ရန်ကုန်မှာ အိမ်ငှားခြင်းအနုပညာ

ရန်ကုန်မှာ အိမ်ငှားခြင်းအနုပညာ - Property News in Myanmar from iMyanmarHouse.com
1 Aug 2018 12:23 pm တွင် တင်ခဲ့သည်
1638 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်ဖြစ်တာနဲ့အညီ နိုင်ငံအနှံ့က လာရောက် အလုပ်လုပ်ကိုင်နေသူတွေ အများအပြားရှိတာကြောင့် တိုင်းပြည်ရဲ့ လူဦးရေအထူထပ်ဆုံးဒေသဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့နေထိုင်မှုအတွက် အိမ်လိုအပ်ချက်က များပြားပြီး တိုက်ခန်းအများစုဟာ အိမ်ငှားတွေ နေထိုင်ကြတာပါ။

ရန်ကုန်မြို့မှာ ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့သူတွေထဲက တချို့ကတောင် လက်ရှိအချိန်ထိ အိမ်ငှားနေထိုင်သူ ဒုနဲ့ဒေး ရှိနေပါသေးတယ်။ ဒါကြောင့် အိမ်ငှားတဲ့အခါ မဖြစ်မနေ သတိထားရမယ့်အချက်တွေကို မြန်မာတိုင်း(မ်)က လေ့လာပြီး မျှဝေပေးချင်ပါတယ်။

+++ အပေါ်ဆုံးထပ်မှာနေမယ်ဆိုရင် +++

ပထမဆုံးပြောချင်တာက အပေါ်ဆုံးထပ်ကို ငှားရမ်းဖို့ စိတ်ကူးထားတဲ့ စာဖတ်သူတွေအတွက်ဖြစ်ပါတယ်။ များသောအားဖြင့် အပေါ်ဆုံးထပ်တွေက ဈေးသက်သာတာအပြင် ထပ်ခိုးလည်းထားလို့ ရတာကြောင့် ဝင်ငွေနဲ့ချိန်ဆပြီးအများစုက အပေါ်ဆုံးထပ်တွေကို ရွေးချယ်လေ့ရှိကြပါတယ်။ အထပ်မြင့်တိုက်ခန်းတွေရဲ့ အပေါ်ဆုံးထပ်တွေကိုရွေးချယ်တဲ့အခါ အရေးကြီးဆုံး သတိထားရမှာကတော့ ခေါင်မိုးပဲဖြစ်ပါတယ်။ ခေါင်မိုးနဲ့ မျက်နှာကြက်ကြားမှာ ခို၊ြွကက် စတဲ့သတ္တဝါတွေ ဝင်နေပြီဆိုရင်တော့ နေထိုင်ရတဲ့သူအဖို့ ဒုက္ခရောက်ဖို့များပါတယ်။

ရိုးရိုးဝင်နေရင် မောင်းထုတ်လို့ရနိုင်ပေမဲ့ ဝင်နေပြီးမှ သေသွားတာမျိုး၊ တခြားအမှိုက်တွေ သယ်လာတာမျိုးတွေဖြစ်ခဲ့ရင် နေတဲ့သူတွေအတွက် အကြီးအကျယ် စိတ်ဒုက္ခရောက်ကြရမှာ မလွဲမသွေပါပဲ။

အထပ်မြင့်တိုက်ခန်းတွေရဲ့ အပေါ်ဆုံးထပ်မှာ ငှားရမ်းနေထိုင်ဖို့ စဉ်းစားထားတဲ့သူတွေအတွက် ဒုတိယအရေးကြီးတဲ့ အချက်တစ်ချက်ကတော့ အိမ်ခေါင်မိုးပေါ်မှာ ရေစည်တွေ ရှိမရှိကိုလည်း စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

တိုက်တစ်ခုလုံးမှာရှိတဲ့ အခန်းအားလုံးက သုံးမယ့်ရေတွေကို ခေါင်မိုးထပ်က ရေစည်ထဲ မောင်းတင်တဲ့အချိန် ရေစည်ထဲက ရေတွေလျှံကျလာတဲ့အခါ ကိုယ့်အိမ်ထဲကို ရေတွေစီးဝင်လာနိုင်တာကြောင့် လျှပ်စစ်အန္တရာယ်ရှိသလို အိမ်အသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးနိုင်ပါတယ်။ ဒါတွေကို သန့်ရှင်းရေးပြန်လုပ်ရတာကလည်း အပိုအလုပ်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။

