ဒေါ်လာ တစ်ရက်တည်း ကျပ် ၄၀ ခန့်တက်၊ ၁,၅၂၅ ကျပ်ဖြင့် စံချိန်သစ်တင်

ဒေါ်လာ တစ်ရက်တည်း ကျပ် ၄၀ ခန့်တက်၊ ၁,၅၂၅ ကျပ်ဖြင့် စံချိန်သစ်တင် - Property News in Myanmar from iMyanmarHouse.com
16 Aug 2018 10:52 am တွင် တင်ခဲ့သည်
1712 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းငွေကြေးဈေး ကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် တစ်ရက်တည်းပင် တစ်ဒေါ်လာ ၄၀ ကျပ်ခန့် မြင့် တက်ပြီး ယမန်နေ့ညနေ ဈေး ပိတ်ချိန်၌ တစ်ဒေါ်လာ ၁,၅၂၅ ကျပ်ဖြင့် ငွေကြေးဈေးကွက် သမိုင်းတွင် အမြင့်ဆုံးနှုန်း ရောက် ခဲ့သည်။

ဗဟိုဘဏ်က ဒေါ်လာဈေး နှုန်းကို လွတ်လပ်စွာ ရောင်းဝယ် ခွင့်ပြုပြီး နှစ်ရက်မြောက်နေ့ သြ ဂုတ် ၁၅ ရက် နံနက် ငွေကြေး ဈေးကွက်တွင် တစ်ဒေါ်လာ ၁,၄၆၈ ကျပ်ဖြင့် ဈေးစဖွင့်ပြီး မွန်းတည့် ၁၂ နာရီတွင် ၁,၅၀၅ ကျပ်၊ မွန်းလွဲ ၂ နာရီတွင် ၁,၅၀၈ ကျပ်၊ ညနေ ၅ နာရီ ဈေးပိတ်ချိန်တွင် ၁,၅၂၅ ကျပ်သို့ ဆက်တိုက်မြင့်တက်ခဲ့သည်။

ထို့ကြောင့် တစ်ရက်အတွင်း ဒေါ်လာဈေး ၃၉ ကျပ်တက်ခဲ့ခြင်း သည် ယခင်မရှိခဲ့ဖူးသည့် အများ ဆုံးနှုန်းဖြစ်သည်။

ငွေကြေးဈေးကွက်တွင် ဒေါ် လာတန်ဖိုးမြင့်တက်မှုက ဈေးနှုန်း ဆွဲတင်သူများကြောင့် ထိတ်လန့် တကြား အဝယ်များသဖြင့် မြင့် တက်လာခြင်းဖြစ်ကြောင်း ငွေလဲ ဝန်ဆောင်မှုလုပ်ကိုင်သူတစ်ဦးက သုံးသပ်သည်။

လက်ရှိငွေကြေးဈေးကွက် တွင် ဒေါ်လာတန်ဖိုးစံချိန်တင်မြင့် တက်နေသည့် အခြေအနေကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များက ပြည်သူများသို့ ရှင်းပြသင့်ကြောင်း မြန်မာနိုင်ငံသားများဘဏ် အုပ် ချုပ်မှုဒါရိုက်တာနှင့် အမှုဆောင် အရာရှိချုပ် ဒေါက်တာသောင်း ဟန်က အကြံပြုသည်။

‘‘ပြောတဲ့ စကားတွေက လည်း လူတွေကို ပိုကြောက်သွား အောင် လုပ်တာမျိုးမဖြစ်စေချင် ဘူး။ လူတွေကိုပိုပြီးကြောက်လန့် သွားစေတာ မဟုတ်ဘဲနဲ့ အကျိုး သင့် အကြောင်းသင့် ဆင်ခြင် တတ်ပြီးတော့ ဒါလေးက တစ် ကမ္ဘာလုံးမှာ တက်နေတာပဲ၊တို့ဆီ လည်းတက်နေတာပဲ၊ ဝိုင်းလုစ ရာ မလိုပါဘူး’’ ဟု ဒေါက်တာ သောင်းဟန်က အကြံပြုသည်။

နိုင်ငံတော်အဆင့် တာဝန်ရှိသူများ ဒေါ်လာ လဲလှယ်နှုန်း နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထွက်ပြောမည်ဆိုပါက ဒေါ်လာ ဈေးနှုန်း ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်းအကြား ပြန်လည်ကျဆင်းလာနိုင်ကြောင်း ဒေါက်တာသောင်းဟန်က ပြောသည်။

မြန်မာနိုင်ငံတွင် တရားမဝင် ငွေကြေေးဈးကွက် ကြီးမားခြင်း ကြောင့် တစ်စုံတစ်ရာဖြစ်ပါက ဈေးကွက်ထိတ်လန့်မှုများ ရှိနေ ပြီး ကန်ဒေါ်လာကို ကြိုတင်ဝယ် ယူစုဆောင်းမှုများရှိသည်ဟု ၎င်း ကဆိုသည်။

