ဒေါ်လာဂယက်ကြောင့် လှုပ်ခတ်ခဲ့တဲ့ မြန်မာ့စီးပွားရေး

ဒေါ်လာဂယက်ကြောင့် လှုပ်ခတ်ခဲ့တဲ့ မြန်မာ့စီးပွားရေး - Property News in Myanmar from iMyanmarHouse.com
23 Aug 2018 10:28 am တွင် တင်ခဲ့သည်
2486 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်နှင့် တရုတ်ကုန်သွယ် ရေးစစ်ပွဲနှင့်အတူ အမေရိကန် ဒေါ်လာတန်ဖိုးကနိုင်ငံတကာငွေ ကြေးဈေးကွက်တွင်ခေါင်းထောင် လာချိန်၌ ကျပ်ငွေတန်ဖိုးကျဆင်း လာသည့် အခြေအနေကို လူဦးရေ ၅၃ သန်းကျော် ကြုံတွေ့ရသည်။

အမေရိကန် ဒေါ်လာ၏ တိုက်စစ်ဆင်အလဲထိုးခြင်းကို မြန်မာကျပ်ငွေက အလူးအလဲခံစားရ ပြီး သြဂုတ် ၁၆ ရက်တွင် တစ် ဒေါ်လာလျှင် ၁,၅၇၅ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ယင်း အခြေအနေမျိုး ကြုံတွေ့ရပြီး နောက် ဗဟိုဘဏ်က မြန်မာကျပ် ငွေတန်ဖိုးတက်ရန် အားယူပြင် ဆင်မှုများ စတင်မြင်တွေ့ရသည်။ ဗဟိုဘဏ်၏ဒေါ်လာထုတ် ရောင်းမှု သန်း ၁၀၀ မှ ၂၀၀ အကြားအထိ ပမာဏများသော ဒေါ်လာများထုတ်ချေးမည့် အစီ အစဉ်များက ကျပ်ငွေပြန်လည် ခေါင်းထောင်လာရန် တွန်းအား တစ်ခုဖြစ်လာသည်။

နာမကျန်းဖြစ်နေသော မြန် မာ့စီးပွားရေးကို အမေရိကန်ဒေါ် လာ၏စိန်ခေါ်လာမှုက စီးပွားရေး လောကအတွက် အကျပ်အတည်း ဖြစ်လာသကဲ့သို့ရေရှည်ကုစားနိုင် မည့်အဖြေကလည်း ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ဖြစ်နေကြောင်း စီး ပွားရေးလုပ်ငန်းရှင်များက သုံး သပ်သည်။

နိုင်ငံခြားအရန်ငွေအားနည်း သော နိုင်ငံတွင် ဗဟိုဘဏ်၏ရေ တိုကုစားနည်းကို စိုးရိမ်သူများစွာ ရှိနေသည်။ ၂၀၁၅ စာရင်းများအရမြန်မာနိုင်ငံ၏နိုင်ငံ့အရန်ငွေ အ မေရိကန်ဒေါ်လာရှစ်ဘီလီယံခန့် သာရှိခြင်းကြောင့် ဒေါ်လာရောင်း ပေးခြင်း၊ ဒေါ်လာထုတ်ချေးခြင်း ကို အချိန်ကာလ မည်မျှအထိ လုပ်ဆောင်နိုင်မည်ဆိုသည်ကို စီးပွား လုပ်ငန်းရှင်အချို့က မေးခွန်း ထုတ်သည်။

‘‘ဒေါ်လာဈေးကတော့ တက် တဲ့အကြောင်းတွေက အများကြီး ပဲ။ ဆေးမြီးတိုနဲ့ ကုတာကတော့ ရေတိုပဲ ရမှာပေါ့’’ဟု စီးပွားရေး ပညာရှင် ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ငွေကြေးယူနစ်ကို ကာကွယ်ရန် လုံလောက်သည့် နိုင်ငံခြားအရန် ငွေ သိုမှီးထားမှု မရှိခြင်းကြောင့် အရန်သိုလှောင်ထားသည့် ဒေါ် လာများ ထုတ်သုံးမည်ဆိုပါက ဒေါ်လာအရင်းအမြစ်များ မြန်မြန် ဆန်ဆန် ကုန်ဆုံးမည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ၏စီးပွားရေးအကြံပေးပညာရှင် ရှောင်တာနဲလ်က မှတ်ချက်ပြု ထားသည်။

