ဒေါပုံတံတားသစ် ဩဂုတ် ၂၅ ရက် ဖွင့်မည်

ဒေါပုံတံတားသစ် ဩဂုတ် ၂၅ ရက် ဖွင့်မည် - Property News in Myanmar from iMyanmarHouse.com
23 Aug 2018 10:51 am တွင် တင်ခဲ့သည်
15375 ကြိမ် ကြည့်ရှု့ပြီး

ဒေါပုံနှင့်မင်္ဂလာတောင်ညွန့်မြို့နယ်တို့ကို ဆက်သွယ်ကာ ဂျပန်နိုင်ငံ နည်းပညာဖြင့် တည်ဆောက်ထားသော ဒေါပုံတံတားကို ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါပုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်မှ သိရသည်။

အဆိုပါ ဒေါပုံတံတားသစ် ဖွင့်လှစ်ရာတွင် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် ဖွင့်ပွဲအစမ်းလေ့ကျင့်စဉ် အချိန်အတွင်း ယမုံနာလမ်းမကြီး မဟာဗန္ဓုလ တံတားထိပ်မှစ၍ ဒေါပုံတံတားထိပ်ထိ ယာဉ်ကြော ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဖွင့်ပွဲကျင်းပမည့် ဩဂုတ်လ ၂၅ ရက်၊ နံနက် ၆ နာရီခွဲမှ နံနက် ၁၀ နာရီအထိ ယမုံနာလမ်းမကြီး မဟာဗန္ဓုလတံတား ထိပ်မှစ၍ ပုဇွန်တောင်ဈေး၊ မင်္ဂလာဈေးနှင့် စက်ဆန်း အသွားအပြန် ယာဉ်ကြောများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

“ဩဂုတ် ၂၄ ရက်နေ့၊ ည ၇ နာရီမှာ ဒေါပုံမြို့နယ်ပြည်သူတွေက ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ လုပ်မယ်။ ဖွင့်ပွဲကို ၂၅ ရက်နေ့ မနက် ၈ နာရီစဖွင့်မယ်။ ဖွင့်ပွဲက ဒေါပုံဘက်ခြမ်းမှာပဲ လုပ်သွားမယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်က ဆိုသည်။

ဒေါပုံတံတားသစ်ကို ဇွန်လ ၁၀ ရက် မနက် ၇ နာရီက စတင်ပြီး ယာယီဖွင့်လှစ်ခဲ့ပြီး ယာဉ်များသွားလာရ လွယ်ကူရန် လေးလမ်းသွားတံတားကို အသွားအပြန် တစ်လမ်းစီ ယာယီဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ဖွင့်ပွဲနေ့မှစတင်ကာ ယာဉ်သွားလမ်း လေးလမ်းစလုံး ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တံတားသစ်ဖွင့်လှစ်သည့်အတွက် ယင်းတံတားဘေးတွင် ၁၉၆၇ ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့သည့် နှစ်ပေါင်း ၅၀ သက်တမ်းရှိ သာကေတတံတားဟောင်းမှာ ခံနိုင်ရည်ကျဆင်းလာသည့်အတွက် ဇူလိုင်လ ၁၀ ရက်က ပိတ်သိမ်းခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တံတား၏ ယာဉ်ခံနိုင်ဝန်အားက ၄၅ တန်မှ တန် ၆၀ အထိ ဖြတ်သန်းနိုင်မှာဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်ကာ ကားလမ်းဘေးတွင် တစ်ဖက်လျှင် နှစ်မီတာအကျယ်အဝန်းရှိ လူသွားလမ်း ပလက်ဖောင်းအသွား၊ အပြန်ပါရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနထံမှ သိရသည်။

ဒေါပုံတံတားသစ်ကို ယန်းငွေ ၄၂၁၆ သန်းသုံး၍ ဂျပန်နိုင်ငံ၏ အကူအညီ အထောက်အပံ့ငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် တံတားအရှည်မှာ ပေ ၈၃၀ (၂၅၃ မီတာ) ရှိပြီး ၂၁ ဒသမ ၅ မီတာကျယ်ကာ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ်ကြိုးဆိုင်းတံတား (Cable Stayed Extra - Dosed Bridge) အမျိုးအစားဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service