ဤအာဆီယံလေးနိုင်ငံက ၂၀၃၀ ပြည့်နှစ်မကုန်မီ အာရှ၏ ထရီလျံဒေါ်လာ ဂျီဒီပီများ ဖြစ်လာမည်

ဤအာဆီယံလေးနိုင်ငံက ၂၀၃၀ ပြည့်နှစ်မကုန်မီ အာရှ၏ ထရီလျံဒေါ်လာ ဂျီဒီပီများ ဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
23 Aug 2018 11:15 am တွင် တင်ခဲ့သည်
4150 ကြိမ် ကြည့်ရှု့ပြီး

အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းစသည့် အာဆီယံနိုင်ငံ (၄) နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်မကုန်မီ အာရှ၏ ထရီလျံဒေါ်လာစီးပွားရေးများ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားကမူ ယမန်နှစ်ကပင် အမေရိကန်ဒေါ်လာ ၁ ထရီလျံ ဂျီဒီပီသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

အရှေ့တောင်အာရှသည် ၂၀၃၀ ပြည့်နှစ်မကုန်မီ ဂျီဒီပီ အမေရိကန်ဒေါ်လာ ၁ ထရီလျံကျော်သော အာရှနိုင်ငံများအဖွဲ့အဆင့်သို့ တက်လှမ်းရောက်ရှိရန် ခန့်မှန်းခံထားရသည့် ၎င်းအာဆီယံလေးနိုင်ငံကြောင့် ကမ္ဘာ့ဖွံ့ဖြိုးမှုအလျင်မြန်ဆုံးဒေသတစ်ခု ဖြစ်လာမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်မကုန်မီ ထိုအာဆီယံလေးနိုင်ငံ၏ စီးပွားရေးသည် ဂျပန်စီးပွားရေးကို မှေးမှိန်သွားစေနိုင်ပြီး အီးယူ၊ အမေရိကန်နှင့် တရုတ်တို့ပြီးလျှင် စတုတ္ထမြောက်အကြီးဆုံး ဈေးကွက်ဖြစ်လာမည်ဟု ခန့်မှန်းခံထားရခြင်း ဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း အရှေ့တောင်အာရှ၏ လူလတ်တန်းစားပမာဏသည် ၂၀၁၀ ပြည့်နှစ်တွင် ယင်းဒေသရှိ စုစုပေါင်းလူဦးရေ၏ ၂၄ ရာခိုင်နှုန်းမှ ၂၀၃၀ ပြည့်နှစ်တွင် ၆၅ ရာခိုင်နှုန်းသို့ မြင့်တက်မည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုဟူသော ဖွံ့ဖြိုးမှုအားကောင်းသည့် ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံများသည် ဆက်လက်လျင်မြန်စွာ ဖွံ့ဖြိုးရန် ခန့်မှန်းခံထား ကြရသည်။ ၎င်းတို့အနက် ဗီယက်နမ်သည် အီလက်ထရောနစ်နှင့်အဝတ်အထည်ဆိုင်ရာ စက်မှုဖွံ့ဖြိုးမှု တင်ပို့ကုန်များ ကုန်ထုတ်လုပ်မှုတွင် လျင်မြန်သော ဖွံ့ဖြိုးမှု ကြောင့် ၂၀၃၀ ပြည့်နှစ်မကုန်မီ တစ်နှစ်လျှင် ၆ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်နှုန်းဖြင့် ဖွံ့ဖြိုးမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ ခန့်မှန်းချက်များအား နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၁၆ ခုနှစ် အချက်အလက်များကို အခြေခံ၍ တွက်ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service