ထို့အပြင် ဗဟိုဘဏ်၏ရေ တိုဖြေရှင်းမှုနောက်တစ်ခုအဖြစ် ဒေါ်လာ အသုံးများနေသော သကြားနှင့် စက်သုံးဆီကို ပြည်ပ မှ တင်သွင်းပြီး တရုတ်နိုင်ငံသို့ တစ်ဆင်ခံ ကုန်သွယ်ရေးဖြင့် ပြန် လည်ရောင်းချခြင်းလုပ်ငန်းကို ရပ် ဆိုင်းလိုက်သည်။ ယင်းနှင့်ပတ် သက်၍လည်း တုံ့ပြန်ပြောဆိုမှု အချို့ရှိလာသည်။

‘‘သကြားနဲ့ စက်သုံးဆီတစ် ဆင့်ခံကုန်သွယ်ရေးကို ဖြတ်လိုက် တာ ဒေါ်လာအထွက်သက်သာ သလို တစ်ဖက်မှာလည်း ဖောက် သည်ပျောက်ဆုံးတာမျိုးတွေ ဖြစ် လာနိုင်တယ်။ ဝယ်တဲ့တရုတ်နိုင် ငံက မြန်မာတစ်နိုင်ငံတည်း မ ဟုတ်ဘဲ တခြားနိုင်ငံတွေနဲ့ လုပ် တာဆိုတော့ စီးပွားရေးသမားတွေ က ကြားက အမြတ်ငွေတွေ၊ ဝယ် သူတွေ ဆုံးရှုံးနိုင်တယ်’’ဟု မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ကျပ်ငွေတန်ဖိုးကျဆင်းမှု က ဗဟိုဘဏ်တစ်ခုတည်း ဖြေ ရှင်းမရဘဲ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများနှင့်ပါ ပူး ပေါင်းဆောင်ရွက်ရမည့် အခြေ အနေမျိုးဖြစ်နေသည်ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်း အောင်က ပြောသည်။

ပို့ကုန်၊ သွင်းကုန်ကဏ္ဍကို မျှတအောင် ဆောင်ရွက်ပြီး နိုင်ငံ အတွင်း ထုတ်ကုန်ပစ္စည်းများတိုး မြှင့်ထုတ်လုပ်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေး ကိုလည်း စီးပွားရေးလုပ်ငန်းရှင် အချို့က အကြံပြုသည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန် မြှင့်တင်ရေးဆောင်ရွက်ရန် လို အပ်သည်ဆိုသော်လည်း လက် တွေ့လုပ်ဆောင်ချက်များကို စီး ပွားရေးလုပ်ငန်းရှင်အချို့က အား ရမှုမရှိပေ။ ကုန်သွယ်မှုလိုငွေ ပြဿနာဖြေရှင်းရန် အစိုးရ၏ လုပ်ဆောင်ချက်များကို စီးပွားရေး ကဏ္ဍတွင် ပါဝင်နေသူအချို့က မေးခွန်းထုတ်နေသည်။

‘‘ပို့ကုန်မြှင့်ဖို့ဆိုတာ ပါးစပ် ကနေ ပြောနေလို့တော့ မရဘူး။ တကယ်လုပ်ဖို့လိုတယ်’’ဟု ပို့ကုန် သွင်းကုန်စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

ပို့ကုန်မြှင့်တင်ရေးတွင် ပြည်ပတင်ပို့သည့်လုပ်ငန်းရှင်များအ တွက် အခွန်သက်သာခွင့်များပေး ခြင်းကဲ့သို့ ဆွဲဆောင်မှုကို အစိုးရ က ဖန်တီးပေးရန် လိုအပ်နေသည် ဟု ၎င်းက ဆိုသည်။ ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ ဦးဆောင် ၍ ငြိမ်းချမ်းရေးစကားဝိုင်းများကဲ့ သို့ ပို့ကုန်မြှင့်တင်ရေးစကားဝိုင်း များ ပြုလုပ်ပေးရန် လိုအပ်သည် ဟု ဒေါက်တာစိုးထွန်းက ပြော ကြားသည်။

မြန်မာနိုင်ငံ၏ကုန်သွယ်ရေး အခြေအနေသည် ၂၀၁၈ ဘဏ္ဍာ ရေးနှစ်အကူးအပြောင်းကြားကာ လဘဏ္ဍာနှစ် လေးလကျော်အ တွင်း ကုန်သွယ်မှုလိုငွေက ပြီးခဲ့ သည့် ဘဏ္ဍာနှစ်ကာလတူထက် ထက်ဝက်နီးပါး လျော့နည်းလာ သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်လေး လကျော်အတွင်း ကုန်သွယ်မှုလို ငွေပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ရှိသော်လည်း ယခု နှစ်တွင် ကန်ဒေါ်လာသန်း ၉၅၀ ခန့်သာရှိသည်။

