ဌာနဆိုင်ရာ အဖွဲ့အစည်းက အလိုရှိတိုင်းမြေသိမ်းယူခွင့်ရှိသလား

ဌာနဆိုင်ရာ အဖွဲ့အစည်းက အလိုရှိတိုင်းမြေသိမ်းယူခွင့်ရှိသလား - Property News in Myanmar from iMyanmarHouse.com
29 Aug 2018 12:40 pm တွင် တင်ခဲ့သည်
1610 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတော်အနေနဲ့ နိုင်ငံ တော်အတွင်းမှာရှိတဲ့ မြေ အားလုံးကို နိုင်ငံတော်ကသာ ပိုင်တယ် လို့ဆိုပေမယ့် နိုင်ငံသားတစ်ယောက်ထံ မှာ ဥပဒေနဲ့အညီ အသုံးပြုခွင့်ပေးထား တဲ့ မြေတစ်စုံတစ်ရာကိုတော့ လွယ်လွယ် ကူကူနဲ့ သိမ်းယူခြင်းမပြုပါဘူး။ အစိုးရ ဌာနတစ်ခုခုရဲ့ လိုအပ်ချက်အရဆိုပြီး လည်း သိမ်းယူခြင်းမပြုသင့်ပါဘူး။ နိုင်ငံ တော်ရဲ့အကျိုး ဒါမှမဟုတ် အများပြည်သူ အကျိုးအတွက် အထူးလိုအပ်ချက်ရှိခဲ့ ရင်သာ လိုအပ်ချက်ထက်မပိုတဲ့ မြေဧရိယာ ကို ဥပဒေနဲ့အညီ သိမ်းယူသင့်ပါတယ်။

အများပြည်သူအကျိုးအတွက် ရည်ရွယ် ရင် ပွင့်လင်းမြင်သာဖို့လို

အများပြည်သူအကျိုးအတွက် မြေသိမ်းယူတဲ့နေရာမှာလည်း မြေသိမ်းခံ ရသူတွေ ရသင့်ရထိုက်တဲ့ အကျိုးခံစား ခွင့်တွေ ရရှိရေးကိုလည်း နည်းလမ်းတကျ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း မြေသိမ်း အက်ဥပဒေ၊ မြေသိမ်းကော်လိတ္တော် အရာရှိရဲ့တာဝန်၊ မြေသိမ်းရန်လျှောက် ထားပုံအဆင့်ဆင့်၊ မြေသိမ်းအမှုတွဲဖွင့် လှစ်ရခြင်း၊ နိုင်ငံတော်အစိုးရရဲ့ ဆုံးဖြတ် ရန် လျှောက်ထားပုံအဆင့်ဆင့်၊ မြေသိမ်း အမှုတွဲ ဖွင့်လှစ်ရခြင်း၊ နိုင်ငံတော်အစိုးရ ရဲ့ဆုံးဖြတ်ချက် အများပြည်သူအကျိုး အတွက် ရည်ရွယ်ချက်၊ နစ်နာကြေးနဲ့ လျော်ကြေးသတ်မှတ်ပေးခြင်းကိစ္စနဲ့ ပွင့် လင်းမြင်သာစွာ ဆောင်ရွက်ပုံတွေကို လေ့လာတင်ပြလိုက်ပါတယ်။

မြေဆိုတာ အမြဲတမ်းချည်နှောင်ထားရှိတဲ့အရာ

မြေဆိုတာ မြေကရရှိတဲ့အကျိုး အမြတ်နဲ့ မြေမှာစွဲကပ်နေတဲ့အရာဝတ်္ထု များ၊ ဒါမှမဟုတ် မြေမှာစွဲကပ်နေတဲ့အရာ များနဲ့ အမြဲတမ်းချည်နှောင်ထားရှိတဲ့ အရာများကို ဆိုလိုပါတယ်။