+++ လျှာထိုးကြမ်းခင်းပြဿနာ +++

အိမ်ခန်းအနေအထားမှာ လျှာထိုးကြမ်းခင်း ခင်းထားတဲ့ အိမ်ခန်းတွေဆိုရင် အနည်းငယ်သတိပြုဖို့ လိုပါလိမ့်မယ်။ ကြမ်းခင်းနဲ့ အောက်ခံ သမံတလင်းကြားထဲ လွတ်နေတဲ့နေရာတွေမှာ ပိုးဟပ်၊ ပုရွက်ဆိတ် အစရှိတဲ့အကောင်တွေ ခိုဝင်နေတတ်ပါတယ်။ ဒါတွေဟာ နေ့လယ်နေ့ခင်းတွေမှာ မသိသာပေမဲ့ ညဘက် အိုးခွက်ပန်းကန်တွေ မဆေးဘဲ ထားခဲ့မိမယ်ဆိုရင်တော့ အဲဒီအကောင်တွေက ကောင်းကောင်းကြီး ဒုက္ခပေးတတ်ကြပါတယ်။

+++ အင်္ဂတေကပ်မထားတဲ့ တိုက်နံရံတွေ +++

တချို့အထပ်မြင့်တိုက်တွေဟာ တစ်ခုနဲ့တစ်ခု အရမ်းကပ်လွန်းတာကြောင့် အတွင်းဘက်ကိုပဲ အင်္ဂတေကိုင်ပြီး တိုက်အပြင်ဘက်ကို အင်္ဂတေနဲ့ အချောသတ်ဖို့ အခက်အခဲရှိလို့ အုတ်စီအတိုင်း ထားလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် အင်္ဂတေနဲ့ အချောသတ်မထားတဲ့ အခန်းတွေကိုလည်း သတိထားပြီး ရှောင်ရှားသင့်ပါတယ်။

ဒီလိုတိုက်ခန်းတွေဟာ နွေရာသီနဲ့ ဆောင်းရာသီမှာ ပြဿနာမရှိပေမဲ့ မိုးရာသီရောက်ရင် အုတ်နံရံကတစ်ဆင့် မိုးရေတွေ အိမ်ထဲကို စိမ့်ဝင်နိုင်ပါတယ်။ တချို့အိမ်တွေဆိုရင် မီးပလပ်ပေါက်က ရေတွေပြန်ထွက်လာတာမျိုးကိုလည်း မကြာခဏဆိုသလို ကြားသိနေရပါတယ်။ လျှပ်စစ်ဓာတ်အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပြီး မျက်စိတမှိတ်အတွင်းမှာပဲ အရာရာပြောင်းလဲသွားနိုင်တာကြောင့် အထူးသတိပြု ရွေးချယ်သင့်ပါတယ်။

+++ မိုးရာသီ ရေမြုပ်ခြင်းဒုက္ခ +++

နောက်ထပ်သတိထားရမယ့် အချက်တစ်ချက်ကတော့ မိမိငှားရမ်းမယ့်အခန်း ပတ်ဝန်းကျင်က မိုးတွင်းမှာ ရေမြုပ်လားဆိုတာပါပဲ။ နွေရာသီမှာ ဒီကိစ္စက သိပ်မသိသာပေမဲ့ မိုးတွင်းရောက်လာရင် အလွန်စိတ်ပျက်စရာကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်လာမှာပါ။ မိုးရွာတဲ့အချိန်တိုင်း လမ်းပေါ် ရေလျှံတဲ့အခါ ဒူးလောက်မြုပ်တဲ့ မြောင်းပုပ်ရေတွေကို ဖြတ်သန်းပြီး သွားလာနေရမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