ကုန်သွယ်မှုလိုငွေ လျော့ နည်းသည်ဆိုသော်လည်း မြန်မာ နိုင်ငံမှ ပဲတင်ပို့မှုလျော့ကျခြင်း၊ ဆန်တင်ပို့မှု လျော့နည်းခြင်းတို့ ကြောင့် လေးလကျော်အတွင်း လယ်ယာထွက်ကုန် ပြည်ပတင် ပို့မှုမှ ကန်ဒေါ်လာသန်း ၁၅၀ ကျော် လျော့နည်းနေသည်။

ပို့ကုန်မြှင့်တင်ရေး ဆောင် ရွက်ရန် ကြိုးစားနေချိန်တွင် နိုင်ငံ ခြားငွေရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံ မှု ကဏ္ဍကလည်း လျော့ကျနေ သည်။

ရခိုင်ပြဿနာကြောင့် နိုင် ငံတကာရင်းနှီးမြှုပ်နှံမှု အဝင်နည်း ချိန်တွင် အမေရိကန်အစိုးရ၏စီး ပွားရေးမူဝါဒများကြောင့် နိုင်ငံတ ကာတွင် ရင်းနှီးမြှုပ်နှံသူများ လျော့ကျလာသည်။ ထို့ကြောင့် မြန်မာ နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လျော့နည်း သွားသည်။

မြန်မာနိုင်ငံ၏ ၂၀၁၈ ဘဏ္ဍာရေးနှစ်အကူးအပြောင်း ကြားကာ လ ဘဏ္ဍာနှစ် လေးလကျော်အ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ကျော်သာ ဝင်ရောက်လာသည်။ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို ကန်ဒေါ်လာ သုံးဘီလီယံရရှိ မည်ဟု မျှော်မှန်းခဲ့သည်။

မြန်မာကျပ်ငွေတန်ဖိုးမြင့် တက်ရန် ရေရှည်ဖြေရှင်းရမည့် နည်းလမ်းများကို စီးပွားရေးလုပ် ငန်းရှင်များက မေးခွန်းထုတ်နေ ချိန် ဗဟိုဘဏ်က ရေတိုဖြေရှင်း နည်းဖြစ်သော ဒေါ်လာငါးသိန်း ထုတ်ရောင်းသည့် သြဂုတ် ၂၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၅၀၃ကျပ်သို့ ပြန်လည်မြင့်တက်လာ သည်။

သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် တစ်ဒေါ်လာလျှင် ၁,၄၉၅ ကျပ်ဈေးရှိသည်။

အာလူး၊ အလှဆင်ပန်း၊ ချုပ်ထည်ပုဆိုးကအစ ပြည်ပမှ တင် သွင်းသုံးစွဲနေရသော နိုင်ငံတွင် ပို့ကုန်နှင့် သွင်းကုန် မျှတစွာ ဆောင် ရွက်နိုင်ရေးက ခက်ခဲနေသည်။ မြို့ပြဒေသများတွင် နေထိုင်သူ များအပါအဝင် မြန်မာနိုင်ငံတစ် ဝန်းတွင် ပြည်ပသွင်းကုန်များကို သုံးစွဲနေခြင်းကြောင့် ကျပ်ငွေ ထက် ကန်ဒေါ်လာအပေါ်တွင် ယုံ ကြည်မှုက မြင့်မားသည်။

အမေရိကန်ဗဟိုဘဏ်၏အ တိုးနှုန်းဆွဲတင်မှု၊ အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲစတင် ချိန်တွင် ဒေါ်လာတန်ဖိုးမြင့်တက် မည်ကို စိုးရိမ်၍ ကျပ်ငွေကိုင် ဆောင်ထားသူများက ဒေါ်လာ ဝယ်ယူစုဆောင်းလာသည်။ ငွေ လဲကောင်တာများတွင် အချိန်ပိုင်း အတွင်း ဒေါ်လာပြတ်လပ်သွား သည်အထိ ဝယ်ယူမှုများရှိသည် ကို ကြုံတွေ့ခဲ့ရသည်။