ဘာကြောင့် မြေကိုသိမ်းယူရတာလဲ

နိုင်ငံတော်အစိုးရအနေနဲ့ အမျိုး အစားများစွာရှိတဲ့ မြေအသုံးချမှုများ အတွက် မြေယာမူဝါဒများကို ချမှတ်ရ ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ကုန် ထုတ်လုပ်ငန်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်း တွေ၊ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြေယာ ဖော်ထုတ်ခွင့်၊ မြေအသုံးချခွင့်တွေကို စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး ခွင့်ပြုရသလို အများပြည်သူအကျိုးအတွက် တစ်စုံတစ်ရာလိုအပ်လာပြီဆိုရင်လည်း ဥပဒေနဲ့အညီ မြေသိမ်းခြင်းကို ဆောင် ရွက်ရတယ်လို့ သိရပါတယ်။

ရည်ရွယ်ချက်ခြင်းမတူညီတဲ့ မြေယာ ဖော်ထုတ်ခြင်းနဲ့ မြေအသုံးချခွင့်ပြုခြင်း

ဒါပေမဲ့ မြေယာဖော်ထုတ်ခြင်း မြေအသုံးချခွင့်ပြုခြင်းဟာ မြေသိမ်းခြင်း နဲ့ ရည်ရွယ်ချက်ခြင်း၊ လုပ်ဆောင်ချက် ခြင်း မတူညီပါဘူး။ ၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေဟာ ယနေ့အထိ တည်ဆဲဥပဒေ တစ်ရပ်ဖြစ်ပါတယ် The Land Acquisition Act ၁၈၉၄ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကျော် ခဲ့ပြီ ဖြစ်ပါတယ်။

မြေကိုရယူလိုတဲ့ ဌာနအဖွဲ့အစည်းက အလိုရှိတိုင်း သိမ်းယူပိုင်ခွင့်မျိုးမဟုတ် ရပါ

မြေသိမ်းခြင်းဆိုတာကတော့ အများပြည်သူအကျိုးအတွက် အလိုရှိတဲ့ မြေကို အပိုးစားနားသတ်မှတ်ပြီး ၀ယ်ယူ ခြင်းမဟုတ်သလို မြေကိုယူလိုတဲ့ဌာန၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့သဘော ဆန္ဒအရ အလိုရှိတဲ့အခါတိုင်း သိမ်းယူ ပိုင်ခွင့်ရှိနေခြင်းလည်း မဟုတ်ပါဘူး။ မြေသိမ်းအက်ဥပဒေအရ ပွင့်လင်းမြင်သာ စွာ မြေသိမ်းခြင်းကိုဆိုလိုကြောင်း သိရ ပါတယ်။

မြေသိမ်းကော်လိတ္တော်အရာရှိဆိုတာ နိုင်ငံတော်ကိုယ်စား ဆောင်ရွက်ရသူပါ

မြေသိမ်းအက်ဥပဒေအရ မြေ သိမ်းခြင်းလုပ်ငန်းကိစ္စအ၀၀တွေကို နိုင်ငံ တော်အစိုးရကိုယ်စား တာဝန်ယူဆောင် ရွက်ရသူဟာ မြေသိမ်းကော်လိတေ်္တ်ာအရာ ရှိဖြစ်ပါတယ်။ မြေသိမ်းကော်လိတ္တော် အရာရှိကို မြေသိမ်းအက်ဥပဒေအရ နိုင်ငံ တော်အစိုးက ခန့်အပ်တာဝန်ပေးရပါ တယ်။ (Collector includes and officer Specially appointed by the Governor to terform the functions of a collector under this Act)

