အိမ်ခြံမြေသူဌေးကြီး လီကာရှင်း နှစ်နှစ်ခန့် ငြိမ်သက်နေခဲ့ပြီးနောက် ဟောင်ကောင်တွင် ကန်ဒေါ်လာ ၄ ဘီလီယံကျော်ဖြင့် ဆောက်လုပ်ရေးမြေနေရာဝယ်ယူ

အိမ်ခြံမြေသူဌေးကြီး လီကာရှင်း နှစ်နှစ်ခန့် ငြိမ်သက်နေခဲ့ပြီးနောက် ဟောင်ကောင်တွင် ကန်ဒေါ်လာ ၄ ဘီလီယံကျော်ဖြင့် ဆောက်လုပ်ရေးမြေနေရာဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
16 Aug 2018 11:47 am တွင် တင်ခဲ့သည်
1673 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် အိမ်ခြံမြေသူဌေးကြီး လီကာရှင်းသည် ဟောင်ကောင်တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း လူနေမြေကွက်တစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံ (ကန်ဒေါ်လာ ၂၄၈ သန်း) ဖြင့် ဝယ်ယူခဲ့ပြီး နှစ်နှစ်ကြာ ငြိမ်သက်နေခဲ့ရာမှ ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်တွင် ဆောက်လုပ်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်မည့် မြေနေရာတစ်ခုကို ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီဖြစ်သည်။

ယခုဝယ်ယူမှုကို လီကာရှင်း၏ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုမှတစ်ဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်၏ တောင်ဘက်၊ ဝေါင်ချောက်ဟန် မြေအောက်ဘူတာရုံနှင့် ကပ်လျက်တွင် တည်ရှိသော ဆောက်လုပ်ရေးစီမံကိန်း၏ အဆင့် ၃ ကို လီကာရှင်း၏ CK Asset Holdings က လေလံအောင်မြင်ကာ ဝယ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိသော်လည်း ဟောင်ကောင်ဒေါ်လာ ၃၆ ဘီလီယံခန့်ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

မကြာသေးမီကာလများအတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူတို့အကြား ဟောင်ကောင်ရှိ မြေနေရာများအပေါ် စိတ်ဝင်စားမှုများ ကျဆင်းလာနေရာ လီကာရှင်း၏ ယခုနောက်ဆုံးဝယ်ယူမှုမှာ အဆိုပါအခြေအနေနှင့် ဆက်နွှယ်မှုရှိဖွယ်ရှိသည်။

တရုတ်ပြည်မကြီးတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်လာနေရာ ပြည်မကြီး အိမ်ခြံမြေကုမ္ပဏီများက ဟောင်ကောင်တွင် မြေယာဝယ်ယူမှုများ ပြောင်းလဲပြုလုပ်လာကြသည်။

ရှန်းဇန်အခြေစိုက် Logan Property Holdings နှင့် ကွမ်ကျိုးအခြေစိုက် KWG Property တို့က လူနေမြေနေရာတစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံဖြင့် ဝယ်ယူလိုက်မှုမှာ မကြာသေးမီကာလများအတွင်း အမြင့်မားဆုံးဈေးနှုန်း ဖြစ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service