ဈေးကွက်အတွင်းရှိ အဆင့်မြင့်အိမ်ရာများကွန်ဒိုအဖြစ်ပြောင်းလဲလိုပါက မြေပိုင်ရှင်နှင့်ညှိနှိုင်းဆောင်ရွက်ပြီး မှတ်ပုံတင်ရမည်

ဈေးကွက်အတွင်းရှိ အဆင့်မြင့်အိမ်ရာများကွန်ဒိုအဖြစ်ပြောင်းလဲလိုပါက မြေပိုင်ရှင်နှင့်ညှိနှိုင်းဆောင်ရွက်ပြီး မှတ်ပုံတင်ရမည် - Property News in Myanmar from iMyanmarHouse.com
28 Aug 2018 10:33 am တွင် တင်ခဲ့သည်
988 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့၏ ဈေးကွက်အတွင်းရောင်းချပြီးစီးသည့် အဆင့်မြင့်အိမ်ရာများသည် အစိုးရဝန်ကြီးဌာနကသတ်မှတ်ထားသည့်ကန့်သတ်ချက်များပြည့်စုံပါက မူလမြေပိုင်ရှင်မှမှတ်ပုံတင်ပေးမှသာကွန်ဒိုအဖြစ်ပြောင်းလဲနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှဒုတိယညွန်ကြားရေးမှုးဒေါ်မိုးသီတာက ပြောသည်။

"ကွန်ဒိုအဖြစ်မှတ်ပုံတင်မယ်ဆိုရင် စတုရန်းပေနှစ်သောင်းရှိရမယ် ။ခြောက်ထပ်အထက်ရှိရမယ်။ အဲ့နှစ်ချက်ကို အရင်ကြည့်ရမယ်၊ ပြီးကြရင်မြေကိုစွန့်လွှတ်ရမယ်။မူလမြေပိုင်ဆိုင်ထားတဲ့လူက ဒီမြေကြီးကိုအများပိုင်ပါတယ်ဆိုပြီး မှတ်ပုံတင်ပေးဖို့လိုတယ်။ ဒါဆိုရင်အခန်းတွေကိုကွန်ဒိုအဖြစ်လာပြီးစာရင်းသွင်းလို့ရမယ် ။ ကွန်ဒိုဥပဒေအတိုင်းနိုင်ငံခြားသားရောင်းချခွင့်ရမယ်''ဟု ပြောသည်။

လက်ရှိတွင်ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုမှကွန်ဒိုအဖြစ်သတ်မှတ်ရောင်းချသည့်အဆင့်မြင့်တိုက်ခန်းများကိုသာမှတ်ပုံတင်ရမည့်ကိစ္စများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးယခင်အဆင့်မြင့်အိမ်ရာများကိုကွန်ဒိုအဖြစ်မှတ်ပုံတင်မည်ဆိုပါက မြေတန်ဖိုးထပ်မံတောင်းခံမှုများပြုလုပ်ပြီးမှသာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နည်းဥပဒေတွင် နိုင်ငံခြားသား၄၀ရာခိုင်နှုန်းဝယ်ယူခွင့်နှင့် နိုင်ငံသားများမှ၆၀ရာခိုင်နှုန်းဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ ထို့အပြင်အိမ်ရာများဝယ်ယူခြင်းအတွက် နိုင်ငံသားများဝင်ငွေခွန်ကင်းလွှတ်ခွင့်ရရှိမည်ဖြစ်ပြီး အခွန်တံဆိပ်ခေါင်း၎ရာခိုင်နှုန်းဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

ဈေးကွက်ထဲရောက်ရှိပြီးသားကွန်ဒိုတိုက်ခန်းများကို အရောင်းအဝယ်ပြုလုပ်မည့် ကန်ထရိုက်တာများသည်BCC (ဆောက်လုပ်ခွင့်ပါမစ်)ကျပြီးရက်၃၀အတွင်းမှတ်ပုံတင်လွှဲပြောင်းခြင်းပြုလုပ်ရမည်ဖြစ်ပြီး ထပ်မံဆောက်လုပ်မည့်ကွန်ဒိုတိုက်ခန်းများအနေဖြင့် ဆောက်လုပ်သည့်အာမခံဝင်ကို စီမံကိန်းတန်ဖိုး၏ ၁၅ရာခိုင်နှုန်းကိုဌာနကသတ်မှတ်ထားသည့်ဘဏ်တွင်ထည့်သွင်းထားရမည် ဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service