မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်အတွင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကြောင့် ယခုနှစ်အတွင်း Office Tower ငှားရမ်းမှုများ ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း Collier International Myanmar ၏ Deputy Managing Director မှ ပြောကြားကြောင်း သိရသည်။
၂ဝ၁၂ ခုနှစ်မှ စတင်၍ ၂ဝ၁၄ ခုနှစ်အထိဝယ်လိုအား မြင့်မားခဲ့သည့် ရုံးခန်းဧရိယာများမှာ ၂ဝ၁၅ ခုနှစ်မှ စတင်၍ ငှားရမ်းမှုပြန်လည်ကျဆင်းလာခဲ့ကြောင်းသိရသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာသည့်အခါ အခန်းငှားရမ်းမှုများ ဝယ်ယူမှုများ ပြန်မြင့်တက်လာသည်။ဒီနှစ်ထဲမှာတော့ ၇ဝရာခိုင်နှုန်း လောက်ပြန်တက်လာမည့် အနေအထားရှိတယ်"ဟု သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ရုံးခန်းဧရိယာငှားရမ်း၊ဝယ်ယူမှုများ များပြားလာနိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ငှားရမ်းရောင်းချပေးနိုင်မည့် ရုံးခန်းဧရိယာနည်းပါးကြောင်း၊လက်ရှိတွင် ရန်ကုန်တွင်ထုတ်လုပ်ပေးနိုင်သည့် ရုံးခန်းဧရိယာမှာ စတုရန်းမီတာ သုံးသိန်းခန့် သာရှိပြီး အာဆီယံနိုင်ငံဖြစ်သော ဟိုချီမင်းတွင် စတုရန်းမီတာ ၁.၅ သန်း၊ ဘန်ကောက်တွင် စတုရန်းမီတာ ငါးသန်းကျော်အထိ ရှိခြင်းကြောင့် ကွာခြားချက်ကြီးမားကြောင်းသိရသည်။
ပြည်တွင်း Developer များကလည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအတွက် ရည်ရွယ်ကာ အဆင့်မြင့်ရုံးခန်းဧရိယာများကို ပိုမိုဆောက်လုပ်လာကြောင်း သိရသည်။
Credit :Pyi Myanmar