မြန်မာ့ရွှေ ပြည်ပနှင့် တရားဝင် ကုန်သွယ်မှု စတင်နိုင်တော့မည်

မြန်မာ့ရွှေ ပြည်ပနှင့် တရားဝင် ကုန်သွယ်မှု စတင်နိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
16 Aug 2018 11:57 am တွင် တင်ခဲ့သည်
1592 ကြိမ် ကြည့်ရှု့ပြီး
ရွှေနှင့် ရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာအပြင် အခြားအနုပညာပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်း၊ တင်သွင်းခြင်းများအတွက် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် One Stop Service Center ဖွင့်လှစ်၍ ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန တာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရွှေကို ကုန်သွယ်မှုပြုနိုင်ရန်အတွက် လိုအပ်သည့် One Stop Service Center ကို ယခုလကုန် သို့မဟုတ် ရှေ့လဆန်းတွင် ဖွင့်လှစ်မှုစတင်ဆောင်ရွက်ရန် စီစဉ်နေပြီဟု ၄င်းက ပြောသည်။

အဆိုပါ ကုန်သွယ်မှုပြုခွင့်တွင် ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ဗဟိုဘဏ်မှ စီမံခန့်ခွဲသည့် အဆင့်မီရွှေများပါဝင်မည်မဟုတ်ပဲ ဗဟိုဘဏ်က စီမံခန့်ခွဲခြင်းမရှိသည့် စံချိန်မီ မဟုတ်သော ရွှေများကိုသာ တင်ပို့ တင်သွင်းခွင့်ပြုမည်ဟု စီးပွား/ကူးသန်းမှ တာဝန်ရှိသူက ပြောသည်။

မြန်မာ့ရွှေကို ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရေးကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းအပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သော နှစ်နှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါနောက်အဆုံးအဆင့်ရောက်ရှိနေပြီဖြစ်သည်။

ရွှေသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပပို့ကုန်ထဲတွင် ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်စည်တစ်မျိုးဖြစ်သော်လည်း နယ်စပ်ယိုပေါက်များမှ ပတ်ဝန်းကျင်ရှိနိုင်ငံများသို့ ထွက်နေခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်က အခွန်ငွေများဆုံးရှုံးရပြီး အခြားနစ်နာမှုများလည်း ရှိနေခဲ့သည်။ မြန်မာနိုင်ငံပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံးမှာ ရွှေကြိုက်နှစ်သက်သည့် နိုင်ငံများဖြစ်သည့်အတွက် မြန်မာနိုင်ငံက ရွှေဝယ်ယူနေကြောင်း၊ ယင်းအတွက်လည်း ယိုပေါက်များရှိနေကြောင်း အမည်မဖော်လိုသည့် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ကန့်သတ်ကုန်စည်မှ ပယ်ဖျက်၍ ပြည်ပသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က တရားဝင်ပြောဆိုထားပြီးဖြစ်သည်။

မြန်မာ့ရွှေကို တရားဝင်လမ်းကြောင်းပေါ်မှ ပြည်ပတင်ပို့နိုင်ပါက နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားငွေများ စီးဝင်လာမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိုပါ အထောက်အကူ ပြုနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ ဥက္ကဌဦးကျော်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာ့သယံဇာတထဲမှ တစ်ခုဖြစ်သော ရွှေသည် တရားဝင်တင်ပို့မှု လမ်းကြောင်းပေါ်ရောက်လာပါက နိုင်ငံတော်က အခွန်ရရှိလာမည်ဖြစ်ပြီး ပုံမှန်မဟုတ်သော မှောင်ခိုလမ်းကြောင်းက ရောင်းချနေခြင်းထက် ပုံမှန်လမ်းကြောင်းသည် အခွန်အပြင် ပြည်ပသို့ တင်ပို့နေသည့် အချက်အလက် ရရှိလာမည်ဖြစ်သည်။

ထို့အတူ ပို့ကုန်လုပ်၍ရပါက နိုင်ငံတော်လိုအပ်နေသည့် ဒေါ်လာများ ဝင်လာရန်အကြောင်းရှိ၍ ငွေလဲလှယ်နှုန်းများလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ငွေကြေးခဝါချမှုကိုလည်း အထိုက်အလျောက်ထိန်းသိမ်းနိုင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

''အခု ဒါတွေက ဘာမှ (effect) မရှိဘူး။ အဂတိတိုက်ဖျက်ရေးအတွက် အန်ကယ်တို့အသင်းက နိုင်ငံတော်နဲ့ ပူးပေါင်းရမယ်။ ပူးပေါင်းဖို့လည်းရှိတယ်။ အခုက ပုံမှန်မဟုတ်တဲ့လမ်းကြောင်းက သွားနေတော့ နိုင်ငံတော်က အခွန်မရတာရှိတယ်''ဟု ၄င်းက လက်ရှိအခြေအနေကို ထောက်ပြသည်။

ပို့ကုန်၊ သွင်းကုန်လုပ်သူအားလုံးကို တရားဝင်လမ်းကြောင်းပေါ် ရောက်လာစေလိုပြီး အခက်အခဲရှိပါကလည်း အသင်းအနေဖြင့် ကူညီပေးမည်ဖြစ်ကြောင်း အရေးကြီးသည်မှာ အားလုံးက အမှန်တကယ်လုပ်ဆောင်ရန်သာ လိုအပ်သည်ဟု ဥက္ကဌက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံမှ ရွှေကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံများက ကုန်သည်များကလည်း ဝယ်ယူလိုကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းထံ ပြောဆိုထားမှုများရှိသည်ဟု အသင်းဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

ထိုသို့ ပြည်ပမှ ကုန်သည်များက ဝယ်ယူရန် စိတ်ဝင်စားနေသော်လည်း လက်ရှိအနေအထားတွင် ရွှေကို ပြည်ပတင်ပို့ရောင်းချနိုင်ရန် ပို့ကုန်တင်ပို့မည့်သူနှင့် ဝန်ကြီးဌာနကပါ နှစ်ဖက်လုံး အဆင်သင့်မဖြစ်သေးဟု ၄င်းက သုံးသပ်သည်။

''ကုန်သည်တွေဘက်ကလည်း ဘယ်လောက်ပို့မယ်ဆိုပြီး တက်လာတာ မရှိသေးဘူး။ နှစ်ဦးနှစ်ဖက်က တစ်ပြိုင်နက်တည်းလုပ်တော့မှပဲ အဖြေက ထွက်လာမှာ''ဟု ဦးကျော်ဝင်းက ပြောသည်။

One Stop Service Center ပြီးမှ ပြည်ပတင်ပို့ခြင်း၊ တင်သွင်းခြင်းများကို စတင်လုပ်ကြည့်မည်ဖြစ်ပြီး လုပ်ပြီးမှ အခြေအနေသိရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီး ဌာနက Export လုပ်ပြီဆိုပါက တရားဝင် ဖြေလျော့ပေးမည်ဟု ပြောဆိုထားသော်လည်း စာဖြင့်ထုတ်ပြန်ထားခြင်း တရားဝင်မရှိသေးကြောင်းသိရသည်။


Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service