ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၁၇ လုံး စံချိန်မီ ဆောက်လုပ်ရေး ဆွေးနွေး

ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၁၇ လုံး စံချိန်မီ ဆောက်လုပ်ရေး ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
20 Aug 2018 10:13 am တွင် တင်ခဲ့သည်
1462 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီး အတွင်း တည်ဆောက်မည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၇ လုံးကို စံချိန်စံညွှန်းမီဆောက်လုပ် ရေး အစိုးရအဖွဲ့တာဝန်ရှိသူများ က ဆောက်လုပ်ခွင့်ရ ကုမ္ပဏီ များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မြို့ နယ်ခုနစ်ခုတွင် အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ ရန်ပုံငွေဖြင့် မုန်တိုင်း ဒဏ်ခံ အဆောက်အအုံ ၁၇ လုံး ဆောက်လုပ်ရန် တင်ဒါအောင် ထားသည့် ကုမ္ပဏီ ၁၀ ခုနှင့် သြဂုတ် ၁၆ ရက်၌ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာန ဦးစီးမှူး၊ ညွှန်ကြား ရေးမှူး ဦးသန်းစိုးက ပြောသည်။

‘‘ဝန်ကြီးချုပ် သဘောတူညီ ချက်နဲ့ အစိုးရကိုယ်စားစောင့် ကြည့်စစ်ဆေးမယ့် ပုဂ္ဂလိကစစ် ဆေးရေးအဖွဲ့ ငါးဖွဲ့လည်း ငှား ရမ်းထားတယ်။ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို စစ်ဆေးရေးအ ပိုင်းလည်း ဆွေးနွေးတယ်။ ကျွန် တော်တို့ဒေသမှာက သဘာဝ ဘေးတွေ ခြိမ်းခြောက်မှုရှိနေတဲ့ အတွက် ဘေးဒဏ်ခံအဆောက် အအုံတွေရဲ့ ကြံ့ခိုင်မှုကလည်း အရေးပါတယ်’’ ဟု ဦးသန်းစိုးက ပြောသည်။

တစ်လုံးလျှင် လူငါးရာ ခိုလှုံနိုင်သော မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၇ လုံးကို ရေကြည်၊ ကျောင်းကုန်း၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ဟိုင်းကြီး ကျွန်းနှင့် အင်္ဂပူမြို့နယ်တို့တွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း မကြာမီစတင်မည်ဖြစ်သည်။

ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်၍ မုန်တိုင်းနှင့် လေပြင်းဘေး သာမက ရေဘေးနှင့်ဆူနာမီ ငလျင်အန္တရာယ်ပါ သတိပြုရန် လိုနေသည့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း အထက်ပါစီမံကိန်း ပြီးစီးပါက မုန်တိုင်းဒဏ်ခံအ ဆောက်အအုံ ၇၇ လုံးရှိလာမည် ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service