ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဟောလိဝုဒ်ရှိ ဘန်ဂလိုအိမ်ကို အရောင်းဈေးကွက်တင်

ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဟောလိဝုဒ်ရှိ ဘန်ဂလိုအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
20 Aug 2018 11:46 am တွင် တင်ခဲ့သည်
1244 ကြိမ် ကြည့်ရှု့ပြီး
ဆန်ဒြာဘူးလော့ခ်၏ အမည်ရင်းမှာ ဆန်ဒြာ အန်းနက်ထ် ဘူးလော့ခ်ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် အမေရိကန်ပြည်၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့တွင် မွေးဖွားကာ ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ ပရဟိတသမားဘဝများဖြင့် ကျင်လည်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော Demolition Man ဖြင့် အောင်မြင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကီနူးရိဗ်နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သော Speed (1994) ဇာတ်ကားတွင်ကား အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

စီးပွားရေးအရ အောင်မြင်မှုအရခဲ့ဆုံးမှာ ဟာသဇာတ်မြူးတစ်ခုဖြစ်သော Minions (၂၀၁၅) ဇာတ်ကားတွင် ဖြစ်သည်။

အဆိုပါဇာတ်ကားသည် box office တွင် ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရရှိခဲ့သည်အထိ အောင်မြင်ခဲ့သည်။

၂၀၀၇ ခုနှစ်အတွင်း ဟောလိဝုဒ်၏ သရုပ်ဆောင်ကြေးအမြင့်မားဆုံး ရုပ်ရှင်မင်းသမီးအဖြစ် ရပ်တည်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း People မဂ္ဂဇင်းကြီးက ဆန်ဒြာဘူးလော့ခ်ကို အချောလှဆုံး အမျိုးသမီးအဖြစ် ဖော်ပြခဲ့သည်။

ယခုအခါ ဆန်ဒြာဘူးလော့ခ်က အနောက်ဟောလိဝုဒ်ရှိ ဘန်ဂလိုအိမ်ကို ရောင်းထုတ်ရန် ပြင်ဆင်လာသည်။

၂၀၀၀ ပြည့်နှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဟာသဇာတ်မြူး Miss Congeniality ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ယခုနေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၆၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

စတုရန်းပေ ၃၁၅၃ ရှိ အဆိုပါနေအိမ်တွင် ၁၀ စုနှစ်တစ်ခုကျော်နေထိုင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှ စတင်ပြီး အငှားဈေးကွက်သို့ တင်သွင်းလာခဲ့သည်။

သို့ရာတွင် နောက်ဆုံးတွင်မူ ဆန်ဒြာဘူးလော့ခ်က ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ကာ ကန်ဒေါ်လာ ၂ ဒသမ ၈၉ သန်းဖြင့် အရောင်းဈေးကွက်စတင် တင်သွင်းလိုက်၏။

အိပ်ခန်း ၄ ခန်း၊ ရေကူးကန်နှင့် spa တို့ ပါဝင်သည့် ယင်းနေအိမ်သည် နာမည်ကျော် Sunset Boulevard ၏ အစပ်တွင် တည်ရှိပြီး လော့စ်အိန်ဂျလိ၏ အလှကို တမျှော်တခေါ် ရှုမြင်ရသည့်နေရာလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဟောလိဝုဒ်ရှိ ဘန်ဂလိုအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဟောလိဝုဒ်ရှိ ဘန်ဂလိုအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဟောလိဝုဒ်ရှိ ဘန်ဂလိုအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဆန်ဒြာဘူးလော့ခ်က ဟောလိဝုဒ်ရှိ ဘန်ဂလိုအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service