စင်္ကာပူတွင် ရောင်းအားကျဆင်းသော်လည်း အိမ်ခြံမြေလေလံတင်မှု ၂၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်

စင်္ကာပူတွင် ရောင်းအားကျဆင်းသော်လည်း အိမ်ခြံမြေလေလံတင်မှု ၂၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက် - Property News in Myanmar from iMyanmarHouse.com
27 Aug 2018 10:56 am တွင် တင်ခဲ့သည်
1154 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် ယခုနှစ် ပထမခြောက်လအတွင်း အိမ်ခြံမြေရောင်းအားတန်ဖိုး ဒေါ်လာ ၃၉ ဒသမ ၆ သန်းဝန်းကျင်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ပထမခြောက်လတာကာလအောက် ၁၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း လေလံတင်သည့် အိမ်ခြံမြေအရေအတွက် ၄၄၉ ခု ရှိခဲ့ကာ ၂၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည် ဟု Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ကုမ္ပဏီက ထုတ်ပြန်ခဲ့ကြောင်း စင်္ကာပူနိုင်ငံ၏ ရောင်းအားအကောင်းဆုံး နေ့စဉ်ထုတ်အင်္ဂလိပ်သတင်းစာ The Straits Times ၌ ဖော်ပြခဲ့သည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း လေလံတင်ခဲ့သည့် အိမ်ခြံမြေအရေအတွက် မြင့်တက်ခဲ့သော်လည်း အရောင်းအဝယ်တန်ဖိုးသည် တန်ဖိုးကြီးမြေစိုက် အိမ်အရောင်းအဝယ် မရှိခဲ့ခြင်းကြောင့် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေလံတင်ခဲ့သည့် စာရင်းတွင် လူနေအိမ်ခြံမြေက အများဆုံးအဖြစ် ၁၅၇ ခု ပါဝင်ခဲ့ကြောင်း၊ သို့သော်လည်း လူနေအိမ်ခြံမြေ ၁၅၉ ခု လေလံတင်ခဲ့သည့် ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်အောက် အနည်းငယ်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း Knight Frank က ထုတ်ပြန်ခဲ့သည်။

စင်္ကာပူတွင် ယခုနှစ်ပထမနှစ်ဝက်အတွင်း တန်ဖိုးကြီးအိမ်ခြံမြေ ရောင်းထွက်ခြင်း မရှိခဲ့သည့်အလားတူ လေလံပွဲများ၌ ရောင်းချခဲ့ရသည့် လူနေအိမ်ခြံမြေသည်လည်း ဒေါ်လာ ၂ သန်းဖိုးသာ ပျမ်းမျှအားဖြင့် ရှိခဲ့ပြီး ယမန်နှစ်ထိုကာလအောက် ၀ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အိမ်ပိုင်ရှင်များအနေဖြင့် စင်္ကာပူအစိုးရ၏ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေး စည်းမျဉ်းသစ်များကြောင့် ၎င်းတို့၏ အိမ်ခြံမြေများကို ရောင်းထုတ်ရန် အခက်တွေ့နေကြသည်ဖြစ်ရာ Knight Frank က ယခုနှစ်၏ ကျန်ဒုတိယနှစ်ဝက်တွင် လေလံစာရင်း၌ လူနေအိမ်ခြံမြေများ ပိုမိုပါဝင်လာရန် မျှော်လင့်နေသည်။

အငှားဈေးကွက်က အနည်းငယ်တိုးတက်ကောင်းမွန်လာပြီး အတိုးနှုန်းက တရိပ်ရိပ်မြင့်တက်လာသော်လည်း အိမ်ချေးငွေထုတ်ပေးသည့် ငွေကြေးအဖွဲ့အစည်းများ၏ အိမ်ချေးငွေထုတ်ပေးရမှုအရေအတွက်သည် ဆက်လက်တည်ငြိမ်နေဖွယ်ရှိကြောင်း Knight Frank က ခန့်မှန်းခဲ့သည်။

စင်္ကာပူအစိုးရက အိမ်ခြံမြေထပ်ဆောင်းဝယ်ယူသူများအတွက် တံဆိပ်ခေါင်းခွန်အား တိုးမြှင့်ခြင်းနှင့် လူနေအိမ်ခြံမြေဝယ်ယူမှုအတွက် ချေးငွေခွင့်ပြုမှုပမာဏအား တင်းကျပ်ခြင်းတို့အား ဇူလိုင် ၅ တွင် ကြေညာခဲ့သည်။

ထိုသို့ စည်းမျဉ်းတင်းကျပ်ချမှတ်ထားသည့်တိုင် Knight Frank က ဝယ်လက်များအနေဖြင့် ဈေးနှုန်းအား ပို၍ပင် ပိုမိုသတိထားရွေးချယ်ဝယ်ယူလာနိုင်ကြောင်းလည်း ခန့်မှန်းခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service