စံချိန်တင်မြင့်တက်နေသည့် ဒေါ်လာဈေးကြောင့် မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် ၉၅၆၀ဝ၀ ထိရောက်

စံချိန်တင်မြင့်တက်နေသည့် ဒေါ်လာဈေးကြောင့် မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် ၉၅၆၀ဝ၀ ထိရောက် - Property News in Myanmar from iMyanmarHouse.com
17 Aug 2018 11:59 am တွင် တင်ခဲ့သည်
2805 ကြိမ် ကြည့်ရှု့ပြီး
စံချိန် တင် မြင့်တက်နေသည့် ကန်ဒေါ်လာ ဈေးကြောင့်မြန်မာ့ရွှေဈေးလည်း လိုက်ပါမြင့်တက်လာကြောင်း ရွှေ လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

ယခုအခါ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၁၈၀ ခန့်သာရှိသော်လည်း ပြည် တွင်း၌ နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းမြင့်
တက်နေမှုကြောင့် မြန်မာ့ အခေါက် ရွှေဈေးမှာဩဂုတ် ၁၅ ရက်က တစ်ကျပ်သားလျှင် ကျပ် ၉၅၀ဝ၀ဝ ဖြစ်သော်လည်း ဩဂုတ် ၁၆ တွင် ကျပ် ၉၅၆၀ဝ၀ ဖြစ်ရာ တစ်ရက်အတွင်း ကျပ် ၆၀ဝ၀ အ ထိ မြင့်တက်လာကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင်ဦးဇော်အောင်က ဩဂုတ် ၁၆ ရက်တွင် ဒီမိုကရေ စီတူဒေးသို့ ပြောသည်။

""မြန်မာ့ရွှေဈေးကကမ္ဘာ့ရွှေ ဈေးအတက်အကျနဲ့လည်း ဆိုင်သ လို ပြည်တွင်းငွေလဲလှယ်နှုန်းထား တွေနဲ့လည်း သက်ဆိုင်တယ်။ ခု ကမ္ဘာ့ရွှေဈေးကျနေပေမယ့် ဘာ လို့ မြန်မာ့ရွှေဈေးတက်တာလဲဆို တော့ ပြည်တွင်းမှာဒေါ်လာ ဈေး တက်နေလို့ပဲ ဖြစ်ပါတယ်။ မြန်မာ့ ရွှေဈေးက ကမ္ဘာ့ရွှေဈေးတက်နေ ရင်လိုက်တက်တယ်။ ကမ္ဘာ့ရွှေဈေး ငြိမ်နေမယ်။ ပြည်တွင်းမှာဒေါ်လာ ဈေးလည်းငြိမ်နေတယ်ဆိုရင် မြန် မာ့ရွှေဈေးလည်း ကျမယ်။ ခုက ပြည်တွင်းမှာ ဒေါ်လာဈေးတက် နေလို့ မြန်မာ့ရွှေဈေးပါလိုက်တက် နေတာ ""ဟု ၄င်းကပြောသည်။

ယခုနှစ်ဧပြီလရက်က အမေ ရိကန်တစ်ဒေါ်လာလျှင် ၁၃၃၃ ကျပ်ဖြစ်နေရာမှဩဂုတ် ၁၆ ရက် တွင် ကန်တစ်ဒေါ်လာလျှင် ကျပ် ၁၅၅၀ ကျော်အထိ
ဖြစ်ပေါ်လာ နေခြင်းဖြစ်ကြောင်း ဒေါ်လာဈေး ကွက်မှ သိရသည်။မြန်မာ့ရွှေဈေးမြင့်တက်ရခြင်း သည် ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်း နှင့်ပြည်တွင်းငွေလဲလှယ်နှုန်းအပေါ် မူတည်ကာအတက်အကျဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမြင့်ရခြင်းသည် နိုင်ငံ တကာအခြေအနေတင်းမာမှုများ နှင့် ဆက်စပ်နေသည့်အတွက် ကြောင့်ဖြစ်ကြောင်း ဦးထုံရွှေဆိုင်မှ ပိုင်ရှင် ဦးကျော်ဝင်းက ပြောသည်။

""ကမ္ဘာ့ရွှေဈေးကကျနေတယ်။ ဆိုပေမယ့် လတ်တလောမှာ တူရ ကီရဲ့ ငွေကြေးပြသနာကြောင့်ပြန် တက်လာနေတယ်။ မြန်မာ့ရွှေဈေး က ကမ္ဘာ့ရွှေဈေးနဲ့ပြည်တွင်းဒေါ် လာဈေးအတက်အကျပေါ်မူတည် ပြီး ဈေးအတက်အကျဖြစ်တာ ကြောင့် ခုဒေါ်လာဈေးတက်တော့မြန်မာ့ရွှေ့ဈေးလည်းလိုက်တက်နေ တယ်။ အရောင်းအဝယ်ကတော့ အေးနေတယ်""ဟု၎င်းကပြော သည်။

လက်ရှိတွင် ရွှေဈေးမှာမြင့် တက်နေချိန်တွင် ရွှေအခေါက်အ တုံးရောင်းချရမှုမှာပုံမှန်အရောင်း အဝယ်ရှိသော်လည်း အလျော့ တွက် လက်ခရှိသည့် ၁၅ ပဲရည် ရွှေများမှာ အရောင်းအဝယ်အေး စက်လျက်ရှိကြောင်း ရွှေဈေးကွက် မှ သိရသည်။ယင်းနှင့်ပတ်သက်ပြီး သမာ ဓိရွှေဆိုင်တွင် အခေါက်ရွှေလာလုပ် သည့် ဦးအောင်အောင်က ""၁၅ ပဲ ရည်ဆိုရင် ဒီဇိုင်းလေးတွေကလှ တယ်ဆိုပေမယ့် သူကအလျော့တွက် လက်ခရှိတယ်။ အခေါက်ရွှေက အလျော့တွက်လက်ခမရှိဘူး။ ပြန် ရောင်းရင် ရွှေဈေးအတက်အကျ ပေါ်မူတည်ပြီး ပဲအရှုံးအမြတ်ရှိ မယ်""
ဟု ပြောသည်။

ဩဂုတ် ၁၆ ရက်က ရန်ကုန် မီးလင်း ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၅၆၀ဝ၀၊
ကမ္ဘာ့ရွှေတစ်အောင် စလျှင် ကန်ဒေါ်လာ ၁၁၇၆ ဖြစ် ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်စက်တင်ဘာလ က ကမ္ဘာရွှေတစ်အောင်စလျှင် ကန် ဒေါ်လာ ၁၂၈၀ အထိ မြင့်တက် ခဲ့ဖူးပြီး မြန်မာ့အခေါက်ရွှေဈေးတစ် ကျပ်သားလျှင်
ကျပ်ကိုးသိန်း ခြောက်သောင်းဝန်းကျင်အထိ မြင့် တက်ခဲ့ဖူးသည်။


Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service