တွေးခေါ်ဆင်ခြင်မှု အသိဉဏ်မြင့်မား သူတစ်ယောက်ဖြစ်ဖို့လို

စင်စစ်အားဖြင့် မြေသိမ်းကော် လိတေ်္တ်ာအရာရှိဆိုတာ မြေသိမ်းအက် ဥပဒေအရ မြေသိမ်းရန်နဲ့ လျော်ကြေးငွေ များ ပေးချေရန် မြေသိမ်းအမှုတစ်မှုချင်း အတွက် သီးခြားခန့်အပ်ခြင်းခံရသူဖြစ် ပါတယ်။ ဒါကြောင့် မြေသိမ်းကော်လိတ္တော်အရာရှိအဖြစ် ဆောင်ရွက်သူဟာ မြေ သိမ်းလုပ်ငန်းတစ်ခုလုံးကို နိုင်ငံတော် အစိုးရကိုယ်စား တာဝန်ခံဆောင်ရွက်ရ သူဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး အတွေ့အကြုံရှိပြီး တွေးခေါ်ဆင်ခြင်မှု အသိဉဏ်မြင့်မားတဲ့ အကြီးအက်အရာ ရှိတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးထံမှာ မြေသိမ်းဆည်း ရန် လျှောက်ထားပါ

မြေသိမ်းတော့မယ်ဆိုရင် မြေသိမ်းဆည်းရန် လျှောက်လွှာကို မြေတည် ရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးထံမှာ တင် သွင်းရပါတယ်။ တကယ်လို့ အလိုရှိတဲ့ မြေဟာ ခရိုင်တစ်ခုထက်ပိုပြီး ပါရှိနေ တယ်ဆိုရင်တော့ သက်ဆိုင်ရာခရိုင် အုပ်ချုပ်ရေးမှူး အသီးသီးထံမှာ သီးခြား လျှောက်လွှာတစ်စောင်စီတင်သွင်းရပါ တယ်။

လျှောက်လွှာမှာ ထည့်သွင်းဖော် ပြရမယ့်အချက်တွေကတော့ မြေသိမ်း ဆည်းရန် နိုင်ငံတော်သမ္မတရဲ့ ကြိုတင် ခွင့်ပြုချက်၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအကြီးအကဲရဲ့ အုပ်ချုပ်မှု ဆိုင်ရာ သဘောတူညီချက်နဲ့ ဘဏ္ဍာရေး ဆိုင်ရာ သဘောတူညီချက်၊ သိမ်းဆည်း မယ့် မြေတည်နေရာ၊ နယ်နိမိတ်၊ မြေ အမျိုးအစား မြေဧရိယာကိုဖော်ပြတဲ့ သက်သေခံမြေပုံနဲ့ မြေရာသိမ်းဆည်းရန် ရည်ရွယ်တဲ့ မြေရဲ့ပိုင်ရှင်အမည်၊ ဒါမှ မဟုတ် အကျိုးခံစားခွင့်ရှိသူများရဲ့အမည် နဲ့ နေရပ်လိပ်စာတွေ မြေကိုအသုံးပြုရန် ရည်ရွယ်ချက်၊ သိမ်းဆည်းရန် ရည်ရွယ် တဲ့မြေရဲ့ ပတ်ဝန်းကျင်မြေပုံနဲ့ အဆောက် အအုံတွေ အကွက်ချပုံစံတို့ လိုအပ်ပါ တယ်။

နိုင်ငံတော်သမ္မတရဲ့ ကြိုတင် ခွင့်ပြုချက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအကြီးအကဲနဲ့ အုပ်ချုပ်မှု ဆိုင်ရာ သဘောတူညီချက်နဲ့ ဘဏ္ဍာရေး ဆိုင်ရာသဘောတူညီချက်၊ သိမ်းဆည်း မယ့် မြေတည်နေရာ၊ နယ်နိမိတ်၊ မြေ အမျိုးအစား၊ မြေဧရိယာကို ဖော်ပြတဲ့ သက်သေခံမြေပုံနဲ့ မြေရာဇ၀င်၊ သိမ်း ဆည်းရန် ရည်ရွယ်တဲ့ မြေရဲ့ ပိုင်ရှင်အမည်၊ ဒါမှမဟုတ် အကျိုးခံစားခွင့်ရှိသူများရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေ၊ မြေကို အသုံးပြုရန် ရည်ရွယ်ချက်၊ သိမ်းဆည်း ရန် ရည်ရွယ်တဲ့မြေရဲ့ ပတ်ဝန်းကျင် မြေပုံ နဲ့ အဆောက်အအုံတွေ၊ အကွက်ချပုံစံ တို့ လိုအပ်ပါတယ်။

