တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည်

တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
14 Aug 2018 11:14 am တွင် တင်ခဲ့သည်
1398 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်၊ ဟိုင်နန်ကျွန်းအခြေစိုက် HNA ကုမ္ပဏီသည် လွန်ခဲ့သော ၂ နှစ်က ဝယ်ယူထားခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်အခြေစိုက် Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းမြို့ အခြေစိုက် Jin Jiang International Holdings ထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း Radisson ကုမ္ပဏီ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

Jin Jiang International Holdings သည် တရုတ်နိုင်ငံပိုင် ဟိုတယ်အုပ်စုဖြစ်ပြီး အခြားရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲကာ Radisson Hospitality ဟိုတယ်အုပ်စုကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် စီစဉ်ခြင်းဖြစ်ပြီး ဝယ်ယူမှုလုပ်ငန်းစဉ်တွင် အဆင့်များစွာ ပါဝင်မည်ဟု ဆိုသည်။

HNA ကုမ္ပဏီသည် တစ်ချိန်ကမူ ကမ္ဘာ့ထိပ်တန်း ဟိုတယ်အုပ်စုကြီးဖြစ်ခဲ့၏။
သို့ရာတွင် အကြွေးများစွာ တင်ရှိမှုကြောင့် ၂၀၁၇ နှစ်ကုန်ပိုင်းမှစတင်ပြီး ကမ္ဘာတစ်ဝန်းရှိ ဟိုတယ်များအားလုံး အပါအဝင် အိမ်ခြံမြေများစွာကို ရောင်းထုတ်လျက်ရှိရာ ယခုအရောင်းအဝယ်မှာ ၎င်းတို့၏ နောက်ဆုံးလက်ကျန်ကို ရောင်းထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

HNA ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဟီလ်တန်ဟိုတယ်၊ စပိန်မှ NH Hotels နှင့် Radisson ၏ ယခင်ကုမ္ပဏီဖြစ်သော Carlson Rezidor Hotels တို့၏ ရှယ်ယာများကို ကန်ဒေါ်လာ ၉ ဘီလီယံအထိ သုံးစွဲကာ ဝယ်ယူခဲ့သည်။

HNA ကုမ္ပဏီက ပြန်လည်ပေးဆပ်ရမည့် အကြွေးပမာဏမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးရှိသောကြောင့် ယခုကဲ့သို့ ပိုင်ဆိုင်မှုအားလုံး ရောင်းထုတ်ရလျက်ရှိခြင်းလည်း ဖြစ်သည်။

Jin Jiang က Radisson ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူမည့်အပြင် ယင်းကုမ္ပဏီတွင် HNA Sweden က ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၁၈ ဒသမ ၅ ရာခိုင်နှုန်းကိုလည်း ဝယ်ယူရန် သဘောတူခဲ့သည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်အရ Jin Jiang သည် Radisson group ၏ အမှတ်တံဆိပ်များဖြစ်သော Radisson, Radisson Blu, Radisson Red, Park Inn and Country Inn & Suites တို့ကို ထိန်းချုပ်ခွင့်ရရှိမည် ဖြစ်သည်။

Jin Jiang သည် တရုတ်ပြည်တွင်းနှင့် ကမ္ဘာတစ်ဝန်းတွင် ဟိုတယ်ပေါင်း ၆၇၀၀ ကျော် ပိုင်ဆိုင် (သို့မဟုတ်) လုပ်ကိုင်လျက်ရှိသည်။

HNA သည် Radisson group ကို ၂၀၁၆ ခုနှစ်အတွင်း Carlson Rezidor ထံမှ ကန်ဒေါ်လာ ၂ ဘီလီယံဝန်းကျင်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်မှ HNA ကုမ္ပဏီက လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည့် အမေရိကန်ရှိ Radisson Hospitality ဟိုတယ်အုပ်စုကို ရှန်ဟိုင်းကုမ္ပဏီထံ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service