ရေမြုပ်တဲ့ပြဿနာဟာ ကိုယ်ပိုင်ကားရှိသူတွေအတွက် ပိုပြီးခေါင်းကိုက်စရာဖြစ်ပါတယ်။ ကားရေမြုပ်လို့ တစ်စုံတစ်ရာ ချွတ်ယွင်းသွားတဲ့အခါ ပြင်ဆင်စရိတ်က မသေးပါဘူး။ ကိုယ်ပိုင်ကားရှိတဲ့သူတွေအနေနဲ့ အိမ်ငှားတော့မယ်ဆိုရင် ရေမြုပ်တဲ့ပြဿနာအပါအဝင် ကားပါကင် အဆင်ပြေမပြေလည်း ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ကားပါကင်နေရာလုရာကနေ ရန်ပွဲတွေဖြစ်ပြီး လူသတ်မှုအထိဖြစ်သွားတဲ့ သာဓကတွေ ရန်ကုန်မြို့မှာရှိပါတယ်။

+++ အိမ်ရဲ့ အနီးမှာတည်ရှိနေတဲ့ စားသောက်ဆိုင်များ +++

မိန်းကလေးတွေ သီးသန့်ငှားနေမယ်လို့ စိတ်ကူးထားရင်တော့ ကိုယ်ငှားနေ မယ့်တိုက်ခန်းရဲ့ အနီးပတ်ဝန်းကျင် မှာ ဘယ်လိုဆိုင်ခန်းတွေရှိနေမလဲဆိုတာ ကိုလည်း လေ့လာထားဖို့ လိုအပ်ပါတယ်။ တိုက်ခန်းရဲ့ အောက်ဆုံးထပ်မှာ အရက်၊ ဘီယာဆိုင်၊ ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်တွေရှိနေရင် ကိုယ်နေတဲ့အခန်းကို သွားလာဝင်ထွက်တဲ့အခါ စိတ်အနှောင့်အယှက် အနည်းနဲ့အများဖြစ်နိုင်ပါတယ်။

အဆိုးဆုံးကတော့ ညနက်တဲ့အချိန်မှ စားသောက်ရင်း ရန်ထဖြစ်တာနဲ့ ဆိုင်ရဲ့ဆူညံသံတွေဟာ အလုပ်မှာ တစ်နေ့တာလုံး ပင်ပန်းလာသူတွေအတွက် ညဘက်အိပ်စက်ချိန်မှာ အရမ်းကို စိတ်ညစ်စရာကောင်းတဲ့ အနှောင့်အယှက်တွေပါပဲ။ ဒါကြောင့် ကိုယ့်မိသားစုထဲမှာ သက်ကြီးရွယ်အိုနဲ့ အရမ်းငယ်တဲ့ ကလေးတွေ ပါရှိနေရင်တော့ ဒီလိုပတ်ဝန်းကျင်မျိုးမှာ အိမ်ငှားတာကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ။

+++ နေရာက အရေးကြီး +++

ဖြစ်နိုင်ရင် ဈေး၊ ဓာတ်ဆီဆိုင်တွေနဲ့ ကပ်လျက်တည်ရှိနေတဲ့ အိမ်ခန်းတွေမှာ ငှားရမ်းနေထိုင်ခြင်းမပြုဖို့ အကြံပြုပါရစေ။ ဈေးနဲ့နီးတဲ့ အိမ်တွေဟာ ဈေးကလာတဲ့ အနံ့အသက်ဆိုးတွေကြောင့် ရေရှည်မှာ မိသားစုကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုတိုက်ခန်းတွေရဲ့ မြေညီထပ်မှာနေတဲ့သူဆိုရင် ဆိုးရွားတဲ့ အနံ့အသက်တွေအပြင် ဈေးရဲ့စွန့်ပစ်အမှိုက်တွေ ကလည်း သင့်အိမ်ပတ်ဝန်းကျင်ကို ညစ်ပတ်စေမှာ အမှန်ပါပဲ။