လယ်ယာမြေဖြစ်နေမယ်ဆိုရင် တော့ လယ်ယာမြေကို အခြားနည်း အသုံး ပြုဖို့ခွင့်ပြုမိန့်တွေ စတဲ့အချက်အလက် တွေ ပူးတွဲပါရှိရမှာ ဖြစ်ပါတယ်။

မြေသိမ်းအမှုတွဲဖွင့်လှစ်တဲ့အခါ စစ်ဆေးရမယ့် အချက်များ

ခရိုင်အုပ်ချုပ်ရေးမှူအနေနဲ့ လျှောက်လွှာနဲ့အတူပါရှိရမယ့် အချက် အလက်နဲ့ အထောက်အထားတွေ ပြည့်စုံ ပါက အမှုတွဲဖွင့်လှစ်ကာ တာဝန်ရှိသူ တွေနဲ့အတူ မြေသိမ်းရန် အဆိုပြုထား တဲ့ မြေနေရာကိုသွားရောက်ပြီး အမှုတွဲ မှာပါရှိတဲ့ မြေပုံ၊ လားရာအရပ်(၄)ခု၊ နယ်နိမိတ်၊ ကွင်းအမည်နဲ့ ဦးပိုင်တွေ မှန်ကန်မှု ရှိမရှိ စစ်ဆေးပါတယ်။

ရှောင်ရှားရမယ့်မြေ၊ စိစစ်ရမယ့်အချက်

အလိုရှိတဲ့မြေကိုသိမ်းယူတဲ့ နေရာမှာ ဘာသာရေး အဆောက်အအုံ တွေ၊ သင်္ချိုင်းဂူတွေနဲ့ သင်္ချိုင်းမြေတွေ မပါစေရန် ရှောင်ရှားဆောင်ရွက်ရပါ မယ်။ ဒါ့အပြင် မြေသိမ်းရန် ရည်ရွယ် ချက်မှာ အများပြည်သူအကျိုးနဲ့ သက် ဆိုင်ခြင်း ရှိမရှိ၊ အခြားတစ်စုံတစ်ရာ ကန့်ကွက်ချက် ရှိမရှိ စိစစ်ရပါမယ်။ မိမိ ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာ ရေး သားကာ အမှုတွဲကို သက်ဆိုင်ရာနေပြည် တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့ကတစ်ဆင့် နိုင်ငံတော်အစိုးရထံမှာ ဆက်လက်ပေး ပို့ တင်ပြရပါတယ်။

နိုင်ငံတော်အစိုးရက ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးနိုင်

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ တော်အတွင်း မည်သည့်နေရာမှာရှိတဲ့ မြေကိုမဆို အများပြည်သူအတွက် မြေ သိမ်းယူဖို့ လိုအပ်လာပါက နိုင်ငံတော် ပြန်တမ်းမှာ ထည့်သွင်းကြော်ငြာရပါ တယ်။ တာဝန်ပေးခြင်းခံရတဲ့ ကော်လိတ္တော်အရာရှိကလည်း အဲဒီမြေကွက်နဲ့ ပတ်သက်လို့ အကျိုးခံစားခွင့်ရှိတဲ့သူ တစ်ဦးချင်းထံကို ကန့်ကွက်လိုပါက ကန့် ကွက်နိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ရပါမယ်။