‘‘မြန်မာပြည်ကတော့ ထုံးစံ အတိုင်းပဲ။ တစ်ခုခုဆိုရင် ကြောက်လန့်တကြား ပြေးဆွဲကြတယ်။ နောက်ပြီး သီတင်းကျွတ်မှ ဒေါ်လာ လိုမယ့်သူလည်း ဒီအချိန်ကောက် ဝယ်တာ ဖြစ်ကုန်ရော’’ဟု မြန်မာ နိုင်ငံသားများဘဏ်အုပ်ချုပ်မှုဒါ ရိုက်တာနှင့် အမှုဆောင်အရာရှိ ချုပ် ဒေါက်တာသောင်းဟန်က ပြောသည်။ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ လှုပ်ခတ်မှုကြောင့် အမေရိကန် ဒေါ်လာက နိုင်ငံတကာတွင် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ပျမ်းမျှမြင့်တက်ပြီး အိန္ဒိယတွင် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာချိန် တွင် မြန်မာနိုင်ငံ၌ ၁၂ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့သည်။

ဒေါ်လာတန်ဖိုးအတက်များ ခြင်းကြောင့် ပြည်ပမှ တင်သွင်းပြီး သုံးစွဲနေရသည့် စက်သုံးဆီဈေး နှုန်း၊ အခြေခံလူတန်းစားများ အားထားနေရသည့် စားအုန်းဆီဈေး နှုန်း၊ အိမ်သုံးဆေးဝါးဈေးနှုန်းတို့ သာမက လယ်ကွင်းများမှ စိုက်ပျိုး ထုတ်လုပ်သည့် ကန်စွန်းရွက်ဈေး နှုန်းပါ မြင့်တက်လာသည်။

သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်မှု၊ မလိုအပ်သော အပို ကုန်ကျစရိတ်များ ရှိနေခြင်းတို့ ကြောင့် နိုင်ငံခြားငွေတန်ဖိုးတက် ပြီး ကျပ်ငွေတန်ဖိုးကျဆင်းကာ နိုင်ငံတွင်း ထုတ်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များကလည်း ဈေးနှုန်း လိုက်ပါမြင့်တက်သည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေ လင်းဇင်က ပြောသည်။

၂၀၁၈ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် နိုင်ငံ ရေးအကျပ်အတည်းကြောင့် တုံ့ ဆိုင်းကျဆင်းနေသည့် အခြေအ နေမျိုး ကြုံတွေ့နေရသည်ဟု စီး ပွားရေးလုပ်ငန်းရှင်များက ပြော ကြားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲလာ ခြင်းကြောင့် ပြည်တွင်းရင်းနှီးမြှုပ် နှံလိုသူများ လျော့နည်းသည်ဟု ၎င်းတို့က ပြောသည်။ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများတွင် ဝယ် ယူနိုင်မှုပမာဏ ကျဆင်းခြင်း ကြောင့် ထုတ်လုပ်မှုတန်ဖိုးလျော့ နည်းသွားသည့် အခြေအနေမျိုး ဖြစ်နေသည်။

ထိုအခြေအနေကြောင့် အ လုပ်သမားတစ်ဦး၏ ဝင်ငွေတိုး တက်မှုကျဆင်းချိန်တွင် ကျပ်ငွေ တန်ဖိုးဖောင်းပွခြင်းက တစ်ဦးချင်း ၏ ဝင်ငွေကို ဆုံးရှုံးသွားစေသည်။ မြန်မာငွေတန်ဖိုး ကျဆင်းခြင်း ကြောင့် နိုင်ငံသားများ၏စစ်မှန် သော ဝင်ငွေများလည်း လျော့နည်း သွားစေကြောင်း ISP Myanmar ဆက်ဆံဆက်သွယ်ရေး ဒါရိုက် တာ၊ နိုင်ငံရေး၊ စီးပွားရေးလေ့ လာသုံးသပ်သူ ဦးအောင်သူငြိမ်း က ပြောသည်။

လူထု၏စစ်မှန်သော ဝင်ငွေ လျော့ကျမှုနှင့်ပတ်သက်ပြီး ယခင်က တစ်ဒေါ်လာ ၁,၀၀၀ ကျပ်တွင် လစာကျပ် တစ်သိန်းရသည့် ဝန် ထမ်းတစ်ဦး၏ဝင်ငွေက ဒေါ်လာ ၁၀၀ ဖြစ်သည်။ သို့သော် တစ်ဒေါ် လာ ၁,၅၀၀ ကျပ်ဖြစ်နေချိန်တွင် အဆိုပါဝန်ထမ်း၏ လစာဝင်ငွေ က ၆၆ ဒသမ ၆ ဒေါ်လာခန့်သာ ရရှိမည်ဟု ဦးအောင်သူငြိမ်းက ဥပမာပေး၍ ရှင်းပြသည်။

