နယူးဇီလန်အစိုးရက စင်္ကာပူနိုင်ငံသားများမှလွဲပြီး နိုင်ငံခြားသားများကို အိမ်ခြံမြေဝယ်ယူခွင့် ပိတ်ပင်မည်

နယူးဇီလန်အစိုးရက စင်္ကာပူနိုင်ငံသားများမှလွဲပြီး နိုင်ငံခြားသားများကို အိမ်ခြံမြေဝယ်ယူခွင့် ပိတ်ပင်မည် - Property News in Myanmar from iMyanmarHouse.com
16 Aug 2018 11:37 am တွင် တင်ခဲ့သည်
1847 ကြိမ် ကြည့်ရှု့ပြီး
နယူးဇီလန်အစိုးရသည် စင်္ကာပူနိုင်ငံသားများမှလွဲပြီး နိုင်ငံခြားသားများကို အိမ်ခြံမြေဝယ်ယူခွင့် ပိတ်ပင်ရန် စီစဉ်လျက်ရှိကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြည်ပရင်းနှီးမြှုပ်နှံသူတို့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာနေခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုခဲ့မှုအရ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ကုန်သွယ်ရေးသဘောတူညီချက်များကို လိုက်နာသောအားဖြင့် စင်္ကာပူနှင့် သြစတေးလျနိုင်ငံသားများကိုမူ ယခုပိတ်ပင်ချက်မှ ကင်းလွတ်ခွင့်ပေးမည်ဟုလည်း ဆိုသည်။

ယခုတားမြစ်ချက်ကို “ပြည်ပရင်းနှီးမြှုပ်နှံမှုတားမြစ်ချက် ဥပဒေ Overseas Investment Amendment Bill ” ဟု ဥပဒေတစ်ရပ် ပြဌာန်းကာ ပိတ်ပင်မည် ဖြစ်သည်။

ယင်းဥပဒေကို ဝယ်လင်တန်မြို့ရှိ လွှတ်တော်တွင် သြဂုတ်လ ၁၅ ရက်၌ နောက်ဆုံးအကြိမ် ဆွေးနွေးကြမည်ဖြစ်ပြီး အစိုးရဖွဲ့စည်းထားသည့် ပါတီ ၃ ရပ်လုံးက ထောက်ခံထားသောကြောင့် အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က ပြီးခဲ့သောနှစ်ရွေးကောက်ပွဲကာလအတွင်း ပြည်ပဝယ်လက်တို့ကို ပိတ်ပင်သွားမည်ဟု ရွေးကောက်ပွဲကတိပေးခဲ့ဖူးသည်။

ပြည်ပဝယ်လက်တို့၏ ဈေးကစားမှုများကြောင့် အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်လာကာ ပြည်တွင်း လူငယ်နိုင်ငံသားများအတွက် အိမ်ခြံမြေများ မဝယ်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်းများမှာ ၆၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ပြီး ၁၉၅၁ ခုနှစ်နောက်ပိုင်း နေအိမ်ပိုင်ဆိုင်မှု အနိမ့်ဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့သည်။

“နယူးဇီလန်အိမ်ခြံမြေဈေးကွက်ဟာ နယူးဇီလန်မှာပဲ အခြေတည်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာ မဖြစ်သင့်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ မွေးရာပါ အခွင့်အရေးပါပဲ” ဟု အဆိုပါဥပဒေပြဌာန်းရန် လွှတ်တော်တွင် ဦးဆောင်ကြိုးပမ်းခဲ့သူ ရှေ့နေချုပ် ဒေးဗစ် ပါကားက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service