အထည်ချုပ်စက်ရုံပေါင်း ၃၇၇ ရုံ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြေနေရာပြင်ဆင်မှုများ ရှိနေ

အထည်ချုပ်စက်ရုံပေါင်း ၃၇၇ ရုံ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြေနေရာပြင်ဆင်မှုများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
10 Aug 2018 11:25 am တွင် တင်ခဲ့သည်
2372 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံပေါင်း ၃၇၇ ရုံ တိုးချဲ့ဆောင်
ရွက်နိုင်ရန် မြေနေရာပြင်ဆင်မှုများ ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံများပေါ်ပေါက်လာပါက တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးလာမည့် အပြင်ဆက်စပ်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဥပဒေပြင်ဆင်ခြင်းများဆောင်ရွက်ခြင်းကြောင့် အထည်ချုပ်စက်ရုံများ တည်ထောင်ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာနေပြီး အလုပ်သမားများအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝသော အလုပ်သမားဖြစ်ရန်လိုအပ်ကြောင်း သိရသည်။ယခုနောက်ပိုင်းတွင် လုပ်သားအင်အားအများဆုံးအသုံးပြုရသည့်အထည်ချုပ်လုပ်ငန်းများကို ပိုမိုခွင့်ပြုပေးလျက်ရှိပြီး တည်ဆောက်နေဆဲ စက်မှုဇုန်အချို့တွင် အထည်ချုပ်၊အဝတ်အထည်ဆိုင်ရာ အထူးဇုန်များကို ထည့်သွင်းရန် ရှိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၈ ခုနှစ် ဧပြီလနှင့် မေလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့သည့်အနက် လက်ခစားစနစ်(CMP) ဖြင့် ချုပ်ပြီး အထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၃၈ သန်းနှင့်အများဆုံးတင်ပို့နိုင်ခဲ့သော လများဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၄ဝဝ ကျော်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ပြင်ဆင်နေသော အထည်ချုပ်လုပ်ငန်းများလည်း ရှိသည်။

ယင်းအထည်ချုပ်စက်ရုံများသည် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးတည်ရှိနေပြီး စက်မှုဇုန်ပေါင်း ၂၉ ဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်များ တည်ဆောက်လုပ်ကိုင်လျက်ရှိသည်။ငါးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်းများမှ တစ်ဆင့် ပို့ကုန်သုံးဆအထိ တိုးမြှင့်နိုင်ပြီးအလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်သဖြင့် ယင်းအထည်ချုပ် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ခွင့်ပြုပေးရန်ရှိကြောင်း သိရသည်။

Credit :Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service