‘‘ဈေးကွက်လန့်နေတာ။ဘာ ဖြစ်နေမှန်း မသိတာလည်း ပါ တယ်’’ ဟု ဘဏ်လုပ်ငန်းအကြံ ပေးပုဂ္ဂိုလ် ဦးရဲမင်းဦးက ပြော သည်။ လက်ရှိတွင် ဗဟိုဘဏ်က ပြည်တွင်း သတင်းမီဒီယာများ၊ နိုင်ငံပိုင်သတင်းမီဒီယာများတွင် ကြုံတွေ့နေရသည့် အခြေအနေ ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြ ခြင်း၊ ကြေညာချက်များ ထုတ်ပေး ခြင်းတို့ ပြုလုပ်သင့်ကြောင်း ဦးရဲ မင်းဦးက ပြောသည်။

ဒေါ်လာတန်ဖိုးသည်မြန်မာနိုင်ငံတွင် ၂၀၁၈ ဇွန်လလယ်ပိုင်းက စတင်မြင့်တက်လာပြီး နှစ်လအတွင်း ၁၂ ရာခိုင်နှုန်း မြင့်တက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းခဲ့သည်။ ဇွန်လလယ်တွင် တစ်ဒေါ်လာ ကျပ် ၁,၃၅၀ ခန့်မှ သြဂုတ် ၁၅ ရက်တွင် ၁,၅၂၅ ကျပ်သို့ မြင့်တက်ခြင်းကြောင့် နှစ် လအတွင်း ၁၇၅ ကျပ် တက်လာ သည်။

နိုင်ငံတကာ ငွေကြေးဈေး ကွက်တွင် ဒေါ်လာ တန်ဖိုး မြင့်တက်နေသော်လည်း မြန်မာ နိုင်ငံ၌ ဒေါ်လာတန်ဖိုးမြင့်တက်မှု ပိုမိုများနေခြင်းက ပြည်တွင်းစီး ပွားရေးအတွက် အခက်အခဲဖြစ် စေကြောင်း မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံတွင် ကန်ဒေါ် လာတန်ဖိုး သမိုင်းတစ်လျှောက် အမြင့်ဆုံးသည် ၂၀၁၆ ဒီဇင်ဘာ က တစ်ဒေါ်လာ ၁,၄၄၄ ကျပ်ဈေး ဖြစ်သည်။ ထို့ကြောင့် လက်ရှိတစ်ဒေါ်လာဈေးနှုန်းသည် စံချိန်တင်မြင့်တက်ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ စိုးရိမ်နေသည်။

ဒေါ်လာဈေး မြင့်တက်နေ ချိန်တွင် ငွေကြေးဈေးကွက်မှကန်ဒေါ်လာကို ကြိုတင်ဝယ်ယူမှု မပြုလုပ်ရန် ဒေါက်တာ သောင်းဟန်က အကြံပြုသည်။

ငွေကြေးဈေးကွက်မှ ထိတ်လန့်တကြား ဝယ်ယူမှုများကြောင့် အိန္ဒိယနိုင်ငံတွင် ဒေါ်လာနှင့် ရူပီး ငွေလဲနှုန်း ၁၀ ရာခိုင်နှုန်းခန့် မြင့် တက်သော်လည်း မြန်မာနိုင်ငံက ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်ရ သည်ဟု ၎င်းကဆိုသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ကန်ဒေါ်လာဈေး တရိပ်ရိပ်တက် လာ နေခြင်းအပေါ် အလွန်အကျွံ စိုးရိမ်မနေသင့်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (ဒီချုပ်) စီးပွား ရေးအကြံပေး ပညာရှင်ရှောင်တာ နဲလ်က မှတ်ချက်ပြုခဲ့သည်။

ဒေါ်လာဈေးနှုန်းမြင့်တက်မှု သည် တစ်ကမ္ဘာလုံးအတိုင်းအ တာနှင့် ဖြစ်ပျက်နေသည့် ကိစ္စ တစ်ခုဖြစ်ကြောင်း၊ ကန်ဒေါ်လာ သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ မှ ငွေကြေးအပါအဝင် ဈေးကွက် ထဲရှိ ငွေကြေးယူနစ်အားလုံးအ ပေါ် သက်ရောက်မှုရှိနေကြောင်း၊ ထို့အပြင် ကန်ဒေါ်လာကို ထိန်းညှိ သည့် အဓိက ပြိုင်ဘက်သဖွယ် ဖြစ်နေသည့် ရွှေဈေးနှင့်ယှဉ်၍ပါ မြင့် တက်နေကြောင်း၊ ထို့ကြောင့် ကျပ်ငွေလည်း ကန်ဒေါ်လာနှင့် ယှဉ်ပါက တန်ဖိုးကျခြင်းသည် နိုင်ငံတကာနှင့် ဆက်စပ်နေသည့်ပုံမှန်အခြေအနေဟု ဆိုနိုင်ကြောင်း Macquarie တက္ကသိုလ်မှ စီးပွားရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခလည်းဖြစ်သည့် ရှောင်တာနဲလ်က ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service