ဓာတ်ဆီဆိုင်နဲ့နီးတဲ့ အိမ်ခန်းမှာနေထိုင်တဲ့သူတွေကြုံရမယ့် ပြဿနာက တော့ ကားပိတ်ခြင်းပဲဖြစ်ပါတယ်။ ဓာတ်ဆီဆိုင်ကို နေ့ညမရွေး ဝင်ထွက်နေတဲ့ ကားသံတွေကြောင့် သင့်အပန်းဖြေချိန်တွေကို အနှောင့်အယှက်ဖြစ်စေပါ လိမ့်မယ်။ ဒါ့ပြင် ဓာတ်ဆီဆိုင်က ဖြစ်ပေါ်လာမယ့် မီးဘေးအန္တရာယ်ဟာလည်း သတိထားရမယ့် ကြီးမားတဲ့ အန္တရာယ်စက်ကွင်း တစ်ခုပဲဖြစ်ပါတယ်။

+++ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံများ +++

ဘာသာရေးအဆောက်အအုံလို့ဆိုရာမှာ ဘယ်ဘာသာရေးအဆောက်အအုံနဲ့ပဲ နီးသည်ဖြစ်စေ ထွက်ပေါ်လာမယ့် ဆူညံသံတွေကိုတော့ သင်တားဆီးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီနေရာမှာ နေထိုင်နေသမျှကာလပတ်လုံး၊ အထူး သဖြင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ ပွဲတော်အချိန်အခါတွေမှာ ဆူညံသံတွေနဲ့အတူ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကိုပါ ဆိုးဆိုးရွားရွားရင်ဆိုင်ရမှာမလွဲမသွေပါပဲ။

ဆေးရုံတွေရဲ့ အနီးအနားမှာရှိတဲ့ တိုက်ခန်းတွေမှာ နေထိုင်မယ်ဆိုရင်လည်း ဘာသာရေးအဆောက်အအုံ တွေနားမှာနေတဲ့အတိုင်းပဲ ဆူညံသံတွေနဲ့ ယာဉ်ကြောကျပ်တည်းမှုပြဿနာတွေအပြင် ဆေးရုံကထွက်တဲ့ အနံ့အသက်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသေးတယ်။

+++ ပွဲစားကို သေချာရွေးပါ +++

အိမ်ငှားတဲ့အခါ ပွဲစားတွေက အခရာကျပါတယ်။ ပွဲစားကောင်းရင် ကောင်းသလို အိမ်ခန်းကောင်းကောင်း ဈေးသက်သက်သာသာနဲ့ ရတာရှိသလို ပွဲစား အနှောင့်အယှက်ပေးတဲ့အတွက် အကြပ်ရိုက်ရတဲ့အဖြစ်တွေလည်း ရှိပါတယ်။ ဥပမာ- ခြောက်လတစ်ကြိမ် အိမ်ရှင်ကို လခတိုးတောင်းဖို့ ဆော်သြတာတွေကြောင့် မကြာခဏ အိမ်ပြောင်းရတဲ့သူတွေလည်းရှိပါတယ်။ အိမ်ရှင်နဲ့ အိမ်ငှားကြားမှာ သူတို့စိတ်ကြိုက်ခြယ်လှယ်နေတဲ့ ပွဲစားတွေလည်း ရှိပါတယ်။ ဒါကြောင့် အိမ်ကောင်းကောင်းရဖို့ ပွဲစားကောင်းကောင်း ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။

+++ ရေ၊ မီး ပြည့်စုံရဲ့လား +++

တချို့တိုက်ခန်းတွေဟာ နေထိုင်ခွင့် မကျသေးတာကြောင့် တစ်ခန်းချင်းစီမှာ မီတာတစ်ခုစီ ရှိမနေပါဘူး။ တစ်တိုက်လုံးက သုံးသမျှကို အချိုးကျ မျှဝေပေးကြရတာတွေ ရှိပါတယ်။ ဒီလိုတိုက်ခန်းတွေမှာနေရင် မီတာခလည်း ကိုယ်သုံးတာထက် ပိုပေးရပြီး ရေရှည်မှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။

