စင်္ကာပူနှင့် သြစတြေးလျတို့မှအပ အခြားနိုင်ငံခြားသားများအား နယူးဇီလန်အိမ်ခြံမြေ မကြိုဆို

စင်္ကာပူနှင့် သြစတြေးလျတို့မှအပ အခြားနိုင်ငံခြားသားများအား နယူးဇီလန်အိမ်ခြံမြေ မကြိုဆို - Property News in Myanmar from iMyanmarHouse.com
29 Aug 2018 10:45 am တွင် တင်ခဲ့သည်
1070 ကြိမ် ကြည့်ရှု့ပြီး

နယူးဇီလန်တွင် တစ်ဟုန်ထိုးတက်နေသော အိမ်ဈေးများတည်ငြိမ်စေမည့် အငြင်းပွားဖွယ်အိမ်ခြံမြေဥပဒေတစ်ရပ်ကို ယခုလတတိယသီတင်းပတ်အတွင်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားများ(အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများအပါအဝင်) အိမ်ဝယ်ယူခွင့်ကန့်သတ်ထားသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုပြောင်းလဲပြင်ဆင်ရေးဥပဒေကြမ်းအား အထက်လွှတ်တော်၌ တတိယနှင့် နောက်ဆုံးအကြိမ်ကြားနာမှုသည် ပြီးဆုံးခဲ့ပြီဖြစ်သည်။

နိုင်ငံခြားသားများ (အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများအပါအဝင်)(စင်္ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှအပ) သို့ လူနေအိမ်ခြံမြေရောင်းချမှုများအား ကန့်သတ်သည့် ဥပဒေကို နယူးဇီလန်အစိုးရက သြဂုတ် ၁၅ တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မူဝါဒရေးဆွဲသူများသည် ပြည်ပဈေးကစားသူများနှင့် အားလပ်ရက်အပန်းဖြေရန် အိမ်ဝယ်ယူထားသူများကြောင့်ဟု ယူဆရသော လျင်မြန်စွာမြင့်တက်လာသည့် အိမ်ဈေးများ လျော့ကျစေရန်အလို့ငှာ နိုင်ငံခြားသားများသို့ အိမ်ရောင်းချမှုအား တားမြစ်ရန် ကာလရှည်ကြာအချိန်ယူစဉ်းစားလာကြသည်။

ဈေးပိုပေးသော နိုင်ငံခြားသားဝယ်လက်များကြောင့် နယူးဇီလန်နိုင်ငံသားများ အိမ်မဝယ်ယူနိုင်ခြင်းမျိုး မဖြစ်သင့်ဟု အစိုးရမှ ယုံကြည်ကြောင်း တွဲဖက်ဘဏ္ဍာရေးဝန်ကြီး ဒေးဗစ်ပါကာက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

"လှပတဲ့ ကန်ရေပြင်နံဘေးကဖြစ်ဖြစ် ကမ်းခြေက အိမ်ခြံမြေဖြစ်ဖြစ် ဘယ်လိုအိမ်ခြံမြေအမျိုးအစားပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံက အိမ်ခြံမြေတွေအတွက် ဈေးကွက်ဟာ ပြည်တွင်းအတွက်ပဲ၊ နိုင်ငံတကာအတွက် မဟုတ်ဘူးဆိုတာကို ဒီဥပဒေက သေချာစေလိုက်တာပါ" ဟုလည်း သူက ပြောကြားခဲ့သည်။

နိုင်ငံတကာအတွက် မဟုတ်သော်လည်း သြစတြေးလျနှင့် စင်္ကာပူတို့မှ နိုင်ငံခြားသားများ (အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများအပါအဝင်) တို့ကမူ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်များအရ နယူးဇီလန်ရှိ အိမ်ခြံမြေများကို ဝယ်ယူခွင့်ရှိဆဲဖြစ်သည်။

သို့သော်လည်း စင်္ကာပူဝယ်လက်များ၏ ဝယ်ယူမှုပမာဏ အလွန်များပြားလာသဖြင့် လိုအပ်ပါက နှစ်ဖက်အစိုးရအနေဖြင့် ယင်းများပြားလာရသည့်အကြောင်းရင်းနှင့် ၎င်းအခြေအနေအား မည်သို့ကိုင်တွယ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်ဟူသော အချက်သည် ထိုဥပဒေတွင် ပါရှိကြောင်း သိရသည်။

၎င်းဥပဒေအတည်မပြုမီ နိုင်ငံခြားသားများသို့ ရောင်းချထားခဲ့ပြီးသော အိမ်များမှာမူ ၎င်းဥပဒေတွင် အကျုံးဝင်မည်မဟုတ်ကြောင်းလည်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service