‘‘မြန်မာကျပ်ငွေကျသွားတာ သိန်း ၁၀၀ လောက်ဝင်တဲ့သူအ တွက် ဘာမှ ဂရုစိုက်စရာမလိုပေ မယ့် တစ်သိန်း၊ နှစ်သိန်းလောက် ပဲ ဝင်တဲ့သူအတွက် စားဝတ်နေ ရေး ပြဿနာရှိတယ်’’ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်ဒေါက်တာစိုးထွန်းက ပြောသည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှု နှင့်ပတ်သက်၍ ပြည်သူအများ ပူ ပန်ခြင်းမရှိစေရန် အရန်ငွေကြေး မည်မျှရှိသည်၊ မည်သို့ဖြေရှင်း မည်ကို အစိုးရက အာမခံချက်အ ဖြစ် ပြောဆိုထားသင့်သည်ဟု လည်း ဦးအောင်သူငြိမ်းက အကြံ ပြုသည်။

ထို့အပြင် စီးပွားရေးအကျပ် အတည်းဖြစ်လျှင် လူထုအကျမနာစေရန် လူမှုဖူလုံရေးပိုက်ကွန် များကို စီစဉ်ထားရန် လိုအပ်သည် ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ တွင် လူမှုဖူလုံရေးပိုက်ကွန်က အားမကောင်းခြင်းကြောင့် ပိုပြီး နစ်နာရသည်ဟုလည်း ရှင်းပြ သည်။

ကျပ်ငွေတန်ဖိုးဖောင်းပွမှုက ဒေါ်လာဖြင့် ဝင်ငွေရရှိသည့် လူ နည်းစုအတွက် ဝမ်းသာစရာဟု ထင်မြင်စရာရှိသော်လည်း ကျပ် ငွေဖြင့် လစာဝင်ငွေရရှိသူများအ တွက် သတင်းကောင်းမဟုတ်ဘဲ ကုန်ဈေးနှုန်းမြင့်တက်လာမှု အ ပေါ် ထိတ်လန့်စရာဖြစ်လာသည် ဟု စီးပွားရေးပညာရှင်အချို့က ပြောသည်။

ထို့အပြင် အမေရိကန်-တ ရုတ်ကုန်သွယ်ရေးစစ်ပွဲ၏အကျိုး ဆက်ကို ကုစားရန် ပြင်ဆင်ခြင်း မရှိခဲ့သော အစိုးရကို ဝေဖန်မှုများ ကလည်း ရှိနေသည်။ ယခုနှစ်ဆန်း ပိုင်းတွင် သမ္မတဦးဝင်းမြင့်က ဝန်ထမ်းများကို လစာများတိုးမြှင့်ပေး ခဲ့သည်။

သို့သော် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် ပေးကား ပေးသော်လည်း မရဖြစ်ရသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှု နှင့်ပတ်သက်၍ ကုစားရန် သက် သာချောင်ချိရေးစရိတ်၊ ရှားပါး စရိတ်ထောက်ပံ့ရန် ကြိုးစားသင့် သည်ဟု ဦးအောင်သူငြိမ်းက ပြော သည်။

ထို့အပြင် ကျပ်ငွေကျဆင်းမှု နှင့်ပတ်သက်၍ တိုက်ရိုက်အကျိုး သက်ရောက်နိုင်မည့် စက်သုံးဆီ ဈေးနှုန်းမတက်မည့် နည်းလမ်း၊ ဆေးဝါးရှားပါးမှုမကြုံတွေ့စေရန် ကြိုတင်သိုလှောင်ထားနိုင်သည့် နည်းလမ်းများကို အစိုးရက ကြိုတင်ပြင်ဆင်ထားသင့်ဟု ၎င်းက ဆိုသည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ကုစားနိုင်ရန် မကြာမီရက်ပိုင်းအ တွင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာ ရှင်များနှင့် တွေ့ဆုံရန် စီစဉ်ထား သည်။

အစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း နိုင်ငံ့ငွေကြေးတန် ဖိုးဖောင်းပွမှု အဆိုးဆုံးအခြေအ နေကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းမှုဖြင့် အဖြေရှာသွားနိုင်ရန် စီးပွား ရေးလုပ်ငန်းရှင်များက မျှော်လင့် နေသည်။

‘‘ဒီတွေ့ဆုံမှုကနေ ရလဒ် ကောင်းတစ်ခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်’’ ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ ။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service