ဖလော်ရီဒါတွင် အမိုးပေါ်ရေကူးကန်ပါသည့် penthouse ခန်းတစ်ခန်းမှာ ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်၏ အခန်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်

ဖလော်ရီဒါတွင် အမိုးပေါ်ရေကူးကန်ပါသည့် penthouse ခန်းတစ်ခန်းမှာ ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်၏ အခန်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
20 Aug 2018 12:13 pm တွင် တင်ခဲ့သည်
1588 ကြိမ် ကြည့်ရှု့ပြီး
ဖလော်ရီဒါတွင် အမိုးပေါ်ရေကူးကန်ပါသည့် penthouse ခန်းတစ်ခန်းမှာ ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်၏ အခန်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာသည်။

အဆိုပါ အခန်းသည် Church of Scientology ရုံးချုပ်အဆောက်အအုံကြီးအနီးတွင် တည်ရှိပြီး မိုက်ရူးရဲဆန်ဆန် စတန့်ပြုလုပ်လိုသူများအတွက် အထူးပြုလုပ်ထားသည့် flight simulator ပါဝင်ပြီး အမိုးပေါ်ရေကူးကန်အပြင် မော်တော်ကား တင်ဆောက်နိုင်သည့် ဓာတ်လှေကားလည်း ပါဝင်သည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်သော တွမ်ခရုစ်က ယခုအခန်းကို လွန်ခဲ့သည့် ၂ နှစ်ခန့်က ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

၁၉၉၀ ပြည့်နှစ်ကတည်းက အသင်းဝင်ထားခဲ့သည့် Church of Scientology မှာ အဆိုပါအခန်းနှင့် ဘလောက်အနည်းငယ်သာ ကွာဝေးသည်။

Scientology ဟူသည်မှာ ဘာသာတရားတစ်မျိုးဖြစ်ပြီး ၁၉၅၂ ခုနှစ်တွင် အမေရိကန်စာရေးဆရာ အယ်လ် ရွန် ဟတ်ဘာ့ဒ်က စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး တွမ်ခရုစ်က အဆိုပါဘာသာသို့ ဝင်ရောက်ခဲ့သည်။
ယင်းဘာသာသည် ဥရောပတွင် အချေအတင်အငြင်းပွားမှုများ များစွာဖြစ်ပွားစေခဲ့သည့် ဘာသာတရားတစ်မျိုးလည်း ဖြစ်သည်။

SkyView ဟု အမည်ပေးထားပြီး သီးသန့်ရုပ်ရှင်ပြခန်း၊ ဟင်းလင်းပြင် ညစာစားနေရာနှင့် ဂိမ်းကစားခန်းတို့ ပါဝင်သည်။

သီးသန့် flight simulator ခန်း ပါဝင်ပြီး စတန့်လေ့ကျင့်မှုမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

တွမ်ခရုစ်သည် ဟောလိဝုဒ်တွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားခဲ့ရာ အများစုကို ပြန်လည်ရောင်းထုတ်ခဲ့ပြီးဖြစ်ကာ ဘီဗာလီဟေးလ်ရှိ သူ၏ နာမည်ကျော် စံအိမ်ကြီးလည်း အပါအဝင် ဖြစ်သည်။

အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ တွမ်ခရုစ်၏ အမည်ရင်းမှာ သောမတ်စ် ခရုစ် မာပိုသာ IV ဖြစ်ပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် မွေးဖွားသည်။

အသက် ၁၉ နှစ်အရွယ် ၁၉၈၁ ခုနှစ်တွင် Endless Love ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ကာ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် နာမည်ကျော်ခဲ့သည်မှာ Magnolia၊ Mission: Impossible ဇာတ်လမ်းတွဲများ၊ Interview with the Vampire၊ Born on the Fourth of July ဇာတ်ကားများ ဖြစ်သည်။

တွမ်ခရုစ်၏ ဇာတ်ကားများမှ စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၉ ဘီလီယံရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ဝင်ငွေအရှာနိုင်ဆုံး သရုပ်ဆောင် မင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

တွမ်ခရုစ်သည် ၃ ကြိမ်အိမ်ထောင်ပြုခဲ့ပြီး ၃ ဦးလုံးမှာ သရုပ်ဆောင် မော်ဒယ်လ်များ ဖြစ်ကြသည်။

မီမီရောဂျာ၊ နစ်ကိုးကစ်ဒ်မင်း၊ ကေတီဟုမ်းတို့နှင့် အိမ်ထောင်ပြုခဲ့ပြီး ကေတီဟုမ်းနှင့် ၂၀၁၂ ခုနှစ်က ကွာရှင်းပြတ်စဲထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဖလော်ရီဒါတွင် အမိုးပေါ်ရေကူးကန်ပါသည့် penthouse ခန်းတစ်ခန်းမှာ ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်၏ အခန်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါတွင် အမိုးပေါ်ရေကူးကန်ပါသည့် penthouse ခန်းတစ်ခန်းမှာ ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်၏ အခန်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါတွင် အမိုးပေါ်ရေကူးကန်ပါသည့် penthouse ခန်းတစ်ခန်းမှာ ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်၏ အခန်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service