ဒေါ်နယ်ထရမ့်၏ သားမက်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီကို နယူးယောက်အိုးအိမ်ဌာနက ဒေါ်လာ ၂ သိန်းကျော် ဒဏ်ရိုက်

ဒေါ်နယ်ထရမ့်၏ သားမက်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီကို နယူးယောက်အိုးအိမ်ဌာနက ဒေါ်လာ ၂ သိန်းကျော် ဒဏ်ရိုက် - Property News in Myanmar from iMyanmarHouse.com
29 Aug 2018 12:13 pm တွင် တင်ခဲ့သည်
1754 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်ဖြစ်သူ ဂျရက်ဒ် ကွတ်ရှ်နာမိသားစု ပိုင်ဆိုင်သော ဆောက်လုပ်ရေးကုမ္ပဏီကို နယူးယောက် အိုးအိမ်ဌာနက ကန်ဒေါ်လာ ၂ သိန်းကျော် ဒဏ်ငွေချမှတ်လိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဂျရက်ဒ် ကွတ်ရှ်နာ မိသားစုပိုင် Kushner Companies သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား အဆောက်အအုံ ၁၇ လုံးနှင့် စပ်လျဉ်းပြီး ခွင့်ပြုချက်စာရွက်စာတမ်းအမှားများ တင်သွင်းခဲ့ခြင်းကြောင့် ဒဏ်ငွေ ကန်ဒေါ်လာ ၂၁၀၀၀၀ ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဂျရက်ဒ် ကွတ်ရှ်နာသည် မူလက Kushner Companies ကုမ္ပဏီကို ဦးဆောင်ခဲ့ပြီး ယောက္ခမဖြစ်သူ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး ၎င်းမှာလည်း သမ္မတအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရပြီးနောက်တွင် ကုမ္ပဏီမှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

Kushner Companies ကုမ္ပဏီသည် နယူးယောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်မည့် အဆောက်အအုံများ၌ အငှားချထားသည့်အခန်းများရှိနေကြောင်း တင်ပြရန် ပျက်ကွက်ခဲ့မှု ၄၂ ခုရှိခဲ့သည်ဟု ဆိုသည်။

“အိမ်ငှားတွေကို အကာအကွယ်ပေးဖို့ဟာ နယူးယောက်သားအားလုံးအတွက် ဘေးကင်းတဲ့ ဆောက်လုပ်ရေးနယ်ပယ်ဖြစ်ရေး ရည်မှန်းချက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မြေရှင်တွေဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ်နေပါစေ…သူတို့ရဲ့ လျှောက်ထားမှုတွေ စစ်မှန်တိကျဖို့ တာဝန်ယူစေမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အိုးအိမ်ဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အင်ဒရူး ရူဒန်စကီးက ပြောကြားသည်။

ကွတ်ရှ်နာကုမ္ပဏီမှာ ပြောရေးဆိုခွင့်ရ အမျိုးသမီး အင်မလီ ဝုဖ်က ပြောကြားရာတွင် အိမ်ငှားတို့၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်မျိုးမှ ကုမ္ပဏီက လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ငြင်းပယ်ထားသည်။

စာရွက်စာတမ်းများမှာ မိမိတို့ကုမ္ပဏီမှ မဟုတ်သော third party အတိုင်ပင်ခံတို့က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စာရွက်စာတမ်း အလွဲအမှားများပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ ယခုအခါတွင် အချို့အချက်အလက်များကို ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်းလည်း ကွတ်ရှ်နာ ကုမ္ပဏီဘက်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service