Explorer အုပ်စုတွင် ပါဝင်ကာ တန်ကြေးအားဖြင့် ပေါင် ၅၀၀၀ ခန့် ရှိသည်။ stainless steel နှင့် ကမာခွံတို့ဖြင့် ပြုလုပ်ထားကာ ပေ ၃၃၀ အနက်အထိ ရေလုံစွမ်းရည်ရှိသည်။

၆။ နော်တင်ဟမ်စံအိမ် မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့ လက်ရှိနေထိုင် လျက်ရှိသော စံအိမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်တွင် ကျင်းပခဲ့သော လက်ထပ်ပွဲမတိုင်မီကလည်း အဆိုပါ စံအိမ်တွင် နေထိုင်ခဲ့ဖူးသည်။ ကန်ဆင်တန်နန်းတော်ဝန်းအတွင်း တည်ရှိပြီး အခန်း ၄ ခန်းမှ ၅ ခန်းခန့်သာ ပါဝင်ကာ ယခင်က ကိန်းဘရစ်မြို့စား နှင့် မြို့စားကတော်တို့ နေထိုင်ခဲ့ရာ ဖြစ်သည်။ စံအိမ်အတွင်း အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်းငယ်တစ်ခု၊ မီးဖိုဆောင်နှင့် ရေချိုးခန်းတို့ ပါဝင်ပြီး စံအိမ်တော်အနီးတွင် ၀န်းခတ်ထားသည့် ပန်းဥယျာဉ်တစ်ခု တည်ရှိသည်။ နန်းတော်ဝန်းအတွင်း တည်ရှိကာ ၂၄ နာရီ လှည့် ကင်းများ၊ ကင်းဂိတ်များ၊ မြင့်မားသည့် တံတိုင်းများ ထားရှိပြီး ဖြစ်သောကြောင့် လုံခြုံရေးထပ်မံထားရှိရန် မလိုအပ်သော နေရာလည်း ဖြစ်သည်။

၇။ Brietling Aerospace နာရီ မင်းသားဟယ်ရီ ပိုင်ဆိုင်သည့် အခြားနာရီတစ်လုံး ဖြစ်သော Breitling Aerospace EVO Volcano သည် တိုက်တေနီယမ်ဖြင့် ပြုလုပ်ထားခြင်းကြောင့် အထူးပေါ့ပါး သည်။ တိုက်တေနီယမ်သည် လေကြောင်းအာကာသနယ်ပယ် တွင် အသုံးပြုသည့် သတ္ထုအမျိုးအစား ဖြစ်၏။ တန်ကြေးမှာ ပေါင် ၃၂၆၀ ဖြစ်ပြီး ရေအနက် မီတာ ၁၀၀ အထိ ရေလုံ စွမ်းရည်ရှိသည်။

၈။ လက်ဝတ်ရတနာစုဆောင်းထားမှု မီဂန်မာကယ်သည် တော်ဝင်လက်ထပ်ပွဲ အပါအ၀င် သီးသန့်ပါတီပွဲများတွင် လည်ဆွဲအမှတ်တံဆိပ်မျိုးစုံ၊ လက်စွပ် များ၊ နားဆွဲများ ၀တ်ဆင်ပုံကို ထောက်ရှု၍ လက်ဝတ်ရတနာ များစွာ စုဆောင်းထားရှိပြီးဖြစ်သည်ဟု ခန့်မှန်းကြသည်။ စေ့စပ်ပွဲအခမ်းအနားတွင် မီဂန်မာကယ်လ်သည် ရွှေဝါရောင် ကြောင်ကျောက် နားဆွဲကို ဆင်မြန်းခဲ့သည်။ အဆိုပါနားဆွဲသည် ကနေဒါအခြေစိုက် ကမ္ဘာကျော် လက်ဝတ် ရတနာကုမ်္ပဏီကြီးဖြစ်သော Birks Group က ထုတ်လုပ်ခြင်း ဖြစ်ပြီး ၇၃၂ ပေါင် (မြန်မာငွေ ၁၃ သိန်းခွဲဝန်းကျင် - ၂၀၁၈၊ ဇူလိုင် ၁၀ ရက် ငွေလဲနှုန်း စတာလင် ၁ ပေါင်= မြန်မာငွေ ၁၈၆၄ ကျပ်နှုန်းအရ) ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။ ဘာမင်ဂမ်တွင် ကျင်းပသော နိုင်ငံတကာအမျိုးသမီး များနေ့ အခမ်းအနားသို့ တက်ရောက်ရာတွင် မီဂန် မာကယ် သည် ၅၂၉ ပေါင် တန်ကြေးရှိ စိန်လည်ဆွဲတစ်ခု ဆင်မြန်းလာ ခဲ့၏။ စကော့တလန်နိုင်ငံ၏ မြို့တော် အီဒင်ဘာ့သို့ ခရီး ထွက်စဉ်ကမူ ၂၈၅၈ ပေါင် (မြန်မာငွေ ၅၃ သိန်းကျော်) တန် ကြေးရှိ စိန်လက်စွပ်နှင့် ၈၅၅ ပေါင် တန်ကြေးရှိ ရွှေလက်စွပ် တို့ ၀တ်ဆင်လာခဲ့သည်။ စေ့စပ်ပွဲတွင် ရရှိခဲ့သည့် စေ့စပ်လက်စွပ်မှာ အာဖရိက တိုက်၊ ဘော့စ်ဝါနာနိုင်ငံထွက် စိန်များဖြင့် ပြုလုပ်ထားသည့် လက်စွပ်ဖြစ်ပြီး ယောက်္ခမဖြစ်သူ ဒိုင်ယာနာမင်းသမီးစုဆောင်း ထားခဲ့သော ကန်ဒေါ်လာ ၃၅၀၀၀၀ တန်ကြေးရှိ လက်ဝတ် ရတနာ များလည်း ၀တ်ဆင်ခဲ့သည်ဟု ဆိုသည်။

၉။ အ၀တ်အထည်စုဆောင်းမှု မီဂန်မာကယ်သည် လက်ဝတ်ရတနာများစွာ ပိုင်ဆိုင် ထားသည့်အပြင် တန်ဖိုးကြီး ရှုးဖိနပ်များ၊ ဂျင်းဘောင်းဘီများ အပါအ၀င် အ၀တ်အထည်များစွာ ၀ယ်ယူစုဆောင်းထားသည် ဟု ဆိုသည်။ မီဂန်မာကယ်သည် ကန်ဒေါ်လာ ၂၀၀၀ ကျော် (မြန်မာငွေ သိန်း ၃၀ ၀န်းကျင်) တန်ကြေးရှိ Altuzarra အမျိုးအစား လက်ကိုင်အိတ်နှင့် ကန်ဒေါ်လာ ၇၀၆ (မြန်မာငွေ ၁၀ သိန်းခန့်) တန်ကြေးရှိ Strathberry လက်ကိုင် အိတ်တို့ လည်း ၀ယ်ယူထားသည်။ စကော့တလန်သို့ အလည်အပတ်သွား စဉ် ၀တ်ဆင် ခဲ့သော ကုတ်အင်္ကျီမှာ ကန်ဒေါ်လာ ၃၇၅၁ (မြန်မာငွေ ၅၃ သိန်းခန့်) တန်ကြေးရှိသည်ဟု ဆိုသည် ။

 

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service