ချယ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန် အဗရာမိုဗစ် လန်ဒန်ရှိ Penthouse ခန်းကို ပေါင် သန်း ၃၀ ဖြင့် ဝယ်ယူ

ချယ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန် အဗရာမိုဗစ် လန်ဒန်ရှိ Penthouse ခန်းကို ပေါင် သန်း ၃၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
9 Aug 2018 11:29 am တွင် တင်ခဲ့သည်
3228 ကြိမ် ကြည့်ရှု့ပြီး
ချယ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန် အဗရာမိုဗစ်သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ Penthouse ခန်းတစ်ခန်းကို ပေါင် သန်း ၃၀ ဖြင့် ဝယ်ယူလိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။
အဗရာမိုဗစ်ခ်ျ ဝယ်ယူလိုက်သောအခန်းမှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအနီးတည်ရှိပြီး စတုရန်းပေ ၆၀၀၀ ခန့် ကျယ်ဝန်းသည်။

ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသည့် မှန်ပြတင်းများ ပါဝင်ပြီး အောက်ဘက်ရှိ သိမ်းမြစ်ကြီးကို စီးမိုးတွေ့မြင်နေရပြီး ဝန်းကျင်မြင်ကွင်းများကို ၃၆၀ ဒီဂရီ ရှုမြင်ရနိုင်သည်။

အဗရာမိုဗစ်ခ်ျသည် သူ၏ ဗီဇာကို သက်တမ်းတိုးနိုင်ခြင်းမရှိသည့်ကြားမှ ယခု penthouse ခန်းကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

အင်္ဂလန်နှင့် ရုရှားအကြား ဆက်ဆံရေးတင်းမာမှုများကြောင့် မိုဗစ်ခ်ျ၏ ရင်းနှီးမြှုပ်နှံသူ ဗီဇာသက်တမ်းတိုးခြင်း နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် မိုဗစ်ခ်ျက ဗီဇာလျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အစ္စရေးပတ်စ်ပို့တစ်ခု ပြုလုပ်ခဲ့သည်။

ဗြိတိန်တွင် အစ္စရေးပတ်စ်ပို့စ်ကိုင်ဆောင်သူများကို ဗီဇာမလိုဘဲ ခရီးတိုများ ဝင်ထွက်ခွင့် ပေးအပ်ထား၏။

ယခု penthouse ခန်း တည်ရှိရာ တာဝါကြီးမှာ ဆောက်လုပ်ရေးဝန်းကြီးတစ်ခုအတွင်း တည်ရှိပြီး စီမံကိန်းတစ်ခုလုံးမှာ လာမည့် ၂၀၂၁ ခုနှစ်သို့ ရောက်သည့်တိုင် အပြီးသတ် ပြီးစီးဖွယ်အခြေအနေ မရှိသေးချေ။

Chelsea Waterfront အမည်ရှိ အဆိုပါ စီမံကိန်းအတွင်း မီးခိုးခေါင်းတိုင် ၂ လုံးပါ Lots Road အမည်ရှိ ဓာတ်အားပေးစက်ရုံ ဟောင်းကြီးတစ်ခုလည်း ပါဝင်သည်။

ယခင်က လန်ဒန်၏ မြေအောက်ဆက်သွယ်ရေးစနစ်များသို့ လျှပ်စစ်ဓာတ်အားပေးခဲ့ပြီး ၂၀၀၂ ခုနှစ်သို့ရောက်မှ အသုံးပြုမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကာ နောက်ပိုင်းတွင် လူနေခန်းများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များအဖြစ် ပြောင်းလဲအသုံးပြုထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ချယ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန် အဗရာမိုဗစ် လန်ဒန်ရှိ Penthouse ခန်းကို ပေါင် သန်း ၃၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ချယ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန် အဗရာမိုဗစ် လန်ဒန်ရှိ Penthouse ခန်းကို ပေါင် သန်း ၃၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ချယ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန် အဗရာမိုဗစ် လန်ဒန်ရှိ Penthouse ခန်းကို ပေါင် သန်း ၃၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service