ကွမ်ကျိုးနှင့် စင်္ကာပူတွင် အဆင့်မြင့်အိမ်ဈေးများ အမြန်ဆုံးနှုန်းဖြင့် မြင့်တက်

ကွမ်ကျိုးနှင့် စင်္ကာပူတွင် အဆင့်မြင့်အိမ်ဈေးများ အမြန်ဆုံးနှုန်းဖြင့် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
13 Aug 2018 10:06 am တွင် တင်ခဲ့သည်
1552 ကြိမ် ကြည့်ရှု့ပြီး
Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီမှ သြဂုတ် ၇ တွင်
ထုတ်ပြန်ခဲ့သော အချက်အလက်များအရ အာရှမြို့ကြီးများသည် ဒုတိယသုံးလပတ်အတွင်း အဆင့်မြင့်အိမ်ဈေးမြင့်တက်မှုနှုန်းအခြေအနေတွင် အခြားမြို့များနှင့် ဖီဆန်ခဲ့ကြောင်း တွေ့ရသည်။

ယခုနှစ် ဒုတိယသုံးလပတ်အတွင်း ကမ္ဘာ့မြို့ကြီး ၄၃ ခု၏ အိမ်ဈေးကွက်အခြေ
အနေများကို Knight Frank က ဆန်းစစ်လေ့လာခဲ့ရာ ဈေးကွက်အများပြားတွင်
အဆင့်မြင့်အိမ်ဈေးများ ကျဆင်းခဲ့သော်လည်း ကွမ်ကျိုးနှင့် စင်္ကာပူတို့တွင်
အဆင့်မြင့်အိမ်ဈေးများ အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့ကြောင်း သိရသည်။

ဇွန်အထိ သုံးလတာအတွင်း ကွမ်ကျိုးနှင့် စင်္ကာပူတို့တွင် အဆင့်မြင့်အိမ်ဈေး ၁၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၁၁ ဒသမ ၅ ရာခိုင်နှုန်းစီ အသီးသီးမြင့်တက်ခဲ့ကြသည်။

ကွမ်ကျိုးနှင့် စင်္ကာပူပြီးနောက် မက်ဒရစ်မြို့ကလည်း မြင့်တက်နှုန်း ၁၀ ဒသမ ၃ ရာခိုင်နှုန်းဖြင့် မြင့်တက်နှုန်း ဆယ်ဂဏန်းရှိခဲ့သည့် သုံးခုတည်းသောမြို့များတွင် ပါဝင်ခဲ့သည်။

တင်းကျပ်လိုက်သော၊ အသစ်ချမှတ်လိုက်သော အိမ်ခြံမြေစည်းမျဉ်းများ၊
ငွေဈေးနှုန်းတင်းမာလျော့ကျမှုနှင့် မတည်ငြိမ်သော နိုင်ငံရေးအခြေအနေ
တို့ကြောင့် ဈေးကွက်အများပြားတွင် အဆင့်မြင့်အိမ်ဈေးနှုန်းများသည်
မဆိုစလောက်သာ မြင့်တက်ဖွံ့ဖြိုးခဲ့ကြကြောင်း Knight Frank ၏
နိုင်ငံတကာလူနေအိမ်ခြံမြေသုတေသနရေးရာ လေ့လာသူ
ကိတ်အဲဗရက်အယ်လင်က ပြောကြားခဲ့သည်။

ကွမ်ကျိုး၏ အဆင့်မြင့်အိမ်ဈေးကွက်အခြေအနေသည် ယင်းမတိုင်မီ
သုံးလပတ်တွင် ၁၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်နှုန်းရှိခဲ့ရာမှ
ကျဆင်းခဲ့ခြင်းဖြစ်သည်။ ပေကျင်းနှင့် ရှန်ဟိုင်းတို့က အဆိုပါလေ့လာမှု၌
မြင့်တက်နှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၃ ရာခိုင်နှုန်းတို့ဖြင့် အဆင့် ၁၀ နှင့် ၂၂ တို့တွင် ရရှိခဲ့ကြသည်။

စင်္ကာပူတွင်မူ အဆင့်မြင့်အိမ်ဈေးမြင့်တက်နှုန်း ကျဆင်းနေခဲ့ရာမှ
ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ကျန်ဒုတိယနှစ်ဝက်တွင်လည်း အဆိုပါဈေးကွက်အခြေအနေများအတိုင်း
အလားတူဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း Knight Frank ၏
အာရှပစိဖိတ်သုတေသနရေးရာအကြီးအကဲ နီကိုးလက်စ်ဟော့လ်ထ်က
ပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service