အနီးစပ်ဆုံးအနာဂတ်တွင် မလေးရှား၏ အမြင့်ဆုံးတာဝါဖြစ်လာမည့် Merdeka PNB 118 တာဝါ၏ တိုးတက်မှုအခြေအနေ

အနီးစပ်ဆုံးအနာဂတ်တွင် မလေးရှား၏ အမြင့်ဆုံးတာဝါဖြစ်လာမည့် Merdeka PNB 118 တာဝါ၏ တိုးတက်မှုအခြေအနေ - Property News in Myanmar from iMyanmarHouse.com
9 Aug 2018 10:55 am တွင် တင်ခဲ့သည်
2148 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံ၏ အမြင့်ဆုံးအဆောက်အအုံအဖြစ် ကာလရှည်ကြာ
ရပ်တည်နေနိုင်သည့် Petronas Twin Towers ၏ စံချိန်ကို ချိုးတော့မည့်
Merdeka PNB 118 တာဝါ သည် ၂၀၁၈ ခုနှစ် သြဂုတ် ၃ ရက်တွင် အထပ်ပေါင်း ၃၀ အထိ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။

စုစုပေါင်း ၁၁၈ ထပ်မြင့်မည့် ၎င်းတာဝါစီမံကိန်းသည် မြို့တော်ကွာလာလမ်ပူရှိ
၁၉၅၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၏လွတ်လပ်ရေးကို ကြေညာခဲ့သည့်
နေရာဖြစ်သော မာဒေးကားအားကစားကွင်းအနီး၌ အဆင်ပြေချောမွေ့စွာ
အကောင်အထည်ပေါ်တိုးတက်လျက်ရှိသည်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်လက်ထက်တွင် စတင်ခဲ့ကာ နိုင်ငံပိုင်ငွေကြေးရန်ပုံငွေစီမံခန့်ခွဲရေးကုမ္ပဏီ Permodalan Nasional Berhad (PNB) ၏ စီမံကိန်းဖြစ်သည့် ၎င်းတာဝါစီမံကိန်းအား တရားလွန်ဖြုန်းတီးမှုကြီး
အဖြစ် ဝေဖန်သူများက သရော်ထားကြသည်။

၂၀၀၄ ခုနှစ်တွင် Taipei 101 မိုးမျှော်တိုက် မပေါ်ပေါက်လာမီအထိ ၁၉၉၈
ခုနှစ်ကတည်းက ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်အဖြစ် စံချိန်တင်ခဲ့သည့် Petronas Twin Towers သည် ၃၇၅ မီတာ (၁၂၃၀ ပေ) မြင့်ပြီး Merdeka PNB 118 တာဝါက ၆၄၄ မီတာ မြင့်မည်ဖြစ်သည်။

၎င်း Merdeka PNB 118 တာဝါအား လာမည့် ၂၀၂၄ ခုနှစ်တွင်
တည်ဆောက်ပြီးစီးရန် လျာထားခံရကြောင်း သိရသည်။

၎င်းတာဝါထက် သာလွန်မြင့်မားမည့် Tower M ဟု ယာယီအမည်ရသော
အထပ်ပေါင်း ၁၄၅ ထပ်မြင့်မည့် သုံးခုတွဲအထပ်မြင့်အဆောက်အအုံတွဲ
စီမံကိန်းတစ်ခုသည်လည်း လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းလည်း
ကွာလာလမ်ပူတွင် ပေါ်ပေါက်လာဦးမည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည့်လနှောင်းပိုင်းက နိုင်ငံတကာသတင်းများတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အနီးစပ်ဆုံးအနာဂတ်တွင် မလေးရှား၏ အမြင့်ဆုံးတာဝါဖြစ်လာမည့် Merdeka PNB 118 တာဝါ၏ တိုးတက်မှုအခြေအနေ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service