အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နှင့် အိုက်ဆင်ဟောင်ဝါတို့ လည်ပတ်ခဲ့ဖူးသော လန်ဒန်စံအိမ်ကြီး ပေါင် ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နှင့် အိုက်ဆင်ဟောင်ဝါတို့ လည်ပတ်ခဲ့ဖူးသော လန်ဒန်စံအိမ်ကြီး ပေါင် ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 Aug 2018 12:26 pm တွင် တင်ခဲ့သည်
1850 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ သိမ်းမြစ်ကမ်းဘေးတွင်တည်ရှိသည့် ကင်းစ်တန်ဒေသ ကွမ်ဘီအရပ်တွင် အိပ်ခန်း ၁၀ ခန်းပါ စံအိမ်ကြီး တစ်လုံး တည်ရှိသည်။

အဆိုပါစံအိမ်ကြီးသို့ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နှင့် အိုက်ဆင်ဟောင်ဝါတို့ အလည်အပတ်လာရောက်ခဲ့ကြဖူးသည်။

ယခုအခါ အဆိုပါ စံအိမ်ကြီးကို ပေါင် ၆ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။

စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ်ျမြို့တွင် မွေးဖွားသူ ဗိုလ်ချုပ်ကြီး ဆာဒေါက်ဂလပ် ဟက်ဂ်ျ (၁၈၆၁-၁၉၂၈) က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ရုပ်ရှင်၊ ရုပ်သံနှင့် ပြဇာတ်သရုပ်ဆောင် ဂျော့စ် အက်ခ်လန်း၏ မိသားစုစံအိမ်ဖြစ်လာခဲ့သည်။

အတွင်းပိုင်းမွမ်းမံမှုများမှာ ၁၂ ရာစု စကော့တလန် ရဲတိုက်ကြီးများဟန် မွမ်းမံထားပြီး ခေတ်သစ်ဗိသုကာဟန်များနှင့် ပေါင်းစပ်ထားရာ တမူထူးခြားသည့်ဟန်တစ်မျိုးပေါ်ထွက်လာသည်။

အဝင်ခန်းမကြီး၏ တံခါးမကြီးများမှာ အလယ်ခေတ်ဟန်ဖြစ်ပြီး ဧည့်ခန်းတွင် ရှားပါးသော ထင်းရှူးသားနံရံဘောင်ကွက်များတွေ့ရကာ ကြမ်းခင်းများမျာ ဝင်ဆာရဲတိုက်ကြီးမှ ရယူထားခြင်းဖြစ်သည်ဟူသော ကောလာဟလများလည်း ရှိသည်။

နေအိမ်၏ အကျယ်အဝန်းမှာ ၈၄၉ ဒသမ ၆ စတုရန်းမီတာရှိပြီး စုစုပေါင်း အိပ်ခန်း ၉ ခန်းနှင့် မီးဖိုဆောင် ၂ ခု ပါဝင်သည်။

ပထမထပ်ရှိ အဝင်ခန်းမတွင် ကြီးမားသည့် ပြတင်းပေါက်ကြီးတစ်ခု ပါဝင်ပြီး ဒုတိယထပ်သို့ စင်္ကြန်လမ်းများ၊ လှေကားများဖြင့် ဆက်သွယ်ထားသည်။

ပထမထပ်တွင် မီးဖိုဆောင်တစ်ခု၊ master bedroom တစ်ခန်း၊ မီးလင်းဖို၊ ဖောင်းကြွပြတင်းပေါက်၊ နံရံမြှုပ်ဘီရိုများ၊ အဝတ်လဲခန်း၊ ရေချိုးခန်း၊ ရေချိုးခန်းပါဝင်သည့် အခြားအိပ်ခန်းတစ်ခု၊ မိသားစုရေချိုးခန်း၊ ပန်းဥယျာဉ်ကို စီးမိုးတွေ့မြင်နိုင်သည့် မှန်တံခါးများ တပ်ဆင်ထားသည့် ဧည့်ခန်းတို့ ပါဝင်ပြီး စုစုပေါင်းအားဖြင့် အိပ်ခန်း ၆ ခန်း ပထမထပ်တွင် ပါဝင်သည်။

ဒုတိယထပ်တွင် အကျယ်အဝန်းတူညီသည့် double bedroom ၂ ခန်း၊ နံရံမြှုပ် အဝတ်ဘီရိုများ၊ အခန်းချင်းဆက်သွယ်ထားသည့် အခြား အိပ်ခန်း ၂ ခု၊ ရေချိုးခန်းတစ်ခန်းတို့ ပါဝင်သည်။

နေအိမ်၏ အကောင်းမွန်ဆုံးအချက်မှာ တည်နေရာဖြစ်သည်။ Ravenswood Court စံအိမ်သည် ဂေါက်ကလပ် ၂ ခုနှင့် နီးကပ်စွာ တည်ရှိပြီး ကင်းစတန်ရှိ စာသင်ကျောင်းများ၊ ဈေးဆိုင်များစွာလည်း အနီးဝန်းကျင်တွင်ရှိသည်။ နာမည်ကျော် Royal ၊ Richmond နှင့် Bushy ပန်းဥယျာဉ်များမှာလည်း အနီးတွင်ပင် တည်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service