အဆောက်အအုံဆောက်လုပ်ရန် ကမ္ဘာ့အဆင့်နှင့် အာရှအဆင့် ဈေးအကြီးဆုံးမြို့များ

အဆောက်အအုံဆောက်လုပ်ရန် ကမ္ဘာ့အဆင့်နှင့် အာရှအဆင့် ဈေးအကြီးဆုံးမြို့များ - Property News in Myanmar from iMyanmarHouse.com
24 Aug 2018 10:37 am တွင် တင်ခဲ့သည်
1416 ကြိမ် ကြည့်ရှု့ပြီး

ယူကေအခြေစိုက် အိမ်ခြံမြေ၊ အခြေခံအဆောက်အအုံနှင့် သဘာဝသယံဇာတရေးရာ အတိုင်ပင်ခံဝန်ဆောင်မှုကုမ္ပဏီ Turner & Townsend ၏ ယခုနောက်ဆုံး ထွက်ရှိလာခဲ့သော ၂၀၁၈ ခုနှစ် နိုင်ငံတကာဆောက်လုပ်မှုဈေးကွက်စစ်တမ်း၌ ဟောင်ကောင်က ကမ္ဘာ့အဆင့်တွင် တတိယဈေးအကြီးဆုံးမြို့နှင့် အာရှအဆင့်တွင် ဈေးအကြီးဆုံးမြို့အဖြစ် ဖော်ပြခံခဲ့ရကြောင်း သိရသည်။

သြဂုတ် ၃ တွင် ထုတ်ပြန်ခဲ့သည့် ၎င်းစစ်တမ်းအား ကမ္ဘာ့ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေအနေနှင့် လားရာတို့ကို သိမြင်နိုင်ကြစေရန် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိ ကမ္ဘာ့ဈေးကွက် ၄၆ ခု၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ အထိ ဈေးကွက်အချက်အလက်များကို စစ်တမ်းကောက်ယူစုဆောင်း၍ တွက်ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်နှစ်စစ်တမ်းများတွင် ၄၃ မြို့ကိုသာ လေ့လာခဲ့ရာမှ ယခုနှစ်စစ်တမ်း၌ ဟိုချီမင်းစီးတီး၊ ဂျကာတာနှင့် ရှန်ဟိုင်းတို့အား ထပ်တိုးလေ့လာခဲ့သည်ကို တွေ့ရသည်။

အထပ်မြင့်တိုက်ခန်း၊ ရုံးခန်းအဆောက်အအုံတွဲ၊ ကုန်လှောင်ရုံ၊ ဆေးရုံ၊ မူလတန်းနှင့် အလယ်တန်းကျောင်းနှင့် ရှော့ပင်းမောလ်နှင့် ဈေးဝယ်စင်တာ စသည့် မတူညီသော အဆောက်အအုံအမျိုးအစားခြောက်မျိုးအတွက် အမေရိကန်ဒေါ်လာဖြင့် ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ်တို့ကို လေ့လာချင့်တွက်ကာ ဆောက်လုပ်ရန် ဈေးအကြီးဆုံးနေရာကို ဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နယူးယောက်တွင် ၂၀၁၇ ခုနှစ်အတွင်း ဆောက်လုပ်ရေးစရိတ်ကျဆင်းခဲ့သော်လည်း ဆောက်လုပ်ရန် ကမ္ဘာ့ဈေးအကြီးဆုံးနေရာကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ (ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် - ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၉၀၀)

နည်းပညာကဏ္ဍတွင် ဖွံ့ဖြိုးမှုမြန်နှုန်းမြင့်မှုကြောင့် ကြွယ်ဝချမ်းသာမှုနှင့် ဝယ်လိုအားကောင်းသည့် ဆန်ဖရန်စစ္စကိုက နယူးယောက်ပြီးနောက် ဒုတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။ (ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် - ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၇၃၆ ဒသမ ၇)

ဟောင်ကောင်က ဇူးရစ်ခ်ျကို ကျော်ပြီး တတိယနေရာကို တက်လှမ်းလာခဲ့သည်။ (ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် -၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၇၀၃ ဒသမ ၉) ဟောင်ကောင်တွင် ဆောက်လုပ်မှုကုန်ကျစရိတ်များ ထပ်မံမြင့်တက်မည်ဟု Turner & Townsend က ခန့်မှန်းထားသည်။

ဆောက်လုပ်ရန် ကမ္ဘာ့ဈေးအကြီးဆုံး (၅) မြို့တွင် နံပါတ် ၄ နေရာနှင့် ၅နေရာတို့ကို ဇူးရစ်ခ်ျနှင့် လန်ဒန်တို့က ပျမ်းမျှဆောက်လုပ်မှုကုန်ကျစရိတ် -၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၆၅၂ ဒေါ်လာနှင့် ၃၆၁၇ ဒသမ ၇ ဒေါ်လာတို့ဖြင့် အသီးသီးရရှိခဲ့ကြသည်။

ယင်း၂၀၁၈ ခုနှစ် နိုင်ငံတကာဆောက်လုပ်မှုဈေးကွက်စစ်တမ်းတွင် ဖော်ပြချက်အရ အာရှ၌ ဆောက်လုပ်ရန် ဈေးအကြီးဆုံး ၁၀ နေရာမှာ -

၁။ ဟောင်ကောင် (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၇၀၃ ဒသမ ၉) ၂။ တိုကျို (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၅၆၀ ဒသမ ၁) ၃။ စင်္ကာပူ (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၁၃၇) ၄။ ဆိုးလ် (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၆၆၂ ဒသမ ၂) ၅။ ကွာလာလမ်ပူ (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀၃၄ ဒသမ ၅) ၆။ ဂျကာတာ (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၈၈၈ ဒသမ ၉) ၇။ ရှန်ဟိုင်း (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၈၀၇ ဒသမ ၃) ၈။ ပေကျင်း (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၈၀၄ ဒသမ ၇) ၉။ ဟိုချီမင်းစီးတီး (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၇၇၅ ဒသမ ၈) ၁၀။ ဘန်ဂလိုး (၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၃၈ ဒသမ ၅) တို့ဖြစ်ကြောင်း သိရပါသည်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

အဆောက်အအုံဆောက်လုပ်ရန် ကမ္ဘာ့အဆင့်နှင့် အာရှအဆင့် ဈေးအကြီးဆုံးမြို့များ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service