သထုံစက်မှုဇုန်နယ်မြေတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်

သထုံစက်မှုဇုန်နယ်မြေတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
6 Aug 2018 11:26 am တွင် တင်ခဲ့သည်
1564 ကြိမ် ကြည့်ရှု့ပြီး
ဧက ၁,၅၀၀ ခန့်ကျယ် ဝန်းသည့် သထုံစက်မှုဇုန်နယ်မြေ ၌ မည်သည့် စက်မှုလုပ်ငန်းမဆို ရင်းနှီးမြုပ်နှံနိုင်ကြောင်း စက်မှုဝန်ကြီးဌာနက သြဂုတ် ၂ ရက်
တွင် လုပ်ငန်းရှင်များကို စိတ်ဝင် စားမှု ဖော်ပြလွှာဖိတ်ခေါ်ခဲ့သည်။

အဆိုပါ စက်မှုဇုန်နယ်မြေ သည် သထုံမြို့နယ် အင်းရှည်ရွာ အနီးတွင်ရှိပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားပါက စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထား၍ အဆိုပြု လွှာတင်ပြရမည်ဟု ဝန်ကြီးဌာန က ကြေညာထားသည်။

‘‘စက်ရုံတွေ အများစုက ရပ် ဆိုင်းထားတယ်။ ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုမှ ပြန်လည် ပတ်ရမယ့် စက်ရုံတွေရှိတယ်။ အခု သထုံက ရပ်ဆိုင်းထားတဲ့ အထဲ မပါဘူး။ လောလောဆယ် လုပ်လို့ရတယ်။ နိုင်ငံတော်အကျိုး အတွက်ပေါ့’’ဟု စက်မှုဝန်ကြီး ဌာနဒုတိယအမြဲတမ်းအတွင်းဝန် ဦးထွန်းမြင့်က ပြောသည်။

နိုင်ငံတော်အတွက် အကျိုး ရှိစေမည့် စက်မှုလုပ်ငန်းများကို မြန်မြန်ဆန်ဆန်
ခွင့်ပြုနိုင်ရန်ဖြစ် ကြောင်း ဆိုထားသည်။

အဆိုပါ စက်ရုံသည် ၁၉၈၅ တွင် စတင်ပြီး လူစီးမော်တော် ယာဉ်၊ အပေါ့စားမော်တော်ယာဉ်၊ အကြီးစား မော်တော်ယာဉ်နှင့် လယ်ယာသုံး မော်တော်ယာဉ်များ ၏ တာယာများ ထုတ်လုပ်နေ သည်။ ရန်ကုန်တိုင်းရှိ စက်ရုံနှစ်ရုံ အပါအဝင် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံခြောက်ခုကို ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်ထားကြောင်း ဦးထွန်းမြင့်က ပြောသည်။

စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ ၂၄ ရုံကို ပြည်ထောင်စုလွှတ်တော် က ယာယီရပ်ဆိုင်းထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ အဆို ပါ စက်ရုံများ၏ စီမံခန့်ခွဲမှု၊ ပုဂ္ဂ လိကသို့ ရောင်းချမှုများအတွက် အစိုးရက မူဝါဒချမှတ်ပေးရန် စောင့်နေကြောင်း ၎င်းက ဆို သည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ၊ အလုပ်ရုံများသည် နှစ်စဉ် ကျပ်ဘီလီယံထောင်ချီ အရှုံးပေါ် နေခြင်းကြောင့် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးရန် အစိုးရက စီစဉ်နေသည်။

၂၀၁၇ မတ်လကပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံပိုင်စက်ရုံ လေးရုံကို ရပ်ဆိုင်းသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းကော်မတီက တင်ပြခဲ့သည်။ ထို့နောက် လွှတ်တော်က စက်မှု ဝန်ကြီးဌာနအောက်ရှိ စက်ရုံများ အပါအဝင် နိုင်ငံပိုင်စက်ရုံအများ စုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

လွှတ်တော်က အဆိုပါစက် ရုံများကို စစ်ဆေးပြီးသော်လည်း မည်သို့ ဆောင်ရွက်သင့်ကြောင်း အစိုးရရော လွှတ်တော်ကပါ ဆုံး ဖြတ်ချက်မချသေးဟု စက်မှု ဝန်ကြီးဌာနကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service