မြေကွက်များမြေဂရန်သက်တမ်းတိုးမှုအား ONE STOP SERVICE ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

မြေကွက်များမြေဂရန်သက်တမ်းတိုးမှုအား ONE STOP SERVICE ဖြင့် ဆောင်ရွက်ပေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Aug 2018 10:32 am တွင် တင်ခဲ့သည်
1881 ကြိမ် ကြည့်ရှု့ပြီး
ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းရှိ မြေကွက်များ မြေဂရန်
သက်တမ်းတိုးမှုအား One Stop Service ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ လာရောက်ဆောင်
ရွက်ပေးလျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ထံမှ သိရသည်။

အဆိုပါဌာနမှ ၁၉၉၃ ခုနှစ်တွင်၂၅ နှစ် ဂရန်ထုတ်ပေးထားခဲ့သည့် ဘုရင့်နောင်ပွဲရုံနှင့် ယာဉ်ရပ်နားစခန်းမှ မြေကွက်များသည် ၂ဝ၁၈ ခုနှစ်တွင်သက်တမ်းပြည့်ပြီဖြစ်၍ ထပ်မံသက်တမ်းတိုးရာတွင် အဆင်ပြေလွယ်ကူစေရန် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးပါရန် ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းရှိ သာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ထိုသို့ဂရန်သက်တမ်းတိုးရာတွင် လျှောက်ထားသူများကိုယ်တိုင်သွားရောက်၍ မူရင်းဂရန်များအား ပြသပြိး Scan ဖတ်ခြင်းတို့ကို ဆောင်ရွက်ရသည်။

ဘုရင့်နောင်ပွဲရုံရှိမြေကွက်များတွင် ဖွင့်လှစ်ထားသည့်ဘဏ်မြေကွက်များလည်းပါဝင်ရာ ဘဏ်များမှ မူရင်းဂရန်များ သွားရောက်ပြသမှုနှင့် ပွဲရုံများမှ မူရင်းဂရန်များကို ပြသသည့်အခါဘဏ်များမှ OSS ခန်းမတွင် မူရင်းဂရန်ကို Scan ဖတ်ပေးခြင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့တွင်တပြိုင်နက်တည်း ဂရန်သက်တမ်းတိုးခြင်းကိုဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးမကောင်းသူများအတွက် Home Stop Service ဖြင့် အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဘုရင့်နောင်ပွဲရုံကို ၁၉၉ဝပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၁ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ ဧကပေါင်း ၇၅ ဒသမ ၁၉၄ ဧကရှိပြီး မော်တော်ယာဉ်အစီးရေ ၃၅ဝ ရပ်နားနိုင်သော မော်တော်ယာဉ်ရပ်နားရာနေရာပါရှိသည်။

နောက်ပိုင်းတွင် ရွှေသံလွင်ဝင်းနှင့် တက်လမ်းဝင်းတို့တွင် ပွဲရုံတန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ရာ ဧက ၁ဝဝ ကျော်တွင် ပေ ၄ဝxပေ၆ဝ နှစ်ထပ်မှ ခြောက်ထပ်အထပ်မြင့်အဆောက်အအုံအဖြစ် တည်ဆောက်ထားပြီး ပွဲရုံပေါင်း ၁၂ဝဝ ကျော် တည်ရှိကြောင်း သိရသည်။ယင်းအဆောက်အအုံများတွင် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)၊ဆန်ကုန်စည်ဒိုင်၊ဆီကုန်စည်ဒိုင်၊ဘဏ်ပေါင်း ၂၂ ခုနှင့် သိုလှောင်ရုံအဖြစ် အသုံးပြုထားသော အဆောက်အအုံ ၂ဝဝ ခန့်ရှိကြောင်းသိရသည်။

Credit : Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service