သိမ်းယူမယ့် မြေနဲ့ပတ်သက် လို့ အကျိုးသက်ဆိုင်သူတစ်ဦးဟာ အမိန့် ကြော်ငြာစာထုတ်ပြန်ပြီးတဲ့နောက် ရက် ပေါင်း (၃၀)အတွင်း ကန့်ကွက်နိုင်ခွင့်ရှိ ပါတယ်။ ကန့်ကွက်ချက်ဟာ မြေတိုင်း တာခြင်း ဒါမှမဟုတ် မြေဧရိယာနဲ့ သက် ဆိုင်ပါက အဲဒီပြဿနာကို ပြေလည်စေ ဖို့ ကန့်ကွက်သူနဲ့ ကော်လိတ္တော်အရာရှိ တို့ရဲ့ ရှေ့မှောက်မှာ ကျွမ်းကျင်တဲ့ မြေ တိုင်းဝန်ထမ်းကိုခေါ်ပြီး ထပ်မံတိုင်းတာ စေရပါတယ်။ အဲဒီလို အရေးယူမှုလုပ်ပြီးတဲ့ အခါကျမှသာ ကော်လိတ္တော်အရာရှိ အနေနဲ့ မိမိရဲ့ဆောင်ရွက်ချက်များ ပါဝင် တဲ့ အစီရင်ခံစာကို နိုင်ငံတော်အစိုးရထံ မှာ အဆုံးအဖြတ်ခံယူဖို့ အဆင့်ဆင့် ဆက်လက်တင်ပြရပါတယ်။ နိုင်ငံတော် အစိုးရရဲ့ အဆုံးအဖြတ်ကသာ အတည် ဖြစ်ပါတယ်။

နစ်နာကြေးနဲ့လျော်ကြေးသတ်မှတ်ပေး သူ ကော်လိတ္ထော်အရာရှိရဲ့တာဝန်

ကော်လိတ္တော်အရာရှိဟာ သိမ်း ယူဖို့ ရည်ရွယ်တဲ့ မြေနှင့်ပတ်သက်ပြီး မြေရဲ့တန်ဖိုး၊ နစ်နာကြေးနဲ့ လျော်ကြေး တွေကို သတ်မှတ်ပေးရပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ သတိပြုရမယ့် အချက် ကတော့ တင်ပြလာတဲ့ သက်သေခံချက် များအရ နိုင်ငံတော်အစိုးရနဲ့အကျိုးခံစား ခွင့်ရှိသူတို့အကြားမှာ တရားဥပဒေနဲ့အညီ တရားစီရင်ရတဲ့ တရားမတရားသူကြီး တစ်ဦးအနေနဲ့ ဆောင်ရွက်ရခြင်းမဟုတ် ပါ။

၎င်းရဲ့တာဝန်က မြေမှာအကျိုး ခံစားခွင့်ရှိသူအားလုံးရဲ့အကျိုးကို စောင့် ရှောက်ဖို့နဲ့ သိမ်းယူမယ့်မြေရဲ့တန်ဖိုး (Market Value)၊ နှစ်ရှည်ပင်နဲ့ သီးနှံ လျော်ကြေးတွေ၊ ထိခိုက်နစ်နာဆုံးရှုံးမှု တွေ၊ အခြားကုန်ကျစရိတ်တွေနဲ့ အဆောက် အအုံဖျက်သိမ်းပြောင်းရွှေ့စရိတ်အပါ အ၀င် အထွေထွေခေါင်းစဉ်တွေအရ သတ်မှတ်ပေးရမယ်၊ “နစ်နာကြေးနဲ့ လျော် ကြေးငွေပမာဏကို အစွမ်းကုန် သေချာ အောင်ပြုလုပ်ရန်တို့ဖြစ်ပါကြောင်း” လေ့ လာတင်ပြလိုက်ရပါတယ်။ နေ့စဉ်ထုတ်သတင်းစာများမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေများကို သက်ဆိုင်ရာဌာနမှ ပြန်ပေးတဲ့သတင်း များကို မကြာခဏဖတ်ရှုရတဲ့အတွက် မြေသိမ်းအက်ဥပဒေကို အိမ်ခြံမြေနဲ့ မကင်းသူတိုင်း လေ့လာထားသင့်လို့ ယခု လိုရှာဖွေတင်ပြရခြင်းဖြစ်ပါတယ်။

မှီငြမ်း - ၂၁-၃-၂၀၁၈ ရက်စွဲပါ မြန်မာ့ အလင်းသတင်းစာတွင် ကျော်ဝေစည် ၏ “မြေသိမ်းအက်ဥပဒေအရ မြေသိမ်း ခြင်းဆိုသည်မှာ” ဆောင်းပါး

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service