တောင်ဒဂုံဘက်မှာ အိမ်ခြံမြေအရောင်းအဝယ် အမြင့်ဆုံးဈေးရဲ့ သုံးပုံတစ်ပုံနဲ့သာ အရောင်းအဝယ်ဖြစ်နေ

တောင်ဒဂုံဘက်မှာ အိမ်ခြံမြေအရောင်းအဝယ် အမြင့်ဆုံးဈေးရဲ့ သုံးပုံတစ်ပုံနဲ့သာ အရောင်းအဝယ်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
31 Jul 2018 11:50 am တွင် တင်ခဲ့သည်
2718 ကြိမ် ကြည့်ရှု့ပြီး
လတ်တလော အိမ်ခြံမြေဈေးကွက်မှာ အမြင့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ နှုန်းထားရဲ့ (၃၅)ရာခိုင်နှုန်း လျှော့ဈေးနဲ့ အိမ်ခြံမြေ အရောင်းအဝယ်တွေ ဖြစ်ပေါ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

အခုရက်ပိုင်း အိမ်ခြံမြေ ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ပြန်ကောင်းနေပါတယ်။ အိမ်ခြံမြေငှားရမ်းမှုတွေလည်း ပိုများပြားလာတယ်။ အရောင်းအဝယ်ပိုင်းမှာတော့ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ပေါ်နေပြီး အစိုးရစီမံကိန်း ဆောင်ရွက်မယ့် နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

ဈေးကွက်ကောင်းခဲ့စဉ်က ပေါက်ဈေးရဲ့ သုံးချိုးတစ်ချိုးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိမှာ နဂိုပေါက်ဈေးရဲ့ သုံးပုံတစ်ပုံလောက် ကျဆင်းနေပါတယ်။ တောင်ဒဂုံဘက်မှာဆိုရင် ဇူလိုင်လအတွင်း မြေကွက်တွေ ကျဈေးနဲ့ အရောင်းအဝယ်ပြန်ဖြစ်နေပြီး ဈေးကစားတာတွေရှိနေပါတယ်။

ယခင်က ကျပ်သိန်း (၅၀)ဈေးမှာ ကျပ်သိန်း(၃၀)၊ ကျပ်(၃၅)သိန်းလောက်ဈေးသာ ရှိနေပါတယ်။ အိမ်ခြံမြေဈေးကွက် ကျဆင်းနေရတာဟာ နိုင်ငံ့စီးပွားရေး လည်ပတ်မှုနှေးကွေးနေတဲ့အပြင် အခွန်နှုန်းတွေ မြင့်မားနေတာတွေ၊ ကျူးပြဿနာတွေ၊ မြေယာအရှုတ်အရှင်း ကိစ္စတွေပါဝင်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် အိမ်ခြံမြေဈေးကွက် ဦးမော့လာစေဖို့ဆိုရင် အခွန်နှုန်းထားတွေ ချပေးဖို့၊ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေပေါ်ထွက်လာဖို့နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service