ရခိုင်တွင် မြေတဧက ကျပ် သိန်း ၁ သောင်းနှုန်းဖြင့် လျော်ကြေးပေး

ရခိုင်တွင် မြေတဧက ကျပ် သိန်း ၁ သောင်းနှုန်းဖြင့် လျော်ကြေးပေး - Property News in Myanmar from iMyanmarHouse.com
6 Aug 2018 11:55 am တွင် တင်ခဲ့သည်
3089 ကြိမ် ကြည့်ရှု့ပြီး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် မြေယာလျော်ကြေး ပေးအပ်ရာ မြေတဧက ကျပ်သိန်း ၁ သောင်းကျော် အထိ ပေးအပ်မှုတခု ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်တွင် မြေသိမ်းခံရသူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

၁၉၉၃ ခုနှစ်တွင်၊ တောင်ကုတ်မြို့နယ် ခန်းမ တည်ဆောက်ရာတွင် နေရာဖယ်ရှားခြင်း ခံရသည့် အိမ်ထောင်စု ၁၂ စုကို နေရာချပေးရန် ကံပိုက်ရပ်ကွက်၊ ပြည် – တောင်ကုတ် လမ်းမကြီးဘေး နေရာများမှာ သိမ်းဆည်းခဲ့ပြီး ယင်းနေရာများတွင် နေထိုင်ခဲ့သူများကို ယခု အစိုး ရလက်ထက်တွင် မြေယာလျော်ကြေး ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ဧရာဝတီသို့ ပြောသည်။

“ကျပ်သိန်း ၁ သောင်းက တဧက ကျော်ကျော်အတွက် ပေးတာ”ဟု NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ပြောသည်

အထက်ပါအတိုင်း မြေတဧက ကျပ်သိန်း ၁ သောင်းကျော် လျော်ကြေးပေးရန် ကိစ္စကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က လျော်ကြေးများ ထုတ်ပေးခဲ့ကြောင်း၊ သို့သော် လျော်ကြေး ငွေပမာဏ သတ်မှတ်ရာတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက် မပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

တဧက ကျော်ကျော်ရှိသော မြေကို လူပေါင်း ၁၂ ဦးက ခွဲဝေပိုင်ဆိုင်ခြင်း ဖြစ်ပြီး မြေဧက အကျယ်အဝန်းပေါ် မူတည်၍ တဦးလျှင် အနည်းဆုံး ကျပ်သိန်း ၆၀၀ မှ အများဆုံး ကျပ်သိန်း ၁၃၀၀ အထိ ရရှိခဲ့ကြကြောင်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၁၀၀ ပေးလျော်ခြင်း ဖြစ်ကြောင်း တောင်သူများ၏ လွှတ်တော် ကိုယ်စားလှယ်ထံသို့ လျော်ကြေးမရမီ အကူအညီတောင်းခံစာအရ သိရသည်။

လျော်ကြေးပေးရသည့် မြေဧရိယာမှာ အနံ ၄၀ ပေ၊ အလျား ၁၄၀ ပေ (ဝ.၁၂၀)ဧက အတွက် ကျပ်သိန်း ၁၃၀၀ ဖြင့် အများဆုံး ပေး လျော်ခြင်း ဖြစ်ပြီး အနံ ၄၀ ပေ၊ အလျား ပေ ၈၀ (ဝ.၀၆၂) ဧက အတွက် ကျပ်သိန်း ၆၀၀ ပေးလျော်ထားကြောင်း စာရင်းများတွင် ဖော် ပြထားသည်။

တောင်ကုတ်မြို့နယ်တွင် မြေတကွက်၏ ဒေသပေါက်ဈေးမှာ အများဆုံး သိန်း ၃၀၀ ခန့်သာ ရှိကြောင်း၊ အစိုးရပေးသည့် ပေါက်ဈေးမှာ ကျပ်သိန်း ၁၅၀ ခန့်သာ ရှိချိန်တွင် ယခုလို တန်ကြေးထက် အဆပေါင်းများစွာ ပေးလျော်မှုကို အံ့အားသင့်မိကြောင်း ဒေသခံတချို့က ပြောသည်။