ရေ၊ မီး အဆင်ပြေနေပေမဲ့ နေထိုင်ခွင့်မကျသေးတဲ့ တိုက်ခန်းမှာ ငှားနေမိရင်တော့ စည်ပင်က လာစစ်တဲ့အခါတိုင်း ပြေးလွှားပုန်းရှောင်နေရမယ့် ဒုက္ခလည်း ရှိပါသေးတယ်။ ဘယ်လောက်ပဲ အိမ်ရှင်နဲ့ စာချုပ်ချုပ်ထားထားစည်ပင်ကနေ ခွင့်မပေးရင် ချက်ချင်းအိမ်ပေါ်က ဆင်းပေးရမှာပါ။ ဆောက်လုပ်ရေး ကန်ထရိုက်တွေအနေနဲ့ သူတို့က စည်ပင်နဲ့ ညှိနှိုင်းထားပြီးဖြစ်တာကြောင့် နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ တကယ်လို့ လာစစ်ရင်တောင် သူတို့ကကြိုအကြောင်းကြားမယ်ဆိုတာမျိုး အိမ်ရှင်ကို ပြောထားပေမဲ့ ဒီအပြောတွေကို သိပ်မယုံပါနဲ့။ ဒီလိုတိုက်ခန်းတွေမှာနေရတာ အဆင်ပြေမှာမဟုတ်ပါဘူး။

ဒါကြောင့် ဒီအချက်ကိုလည်း လေ့လာစုံစမ်းထားဖို့ လိုအပ်ပါတယ်။

+++ လေဝင်လေထွက် +++

နေထိုင်သူတွေရဲ့ ကျန်းမာရေးအတွက် နေထိုင်မယ့်အိမ်က လေဝင်လေ ထွက် ကောင်းမကောင်းကလည်း အရေးကြီးပါတယ်။ လေဝင်လေထွက် မကောင်းဘဲ မွန်းကြပ်နေပြီး မှောင်မှောင်မည်းမည်းနဲ့ ၂၄ နာရီ မီးထွန်းနေရတဲ့ တိုက်ခန်းကို ရွေးချယ်မိရင်တော့ မီးပြတ်နေတဲ့အချိန်တွေက ငရဲခန်းပါပဲ။ ဒါကြောင့် လေဝင်လေထွက်ကောင်းတဲ့ အခန်းတွေကို ရွေးချယ်နေထိုင်ကြဖို့ အကြံပြု တိုက်တွန်းချင်ပါတယ်။

+++ မြေအောက်ရေလှောင်ကန်ကို သတိပြု +++

မြို့တော်စည်ပင်ကပေးတဲ့ ရေကိုပဲယူယူ၊ အဝီစိတွင်းပဲ ကိုယ်ပိုင်ရှိရှိ ရန်ကုန်ရဲ့ တိုက်ခန်းအများစုမှာ မြေအောက်ရေလှောင်ကန်တွေ ရှိတတ်ကြပါတယ်။ အဲဒီကမှတစ်ဆင့် ကိုယ့်ရေတိုင်ကီဆီကို တိုက်ခန်းတစ်ခုချင်းအလိုက် ပြန်မောင်းတင်ကြရတာမျိုးပေါ့။ အဲဒီလို မြေအောက်ရေတိုင်ကီနဲ့ သုံးရတဲ့ တိုက်ဆိုရင် မိုးတွင်းမိုးသည်းထန်ချိန်မှာ ရေတိုင်ကီထဲကို မြောင်းရေတွေ ဝင်မဝင် သတိထားကြည့်ဖို့လိုပါတယ်။ နွေမှာ ပြဿနာမဟုတ်ပေမဲ့ ငါးလကျော် ခြောက်လနီးပါး မိုးဆက်တိုက်ရွာတဲ့ ရန်ကုန်မှာ မိုးတွင်းအတွက် မဖြစ်မနေ ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ မြောင်းရေတွေ ရေလှောင်ကန်ထဲဝင်ပြီဆိုမှဖြင့် အဲဒီရေဟာ ဘယ်လိုမှ သုံးဖို့စွဲဖို့မသင့်မှန်း အားလုံးသိပြီး ဖြစ်ကြမှာပါ။

အိမ်ဝယ်တာပဲဖြစ်ဖြစ်၊ ငှားတာပဲဖြစ်ဖြစ် ပိုမိုအဆင်ပြေနိုင်ဖို့ အထက်ဖော်ပြပါအချက်တွေထဲက တတ်နိုငင်္သလောက် သတိပြု ရှောင်ရှားနိုင်ကြဖို့မြန်မာတိုင်း(မ်)က အကြံပြုတိုက်တွန်းလိုက်ရပါတယ် ။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
Innwa Pyae Sone Residence
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service