နယူးယောက်မြို့၏ အချမ်းသာဆုံး ဇနီးမောင်နှံက မန်ဟက်တန်ဒေသ upper east side တွင် ကန်ဒေါ်လာ သန်း ၄၀ တန် စံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ဝယ်ယူ

နယူးယောက်မြို့၏ အချမ်းသာဆုံး ဇနီးမောင်နှံက မန်ဟက်တန်ဒေသ upper east side တွင် ကန်ဒေါ်လာ သန်း ၄၀ တန် စံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
29 Aug 2018 12:28 pm တွင် တင်ခဲ့သည်
1395 ကြိမ် ကြည့်ရှု့ပြီး

ဒေးဗစ်ကို့ခ်ျ၏ အမည်အပြည့်အစုံမှာ ဒေးဗစ် ဟမ်မိလ်တန် ကို့ခ်ျဖြစ်ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ ဓာတုအင်ဂျင်နီယာတစ်ဦး ဖြစ်သည်။

၁၉၄၀ ပြည့်နှစ်၊ မေလ ၃ ရက်တွင် မွေးဖွားပြီး မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ရရှိခဲ့သည်။

မိသားစုပိုင် လုပ်ငန်းဖြစ်သော Koch Industries သည် ၁၉၇၀ ပြည့်နှစ်က အမေရိကန်၏ ဒုတိယမြောက်အကြီးမားဆုံးပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ အချက်အလက်များအရ ဒေးဗစ်ကို့ခ်ျသည် ကမ္ဘာပေါ်တွင် ၁၂ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံရပြီး ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅၀ ဒသမ ၇ ဘီလီယံဖြစ်သည်ဟု ခန့်မှန်းထားသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၏ အချမ်းသာဆုံး ဇနီးမောင်နှံက မန်ဟက်တန်ဒေသ upper east side တွင် ကန်ဒေါ်လာ သန်း ၄၀ တန် စံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ဝယ်ယူလိုက်သည်။

ဒေးဗစ်နှင့် ဂျူလီယာကို့ခ်ျတို့ ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကြီးကို ယခုနွေရာသီ အစောပိုင်းက ကြည့်ရှုခဲ့ပြီးနောက် ယခုအခါ ဝယ်ယူဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

အရှေ့ ၇၆ လမ်းရှိ ယင်းစံအိမ်ကို ကို့ခ်ျဇနီးမောင်နှံက အလွန်နှစ်သက်သဘောကျခဲ့ပြီး ကန်ဒေါ်လာ ၄၀ ဒသမ ၂၅ သန်းပေးခဲ့၏။ဈေးကွက်တွင် ဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၅၁ သန်းဖြစ်ရာ အပေးအယူ၊ ညှိနှိုင်းမှုများ ရှိခဲ့ဖွယ်ရာရှိသည်ဟု ခန့်မှန်းရသည်။

ရောင်းချသူမှာ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဂျိုးဇက် ချီထရစ်ထ်ဖြစ်သည်။ဂျိုးဇက်က ၁၉ ရာစုခေတ် နေအိမ်ကြီး ၆ ခုကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ၂၀၀၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မူလစံအိမ်များထက် ၂ ဆခန့်ကျယ်ဝန်းသည့် အဆောက်အအုံ ၃ လုံးအဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့သည်။

အတွင်းပိုင်းများကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း မျက်နှာစာများကိုမူ မူရင်းလက်ရာမပျက် ထားရှိထားသည်။

ကို့ခ်ျဇနီးမောင်နှံဝယ်ယူခဲ့သည်မှာ ယင်းစံအိမ် ၃ လုံးအနက် အကြီးမားဆုံးစံအိမ်ဖြစ်သည်။

ကို့ခ်ျဇနီးမောင်နှံသည် ၁၉၉၆ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး သားသမီး ၃ ဦးထွန်းကားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service