တောင်ကုတ်မြို့နယ်တွင် မြေသိမ်းမှု ၄ မှု ဖြေရှင်းပေးနိုင်ခဲ့ပြီး ယခုအကြိမ် ရရှိသည့် ငွေကြေးပမာဏမှာ အများဆုံး ဖြစ်ကြောင်း၊ တနိုင် ငံလုံးတွင် မြေသိမ်းအမှုပေါင်း ၇၀၀၀ ခန့်သည် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီသို့ရောက် ရှိနေပြီး ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ မကွေးနှင့် မန္တလေးတိုင်းတို့မှ အများဆုံး ဖြစ်ကြောင်း ယင်းကော်မတီဝင် ဒေါ်နီနီမေမြင့်က ပြော သည်။

ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင်မူ မြို့နှင့် နီးသည့် ဒေသရှိ အကွက်များမှာပင် တဧက သိန်း ၃၀ အထိသာ ရှိကြောင်း၊ ထို့ ကြောင့် မြေယာလျော်ကြေး ပေးရာတွင်လည်း ပြင်ပပေါက်ဈေးနှင့် မကွာဘဲ တဧက ကျပ်သိန်း ၃၀၊ ၂၀ ခန့်သာ ပေးလျော်လျက်ရှိ ကြောင်း လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။

“တဧက သိန်း ၁ သောင်းတောင် ပေးတာကတော့ တော်တော်များတာပဲ။ ကျနော်တို့ဘက် အဲဒီလောက်ထိ ရတာမျိုး မရှိဘူး။ နေရာကောင်းမှ သိန်း ၃၀ အများဆုံးပဲ။ လျော်ကြေးပေးတာပေါ့။ အပြင်ပေါက်ဈေးနဲ့ သိပ်မကွာဘူး။ ဒါပေမယ့် ဒေသအခြေအနေပေါ်မှာလည်း မူတည်မှာပေါ့”ဟု ၎င်းက သုံးသပ်ခဲ့သည်။

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်တွင် မြန်မာ့ မီရထားမှ သိမ်းဆည်ခဲ့သည့် မြေများကို အစိုးရသစ်လက်ထက် လျော်ကြေးပေးရာတွင် လယ်မြေတဧက ကျပ် ၁၄ သိန်း၊ ယာမြေ တဧက ကျပ် ၁၀ သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု (၅) စုအတွက် ဧကရာနှင့်ချီ ၍ လျော်ကြေး ပေးရာ ကျပ်သိန်း ၃၀၀၀ ခန့်သာ ကုန်ကျကြောင်း ယင်းဒေသမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေထက်ဝင်းက ပြောသည်။

ဝန်းသိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေစိုးအောင်ကလည်း “ကျပ်သိန်း တသောင်းကတော့ အံ့သြစရာကြီးဗျာ။ ကျနော် တို့ဆီမှာ အိမ်ရာကွက်တောင် ၆၀ ပတ်လည်တောင် သိန်း ၃၀၀ ကျော်ေ ကျာ် လောက်ပေါက်တာ။ အခုဟာက စံချိန်တင်ပဲဗျ။ အပြင်ကာ လပေါက်ဈေးနဲ့ တွက်ပြီး ပေးရတာလေ။ မြေယာ လျော်ကြေးပေးခဲ့တဲ့ ရာဇဝင်ထဲမှာ အများဆုံး ရတာက ရန်ကုန်တိုင်းတောင် သိန်း ၃၀၀ ကျော်ပဲ လျော်တာ”ဟု ရှင်းပြသည်။

လက်ရှိတွင် တနိုင်ငံလုံးရှိ မြေသိမ်းမှုများကို စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် လယ်ယာမြေ၊ အခြားမြေ များ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီကို မြို့နယ်မျာအလိုက် ဖွဲ့စည်းထားပြီး ရပ်/ကျေးအဆင့်တွင် တိုင်း/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အဆင့်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ခရိုင်အဆင့်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်းအဖွဲ့တွင် အနည်းဆုံး အဖွဲ့ဝင် ၉ ဦးခန့် ပါဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်၊ မြေစာရင်း၊ သစ်တော၊ ရပ်မိရပ်ဖများနှင့် ထွေအုပ်မှ တာဝန်ခံတဦးတို့ဖြင့် ဖွဲ့စည်းကြောင်း၊ ယခု ကော်မတီ မဖွဲ့မီ အုပ်ချုပ်ရေး အရာရှိများ ဦးဆောင်သည့် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီမှ လယ်မြေမှုများကို စိစစ်ခဲ့ဖူးကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service