The Godfather Part II ဖြင့် အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ရောဘတ်ဒီနီရိုးက လန်ဒန်တွင် ဇိမ်ခံဟိုတယ်ကြီး ဆောက်လုပ်ရန် စီစဉ်ထားမှု ဖျက်သိမ်း

The Godfather Part II ဖြင့် အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ရောဘတ်ဒီနီရိုးက လန်ဒန်တွင် ဇိမ်ခံဟိုတယ်ကြီး ဆောက်လုပ်ရန် စီစဉ်ထားမှု ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
10 Aug 2018 12:16 pm တွင် တင်ခဲ့သည်
2428 ကြိမ် ကြည့်ရှု့ပြီး
၁၉၇၄ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သည့် The Godfather Part II ဇာတ်ကားတွင် ဗီတို ကော်လီယွန်အဖြစ် ပါဝင်သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ပို့ အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် သရုပ်ဆောင်မင်းသားကြီး ရောဘတ်ဒီနီရိုးသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၊ Covent Garden ခရိုင်တွင် ဇိမ်ခံဟိုတယ်ကြီးတစ်လုံး ဆောက်လုပ်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်း
ဗြိတိန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝက်စ်မင်စတာကောင်စီက ရောဘတ်ဒီနီရိုး၏ အခန်း ၈၃ ခန်းပါ ဝယ်လင်
တန်ဟိုတယ် (The Wellington ) စီမံကိန်းကို ၂၀၁၆ ခုနှစ်ကတည်းကပင်
ခွင့်ပြုချက် ပေးထားပြီးလည်း ဖြစ်သည်။

ရောဘတ်ဒီနီရိုးသည် BD Hotels အုပ်စုနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

The Wellington ကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ထိုစဉ်က ရည်မှန်းခဲ့သည်။

အမေရိကန်အခြေစိုက် BD Hotels ကို တည်ထောင်သူ အိုင်ရာ ဒရပ်ကီယာက ပြောကြားရာတွင် ပြောင်းလဲနေသော စီးပွားရေးပုံရိပ်ကြောင့် စီမံကိန်းကို အကောင်အထည်ဖော်ဖြစ်မည်မဟုတ်ကြောင်းနှင့် စီးပွားရေးအခြေအနေများ ပြောင်းလဲပါက စီမံကိန်းကို ရှေ့ဆက်ဖြစ်လိမ့်မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

စထရင်းလမ်း၊ ဝယ်လင်တန်လမ်း၊ တာဗီစတော့ခ်လမ်း၊ ဘာလေးလမ်းနှင့် အိတ်ဇီတာလမ်းထောင့်တို့တွင် တည်ရှိသော အဆောက်အအုံ ၆ လုံးနေရာတွင် တည်ဆောက်သွားမည့် စီမံကိန်းလည်း ဖြစ်သည်။

စီမံကိန်းကို ခွင့်ပြုခဲ့သည့်အတွက် ထိုစဉ်က ရောဘတ်ဒီနီရိုးပြောကြားခဲ့သည်မှာ မိမိတို့၏ ရည်မှန်းချက်အပေါ် ယုံကြည်မှုထားပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။

နောက်ပိုင်းတွင် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်လိုက်ပြီးနောက်ပိုင်း စီးပွားရေးနှင့် အိမ်ခြံမြေဈေးကွက်တွင် အခြေအနေများစွာ ပြောင်းလဲသွားခဲ့သည်။

အိမ်ခြံမြေဈေးကွက်တွင်ဆိုလျှင် ငှားရမ်းခများ ခေါင်ခိုက်လာလျက်ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
The Godfather Part II ဖြင့် အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ရောဘတ်ဒီနီရိုးက လန်ဒန်တွင် ဇိမ်ခံဟိုတယ်ကြီး ဆောက်လုပ်ရန် စီစဉ်ထားမှု ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
The Godfather Part II ဖြင့် အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ရောဘတ်ဒီနီရိုးက လန်ဒန်တွင် ဇိမ်ခံဟိုတယ်ကြီး ဆောက်လုပ်ရန် စီစဉ်ထားမှု ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
The Godfather Part II ဖြင့် အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ရောဘတ်ဒီနီရိုးက လန်ဒန်တွင် ဇိမ်ခံဟိုတယ်ကြီး ဆောက်လုပ်ရန် စီစဉ်ထားမှု ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service