မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင်

မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
17 Aug 2018 12:23 pm တွင် တင်ခဲ့သည်
1926 ကြိမ် ကြည့်ရှု့ပြီး
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်သည် အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင်လျက်ရှိသည်။

ရီယိုဖာဒီနန်သည် အင်္ဂလန်အနောက်မြောက်ပိုင်း၊ ချက်စ်ရှိုင်းယားခရိုင်၊ အယ်လ်ဒါလေအက်ဂ်ျကျေးရွာရှိ နေအိမ်ကို ဝယ်လက်ရှာတွေပြီးနောက် လန်ဒန်သို့ ပြောင်းလာဖွယ်ရာရှိနေသည်။

ရီယိုဖာဒီနန်သည် ချက်စ်ရှိုင်းယားရှိနေအိမ်ကို မူလက ပေါင် ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်သော်လည်း ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလိုက်ကာ ပေါင် ၃ သန်းဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။

ဖာဒီနန်နှင့် သူ၏ချစ်သူ ကိတ်ရိုက်ထ်တို့သည် လန်ဒန်သို့ ပြောင်းရွှေ့လာရန် ပြင်ဆင်နေကြောင်း Homes & Property ၏ သတင်းတစ်ရပ်တွင်လည်း ဖော်ပြသည်။

ရီယိုဖာဒီနန်သည် အဆိုပါနေအိမ်ကြီးတွင် ဇနီးဖြစ်သူ ရေဘက္ကာ အယ်လစ်ဆင်နှင့် နေထိုင်ခဲ့ခြင်းဖြစ်ပြီး သားသမီး ၃ ဦးထွန်းကားခဲ့သည်။

ရေဘက္ကာသည် အသက် ၃၄ နှစ်အရွယ် လွန်ခဲ့သော ၃ နှစ်ခန့်က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ယခုအခါ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ဖာဒီနန်က အသက် ၂၇ နှစ်အရွယ် ကိတ်ရိုက်ထ်နှင့် ချစ်ကြိုက်လျက်ရှိခြင်း ဖြစ်သည်။

ကိတ်ရိုက်ထ်သည် အက်ဆက်စ်ပြည်နယ်တွင် သူ၏နေအိမ်ရှိသော်လည်း ချက်စ်ရှိုင်းယားသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ၎င်းတို့စုံတွဲမှာ လန်ဒန်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ရီယို ဂါဗင် ဖာဒီနန်သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တောင်ပိုင်း၊ ကမ်ဘာဝဲလ်အရပ်ရှိ ကင်းစ်ကောလိပ်ဆေးရုံတွင် ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် မွေးဖွားသည်။

၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၈၁ ပွဲ ပါဝင်ကစားပေးခဲ့သည်။

ဖာဒီနန်သည် လူငယ်အသင်းများစွာတွင် ပါဝင်ကစားခဲ့ပြီးနောက်ဆုံးတွင် ဝက်စ်ဟမ်းအသင်း၌ အခြေကျသွားသည်။

၁၉၉၆ ခုနှစ်၌ ပရီးမီးယားလိဂ်တွင် ပထမဆုံးပါဝင်ကစားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အင်္ဂလန်နှင့် ကင်မရွန်အသင်းတို့ ကစားသည့်ပွဲတွင် ပါဝင်ခဲ့ရာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အသက်အငယ်ဆုံး ခံစစ်မှူးတစ်ဦး ဖြစ်လာခဲ့သည်။

သူ၏ အောင်မြင်မှုများကို လိဒ်ယူနိုက်တက်အသင်းက မျက်စိကျသွားပြီးနောက် ထိုအချိန်က စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းဖြင့် ခေါ်ယူခဲ့သည်။

ယင်းနောက် မန်ချက်စတာယူနိုက်တက်က ၂၀၀၂ ခုနှစ်၊ ဇူလိုင်လတွင် မူလစံချိန်ကို ချိုးသည့်ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူခဲ့ပြန်သည်။

မန်ချက်စတာ ယူနိုက်တက်တွင်ကား သူ၏အောင်မြင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြယ်ပွင့် ရီယိုဖာဒီနန်က အင်္ဂလန်အနောက်မြောက်ပိုင်းရှိ နေအိမ်ကို ရောင်းချကာ လန်ဒန်တွင် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service