အထွေထွေကိုယ်စားလှယ်စာ GP ဖြင့် ရောင်းချလျှင်...

အထွေထွေကိုယ်စားလှယ်စာ GP ဖြင့် ရောင်းချလျှင်... - Property Knowledge in Myanmar from iMyanmarHouse.com
24 Aug 2018 12:53 pm တွင် တင်ခဲ့သည်
2228 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အထွေထွေကိုယ်စားလှယ်စာဖြင့် ရောင်းချခြင်းဖြစ်လျှင် အထူးသတိပြုစဉ်းစား ၍စုံစမ်းမေးမြန်းမှုပြုလုပ်ပြီး နောက်မှ ၀ယ်ယူသင့်ပေသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်၏ လွှဲအပ်ချက်အရကိုယ်စားလှယ်အနေဖြင့် အချင်းဖြစ်အိမ်မြေတို့ကိုရောင်းချပေးခြင်းဖြစ်သည်ဆိုလျှင် အထွေထွေကိုယ်စားလှယ်စာတင်ပြရုံဖြင့်မလုံ လောက်ပေ။ အထွေထွေကိုယ်စားလှယ်စာမှာလုပ်ပိုင်​ခွင့်​ကျယ်ဝန်းသဖြင့် လုပ်ဆောင်ချက်တိုင်း အတွက် ကိုယ်စားလှယ်လွှဲ အပ်ချက်နှင့် လိုက်လျောညီ ထွေရှိသည့် အခြားအထောက်အထားများ မလွဲမသွေတင်ပြရန် လိုပေသည်။

ယုတ်စွအဆုံးကိုယ်စားလှယ်က ရောင်းဖိုးငွေပေးအပ်၍ ပိုင်ရှင်ကလက်ခံရရှိကြောင်း သက်သေထင်ရှားပြသရန် လိုမည်ဖြစ်သည်။ပိုင်ရှင်ကိုယ်စားအထွေထွေကိုယ်စားလှယ်စာ ရသူက ရောင်းချကြောင်း အချင်းဖြစ်ပစ္စည်း တန်ဖိုး ပေးချေသည့် ငွေကို ၀ယ်သူထံမှ ပိုင်ရှင်က လက်ခံ ရရှိကြောင်း တိကျစွာ သက်သေ ထင်ရှားပြသနိုင်ခြင်း မရှိလျှင် အချင်းဖြစ်အိမ်နှင့် မြေကို ရောင်းချသည်ဆိုသည့်အချက်မှာ ခိုင်လုံသည်ဟုမဆိုနိုင်ကြောင်း ဒေါ်ခတီဇာဘီ (၄င်း၏ အထွေထွေ ကိုယ်စား လှယ် စာရသူ ဒေါ်စိန်စိန်တင်)နှင့်ဒေါ်ခင်ခင်မြင့်ပါ -၂ ၊၂၀၀၁ - ခုနှစ် ၊ တရားမပထမအယူခံမှုအမှတ်- ၃၄ (ရန်ကုန်) (၂၈ . ၆ . ၂၀၀၁ )တွင်ဆုံး ဖြတ်ထားပါသည်။

ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်သည် ၄င်းအား ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန် လွှဲအပ်ထားသည့် ဘောင်အတွင်း ကျရောက်ပါက ထိုသို့ပြုလုပ်မှုသည် အကြီးအကဲ ကိုယ်စား လှယ် လွှဲအပ်ခဲ့သူတွင် တာဝန်ရှိသည်။

သို့သော် ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၂၅တွင် အောက်ပါအတိုင်ပြဌာန်းထားသည်။ ကိုယ်စားလှယ်သည် မိမိအား ကိုယ်စားလှယ်လွှဲသူ၏ သဘောတူညီချက်ကို ဦးစွာ ရယူခြင်း မပြုပဲ၊ထို့အပြင်​လုပ်​ငန်းနှင့် စပ်လျဉ်း၍ ကိုယ်တိုင် သိရသော အရေးပါသည့် အကြောင်းအရာအရပ်ရပ်ကို ထိုသူအား အသိမပေးဘဲ ကိုယ်စားလှယ်လုပ်ငန်းကို မိမိပိုင်အဖြစ်ဖြင့်စီမံခန့်ခွဲလျှင်ကိုယ်စားလှယ်သည်အ​ရေးပါသောအကြောင်းအရာ တစ်ခုခုကို မိမိ မသိအောင် မရိုး မဖြောင့် သော သဘောဖြင့် ထိန်ချန် ကြောင်းဖြစ်စေ ၊ ကိုယ်စားလှယ် ၏ စီမံခန့်ခွဲချက်များသည် မိမိအား အကျိုးမဲ့စေကြောင်းဖြစ်စေပေါ်ပေါက်လာပါက ကိုယ်စား လှယ်လွှဲသူသည်ထိုအမှုကိစ္စကို ငြင်းနိုင်သည်ဟုဖော်ပြထားပါသည်။

ထို့ကြောင့် ပစ္စည်းများဝယ်ယူရာတွင်အထွေထွေကိုယ်စားလှယ် စာဖြင့် ရောင်းချခြင်း ဖြစ်ပါက လွှဲအပ် ပေးသူသည် ထိုကိစ္စအတွက်လွှဲအပ်ပေးခြင်းဟုတ်မဟုတ် နှင့် ထိုကိစ္စအား လွှဲအပ်ပေးသူမှသိမသိ စုံစမ်းမေးမြန်းမှုပြုလုပ်ပြီးမှ ၀ယ်ယူသင့်ပါသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP ဖြစ်ပါက ကိစ္စရပ်တစ်ခုအတွက်သာလွှဲအပ်ခဲ့ခြင်းဖြစ်၍ ထိုကဲ့သို့ အငြင်းပွားရန် မလိုဟု သုံးသပ်ရရှိပါသည်။

 

Credit: ဥပဒေအကျိုးဆောင် LL.B Group Myanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service