တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ကန်ဒေါ်လာ ၂၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းများကို မလေးရှားအစိုးရ ဖျက်သိမ်း

တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ကန်ဒေါ်လာ ၂၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းများကို မလေးရှားအစိုးရ ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
24 Aug 2018 11:53 am တွင် တင်ခဲ့သည်
1739 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ကန်ဒေါ်လာ ၂၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းများကို မလေးရှားအစိုးရ ဖျက်သိမ်းမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ သို့ အလည်အပတ်သွားရောက်စဉ် ပြောကြားလိုက်သည်။

မလေးရှားသည် အကြွေးနွံနစ်နေခြင်းကြောင့် ယခုစီမံကိန်းများအတွက် ပေးချေရန် မတတ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း မဟာသီယာက ပြောကြားခဲ့သည်ဟု ဆိုသည်။

ယင်းစီမံကိန်းများတွင် မလေးရှားအရှေ့ ဘက်ကမ်းရိုးတန်းမှ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ကွာလာလမ်ပူအထိ ဆက်သွယ်မည့် ရထားလမ်းတစ်ခုနှင့် ဓာတ်ငွေ့ပိုက်လိုက်း ၂ ခုတို့လည်း ပါဝင်သည်။

“အရှေ့ ဘက်ကမ်းရိုးတန်း ရထားလမ်း ECRL ကို ဘာကြောင့် အကောင်အထည်မဖော်နိုင်တော့ဘူးလဲဆိုတာ တရုတ်ခေါင်းဆောင်တွေကို ကျွန်တော်ရှင်းပြခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ တတ်နိုင်မယ့်အချိန်အထိ ဒါကို ရပ်တန့်ထားမှာပါ ” ဟု ပေကျင်းသို့ ရောက်ရှိသည့် ပထမနေ့တွင် မဟာသီယာက သတင်းထောက်များကို ပြောကြားသည်။

“ဒါက ငွေတွေအများကြီးချေးရမှာပါ။ ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ ပြန်ပြီး မဆပ်နိုင်ပါဘူး။ ပြီးတော့လည်း လက်ရှိအချိန် မလေးရှားမှာ ဒီလိုစီမံကိန်းတွေ မလိုအပ်သေးပါဘူး။ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အခုပြဿနာက ဘဏ္ဍာရေးလိုငွေပြနေမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ပြဿနာပါ” ဝန်ကြီးချုပ် မဟာသီယာက မလေးရှား၏ ပြည်ပကြွေးမြီကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအားဖြင့် ကန်ဒေါ်လာ ၂၅၀ ဘီလီယံခန့် အကြွေးတင်နေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် လူကန်က ပြောကြားရာတွင် “ကျွန်တော်တို့ အနေနဲ့ နှစ်နိုင်ငံကြားက ရေရှည်ဆက်ဆံရေးကို ကြည့်ပါတယ်။ ဒီအကြောင်းရပ်ကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းသွားမှာပါ” ဟု ပြောကြားသည်။

တရုတ်ဝန်ကြီးချုပ် လီကီကျင်းနှင့် တွေ့ဆုံပြီးနောက် မဟာသီယာက ပြောကြားရာတွင် တရုတ်နိုင်ငံသည် မလေးရှား၏ ဘဏ္ဍာရေးပြဿနာကို ကူညီဖြေရှင်းပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ကန်ဒေါ်လာ ၂၀ ဘီလီယံတန်ကြေးရှိ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံ၏ အကြီးမားဆုံး အင်ဂျင်နီယာကုမ္ပဏီကြီးတစ်ခုဖြစ်သော China Communications Construction Company (CCCC) သို့ ချထားပေးခဲ့ခြင်းဖြစ်သည်။

တရုတ်သွင်းကုန်-ထုတ်ကုန်ဘဏ်၏ ချေးငွေဖြင့် အဓိကဘဏ္ဍာရေးပံ့ပိုးရန် ရည်မှန်းခဲ့ခြင်း ဖြစ်သည်။

မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သော ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ရာတွင် ရင်းဂစ် ၉ ဒသမ ၄ ဘီလီယံ( ကန်ဒေါ်လာ ၂ ဒသမ ၃၂ ဘီလီယံ) တန်ကြေးရှိ ဓာတ်ငွေ့ပိုက်လိုင်း ၂ ခု၏ ၈၈ ရာခိုင်နှုန်းကို တရုတ်ကန်ထရိုက်တာသို့ ပေးခဲ့ပြီးဖြစ်သော်လည်း စီမံကိန်းမံမှာမူ ၁၃ ရာခိုင်နှုန်းသာပြီးစီးသေးကြောင်း ထုတ်ပြန်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ကန်ဒေါ်လာ ၂၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းများကို မလေးရှားအစိုးရ ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ကန်ဒေါ်လာ ၂၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းများကို မလေးရှားအစိုးရ ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ကန်ဒေါ်လာ ၂၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းများကို မလေးရှားအစိုးရ ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service