တိုင်းဒေသကြီးအိမ်ရာ တစ်ကြိမ်တည်း ငွေအကျေသွင်းပါက (၃)ရာခိုင်နှုန်း လျှော့ပေးမည်

တိုင်းဒေသကြီးအိမ်ရာ တစ်ကြိမ်တည်း ငွေအကျေသွင်းပါက (၃)ရာခိုင်နှုန်း လျှော့ပေးမည် - Property News in Myanmar from iMyanmarHouse.com
23 Aug 2018 12:15 pm တွင် တင်ခဲ့သည်
1883 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်း ရောင်းချရေး ကြီးကြပ်မှုကော်မတီက ရောင်းချတဲ့ အိမ်ရာဝယ်ယူခွင့် ရရှိသူတွေအနေနဲ့ ဒုတိယအုပ်စု ဝယ်ယူခွင့်ရရှိထားတဲ့ တန်ဖိုးသင့်အိမ်ခန်းတွေကို တစ်ကြိမ်တည်း ငွေအကျေပေးသွင်းပါက အိမ်ခန်းတန်ဖိုးရဲ့ (၃)ရာခိုင်နှုန်း လျှော့ပေးမှာဖြစ်ကြောင်း အိမ်ရာစီမံကန်း ရောင်းချကြီးကြပ်ရေးကော်မတီက သိရပါတယ်။

 

တိုက်ခန်းတွေကို ရှေးဦးစွာ စစ်ဆေးပြီး တိုက်ခန်းရယူမယ်ဆိုပါက မှတ်ပုံတင်မူရင်းနဲ့အတူ လူကိုယ်တိုင် အိမ်ခန်းဝယ်ယူငွေပေးသွင်းမှာဖြစ်ကြောင်း ဝန်ခံကတိပြုလွှာမှာ လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ဝယ်ယူခွင်ရရှိသူတွေဟာ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို လာရောက်ဆက်သွယ်ပြီး ငွေပေးသွင်းမဲ့စနစ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

 

ဝယ်ယူတဲ့အခါမှာ ငွေအကျေပေးသွင်းနိုင်သလို ဒါမှမဟုတ် ဘဏ်ချေးငွေနဲ့ ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။ ငွေအကျေပေးသွင်မယ့်သူတွေက အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲကို ဆက်သွယ်ပြီး ငွေသွင်းချလန်ထုတ်ယူပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ အမှတ်(၁)မှာ ငွေသွားရောက်ပေးသွင်းရမှာ ဖြစ်ပါတယ်။ အိမ်ခန်းတန်ဖိုးငွေအကျေပေးသွင်းပြီးပါက အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက အိမ်ပေါ်တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ရရှိပါက သက်ဆိုင်ရာ အိမ်ခန်းသော့တွေကို အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဘဏ်ချေးငွေနဲ့ချိတ်ဆက်ဝယ်ယူမယ့်သူတွေက ပူးတွဲဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာချေးငွေ လျှောက်ထားရေးလုပ်ငန်းစဉ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

အိမ်ခန်းဝယ်ယူခွင့်ရရှိသူက ကိုယ်တိုင်နေထိုင်ရမှာဖြစ်ပြီး (၅)နှစ်အတွင်း ချေးငွေနဲ့ဆောင်ရွက်တဲ့ အခန်းဖြစ်ရင် ငွေမကျေမချင်း တစ်ဆင့်ငှား၊ လွှဲပြောင်းရောင်းချခြင်းတွေ မပြုလုပ်ဖို့၊ ဝယ်ယူသူတွေဟာ အိမ်ခန်းဝယ်ယူတဲ့နေ့ကစပြီး သက်ဆိုင်ရာ အိမ်ရာစီမံခန့်ခွဲရေးကော်မတီက သတ်မှတ်ထားတဲ့ ရန်ပုံငွေနဲ့ အခွန်အခတွေကို ပေသွင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတစ်ခုခုကို ဖောက်ဖျက်ရင် အိမ်ခန်းကို ပြန်သိမ်းယူမှာဖြစ်ပြီး အမည်ပျက်စာရင်း (black list) သတ်မှတ်ကာ အိမ်ခန်းတန်ဖိုး (၁၀)ရာခိုင်နှုန်းကို ဒဏ်ကြေးခုနှိမ်ပြီး ကျန်ငွေကို ထုတ်ပေးမှာဖြစ်ပါသည်။ အမည်ပျက်စာရင်း black list သတ်မှတ်ခံရရင် ထပ်ပြီး အိမ်ခန်းလျှောက်ထားခြင်းကို လက်ခံမှာ မဟုတ်ကြောင်း အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီက သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီက ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ တိုက်ခန်းငွေ ပေးသွင်းနိုင်ရေးနဲ့ အချက်အလက်တွေကို စိစစ်ဆောင်ရွက်ရန်အတွက် (၂၁-၈-၂၀၁၈)ရက်နေ့အထိ ရုံးချိန်အတွင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဒုတိယထပ်ခန်းမကို အထောက်အထား စာရွက်စာတမ်းမူရင်းတွေနဲ့ လာရောက်ဆက်သွယ်ဖို့ အသိပေးထားပါတယ်။

 

သတ်မှတ်ရက်အတွင်း လာရောက်ခြင်း မရှိသူတွေကို တိုက်ခန်းဝယ်ယူခွင့်စာရင်းက ပယ်ဖျက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service