အိမ်၊ခြံ၊မြေ စသည်တို့ကိုလွှဲပြောင်းရောင်းချမည့်သူ၏တာဝန် ၀တ္တရားများ

အိမ်၊ခြံ၊မြေ စသည်တို့ကိုလွှဲပြောင်းရောင်းချမည့်သူ၏တာဝန် ၀တ္တရားများ - Property Knowledge in Myanmar from iMyanmarHouse.com
31 Jul 2018 12:32 pm တွင် တင်ခဲ့သည်
2074 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

၁။ ရောင်းချသူသည့် မိမိပစ္စည်းနှင့်ပတ်သက်၍ ချို့ယွင်းချက်များရှိနေပါက ရှိနေခြင်းကို ဖုံးကွယ်မထားဘဲ ၀ယ်သူသိရှိအောင်ပြောပြရမည်။

၂။ လွှဲပြောင်းရောင်းချမည့်ပစ္စည်း ပိုင်ဆိုင်မှုအထောက်အထားများဖြစ်သည့် ပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်စာတမ်းများ၊ မြေဂရန်နှင့်မြေပုံရာဇ၀င် အစရှိသဖြင့် သက်ဆိုင်သည့်စာရွက်စာတမ်း များကို ၀ယ်သူမှ စစ်ဆေးကြည့်ရူ့ခွင့်တောင်းခံလျှင် ၀ယ်သူကျေနပ်စေရန် ရှင်းရှင်းလင်းလင်း ရှိစေရန် တင်ပြ နိုင်ရမည်။

၃။ လွှဲပြောင်းရောင်းချမည့် ပစ္စည်းနှင့်ပတ်သက် ၍ ၀ယ်သူကစုံစမ်းမေးမြန်းလျှင်သိရှိသည်များကို ပြောပြ ပေးရမည်။

၎။ ၀ယ်သူကပစ္စည်း၏တန်ဘိုးကိုပေးချေရာ၌ စာချုပ်ချုပ်ရမည့်နေရာ စာချုပ်ချုပ်ရမည့်နေ့ရက် အချိန်အထိဝယ်သူက ပြောလာလျှင် လွှဲအပ်ရန်နှင့်စာချုပ်
စာတမ်းများကို ချုပ်ဆိုပေးရန် တာဝန် ရှိသည်။

၅။ ပစ္စည်းကိုလက်ရောက်ပေးအပ်ရန် ၀ယ်သူကတောင်းသည့်အခါ ၄င်းဝယ်သူသို့ဖြစ်စေ၊၄င်းညွှန် ကြားသူသို့ဖြစ်စေ ပေးအပ်ရန်တာဝန်ရှိစေရမည်။

၆။ ရောင်းသူသည် ရောင်းချသည့်ပစ္စည်းနှင့်ပတ်သက်၍ ရောင်းချသည့်နေ့အထိပေးသွင်းရန် ရှိသော အရပ်ရပ်ဆိုင်ရာအခွန်များ ၊ အခကြေးငွေများ ကိုပေးဆပ်ပြီးဖြစ်ရမည်။

၇။ ရောင်းသူသည် ရောင်းချသည့်တန်ဖိုးငွေအပေါ်နိုင်ငံတော်သို့ ကျသင့်သည့်အခွန်ထမ်းဆောင် ရန်တာဝန်ရှိသည်။အခွန်စည်းကြပ်သည့် ဌာန၏သတ်မှတ်ချက်နှင့်အညီ ကျသင့်သော ရောင်းခွန်ကို ပေးဆောင်ရပါမည်။ ရောင်းချသည့်တန်ဖိုးကိုလျော့၍မပြဘဲမှန်မှန်ကန်ကန်တင်ပြရန်ရောင်းသူတွင် တာဝန်ရှိသကဲ့သို့ ၀ယ်သူတွင်လည်းတာဝန်ရှိပါသည်။

၈။ ရောင်းသူအနေဖြင့်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ အရောင်းအ၀ယ်စာချုပ်ကိုမှတ်ပုံတင် အရာရှိ ရှေ့မှောက်တွင်လက်မှတ်ရေးထိုးသည့်အချိန်တွင် ငွေအပြေအကျေရရှိပြီးဖြစ်ရပါမည်။ရောင်းချသည့် အိမ်မြေ (သို့) မြေကွက်ကိုဝယ်ယူသူသို့လည်း လက်ရောက်ပေးအပ်ပြီးဖြစ်ရပါမည်။

၉။ ရောင်းချသည့် ပစ္စည်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာအရှုပ်အရှင်းပြသနာပေါ်ပေါက်လာပါက အရောင်းအ၀ယ်ကျင့်စဉ် အရ ရောင်းသူကတာဝန်ယူဖြေရှင်းပေးရန်လည်းတာဝန်ရှိပါသည်။

Credit: ဥပဒေအကျိုးဆောင် LL.B Group Myanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service