လယ်ယာမြေ အဆင့်မြှင့်တင်ရန် လယ်ဧက နှစ်သောင်းငါးထောင်ခန့် ချေးငွေလျှောက်ထား

လယ်ယာမြေ အဆင့်မြှင့်တင်ရန် လယ်ဧက နှစ်သောင်းငါးထောင်ခန့် ချေးငွေလျှောက်ထား - Property News in Myanmar from iMyanmarHouse.com
23 Aug 2018 10:16 am တွင် တင်ခဲ့သည်
1777 ကြိမ် ကြည့်ရှု့ပြီး

လယ်ဧကနှစ်သောင်း ငါးထောင်ခန့်ကို လယ်ယာမြေအဆင့်မြှင့်တင်ရန် တောင်သူများက ချေးငွေလျှောက်ထားကြောင်း သမ၀ါယမဦးစီးဌာန ညွှန်ကြား ရေးမှူးဦးမျိုးအောင်က ပြော ကြားသည်။

သမ၀ါယမ ချေးငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်လို သည့် တောင်သူများသည်ဧပြီ စတုတ္ထပတ်ကစတင်၍ ချေးငွေ ရယူရန် လျှောက်လွှာတင်နိုင်ပြီဟု သမ၀ါယမဦးစီးဌာနက နိုင်ငံပိုင် သတင်းစာတွင် ကြေညာခဲ့သည်။‘‘နှစ်သောင်းလေးထောင် ကိုးရာ့တစ်ဧကအတွက် ချေးငွေ လျှောက်လွှာတင်လာကြပါတယ်။ တောင်သူတွေအနေနဲ့ နီး စပ်ရာသမ၀ါယမအသင်းတွေမှာ လျှောက်ထားလို့ရပါတယ်။ ချေး ငွေကို သူတို့လိုချင်တဲ့အချိန်မှာ ထုတ်ပေးပါတယ်။ လယ်ယာမြေ အဆင့်မြှင့်တင်တာ၊ မြေပြင်တာ တွေက တစ်ဦးနဲ့တစ်ဦးအချိန်မတူ တော့ ငွေထုတ်ပေးရတဲ့အချိန် ကလည်း တစ်ပြေးညီမဖြစ်ပါဘူး’’ ဟု ဦးမျိုးအောင်က ပြောသည်။

လက်ရှိတွင် လယ်ယာမြေ အဆင့်မြှင့်တင်မှုအတွက် ချေး ငွေကျပ် ၇ ဒသမ ၁၈ ဘီလီယံ ထုတ်ချေးထားကြောင်း ၎င်းက ဆိုသည်။ချေးငွေရယူလိုသည့်တောင် သူများသည် သမ၀ါယမအသင်း သားများဖြစ်ရမည့်အပြင် အဆင့် မြှင့်တင်မည့်လယ်မြေဧကနှင့် ချေးယူမည့်ချေးငွေအမျိုးအစား ကို လျှောက်လွှာတင်ရမည်ဖြစ် သည်။ လယ်ယာမြေအဆင့်မြှင့် တင်မှုအတွက် ချေးငွေအမျိုးအ စားကို သုံးစားသတ်မှတ်ထားပြီး ပထမတန်းစားအတွက် ထုတ်ချေး ငွေပမာဏကျပ်ခြောက်သိန်းမှ ၁၂ သိန်းထိကို ချေးငွေကာလသုံး နှစ်မှ ငါးနှစ်အထိသတ်မှတ်ထား ပြီး ဒုတိယတန်းစားအတွက် ကျပ်နှစ်သိန်းနှင့်တတိယတန်းစားအ တွက် ကျပ်သုံးသိန်းသတ်မှတ်ထား  ပြီးချေးငွေကာလ သုံးနှစ်ဖြစ်သည်။

ချေးငွေအမျိုးအစားများတွင် ဒုတိယတန်းစားချေးငွေနှင့် တတိယတန်းစားချေးငွေကို ရယူ ရန် လျှောက်ထားမှုပိုမိုများပြား သည်ဟု ဦးမျိုးအောင်က ပြောသည်။

သမ၀ါယမဦးစီးဌာနက ချေးပေးနေသည့်ချေးငွေအမျိုးအ စားများသည် အသင်းသားအိမ် ထောင်စုများအတွက်ချေးငွေ၊ လယ်ယာသုံးပစ္စည်းဝယ်ယူလိုမှု အတွက် ချေးငွေ၊ လယ်ယာအ ဆင့်မြှင့်တင်မှုအတွက် ချေးငွေ နှင့် မျိုးကောင်းမျိုးသန့်ထုတ် တောင်သူချေးငွေဟူ၍ဖြစ်သည်။

ချေးငွေအတွက် အတိုးနှုန်း ကို တစ်ကျပ်ခွဲသတ်မှတ်ထားပြီး တစ်လတစ်ကြိမ် အရင်းဆပ်ရ ကာကျန်ငွေအပေါ်တွင် အတိုး နှုန်းသတ်မှတ်ခြင်းဖြစ်သည်။

သမ၀ါယမအသင်းများကို  နေပြည်တော်ကောင်စီအပါအ ၀င် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ ၃၀၇ မြို့နယ်တွင် ဖွဲ့စည်း ထားသည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service