အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်သော် လည်းတစ်ဖက်နှင့် တစ်ဖက်မျှတ
မှုရှိရန် ချင့်ချိန်ဆောင်ရွက်ရမည် ဟု ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောသည်။
နေပြည်တော်တွင်သြဂုတ် ၂ ရက်၌ ပြုလုပ်သည့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး၌ အဆိုပါအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
အဆိုပါ အစည်းအဝေးသည် လက်ရှိအစိုးရသက်တမ်းအတွင်း သုံးကြိမ်မြောက်ကျင်းပသည့် အထူးစီးပွားရေးဇုန်ဆိုင်ရာ အဆင့်မြင့် အစည်းအဝေးဖြစ်သည်။
အထူးစီးပွားရေးဇုန်များအတိုင်းအတာတစ်ခုအထိ တိုးတက် လာစေပြီး ပြည်သူများလက်တွေ့ အကျိုးခံစားရစေရေးနှင့် မျှော်လင့်ချက်များရှင်သန်လာစေရေး ဇုန်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
ဥပဒေအရမြန်မာနိုင်ငံတွင် သီလ၀ါ၊ ထားဝယ်နှင့် ကျောက် ဖြူအထူးစီးပွားရေးဇုန်ဟူ၍ ဇုန် သုံးခုကို အကောင်အထည်ဖော်နေရာ သီလ၀ါအထူးစီးပွားရေးဇုန်သည် လက်ရှိအချိန်ထိဒေါ်လာတစ်ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံထားပြီး အောင်မြင်မှုများရရှိထားသည်။ သို့သော် ထားဝယ်နှင့်ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် တိုးတက်မှုနှေးကွေးနေသည်ကိုတွေ့ရသဖြင့် ထိရောက်သည့် တိုးတက်မှုတစ်ခုရှိလာရန်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရ မည်ဟု ဦးဟင်နရီဗန်ထီးယူကပြောကြားသည်။
ဒုသမ္မတက ကျောက်ဖြူအ ထူးစီးပွားရေးဇုန်သည်တင်ဒါခေါ် ပြီးဖြစ်သည့်အပြင်မြန်မာ့စီးပွား ရေးဖွံ့ဖြိုးမှုအပါအ၀င် ရခိုင်ပြည် နယ်ဖွံ့ဖြိုးရေးအတွက်ပါ အ ထောက်အကူပြုနိုင်သည့် စီမံ ကိန်းဖြစ်ပြီး အောင်မြင်မှုရှိရန် ဆောင်ရွက်ရမည်ဟု ဆိုသည်။ ထိုစီမံကိန်းအတွက် Framework Agreement (မူဘောင်ဆိုင်ရာ သဘောတူညီမှု) လက်မှတ်ရေး ထိုးနိုင်ရေးတိုးတက်မှုရှိလာမည် ဟု ယုံကြည်ကြောင်း ၎င်းကဆက် လက်ပြောသည်။
ထို့အပြင်ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ ပါဝင်ဆောင်ရွက်နေပြီးစီမံကိန်းမြန်မြန်ပြီးလျှင် မြန်မြန်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းအမြန်စတင်နိုင်ရန် ၀ိုင်းဝန်းကြိုးပမ်းရမည်ဟု ဆိုသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီကို လက်ရှိစာချုပ်များနှင့် နားလည်မှုစာချွန် လွှာများကိုပြန်လည်သုံးသပ်၍ ဆက်လက် လုပ်ကိုင်သင့်သည့် လုပ်ငန်းစဉ်များအကြံပြုရန် ဒု သမ္မတကမှာကြားသည်။ ထားဝယ်-ထီးခီးလမ်းလုပ်ငန်းစီမံ ကိန်း အမြန်ဆုံးဖြစ်မြောက်အောင် ဆောင်ရွက်စေလိုကြောင်း ဒု သမ္မတကပြောကြားသည်။
ထိုဆွေးနွေးပွဲသို့ ပြည် ထောင်စုဝန်ကြီး ငါးဦး၊ တိုင်းဒေ သကြီးဝန်ကြီးချုပ် နှစ်ဦး၊ ဒုဝန် ကြီးများနှင့် အထူးစီးပွားရေးဇုန် ကော်မတီဥက္ကဋ္ဌများတက်ရောက် ခဲ့သည်။
Credit: 7Daydaily