အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်တွင် ကျေးရွာတစ်ရွာလုံးကို တိုက်ခန်းတစ်ခန်းတန်ဖိုးမျှဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်

အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်တွင် ကျေးရွာတစ်ရွာလုံးကို တိုက်ခန်းတစ်ခန်းတန်ဖိုးမျှဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
30 Jul 2018 12:08 pm တွင် တင်ခဲ့သည်
2296 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်နယ်တွင် အေဘာလီဖန်နီအမည်ရှိ ကျေးရွာတစ်ရွာလုံးကို တိုက်ခန်းတစ်ခန်းတန်ဖိုးမျှဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အေဘာလီဖန်နီ ကျေးရွာကို မူလက ပေါင် ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ပေါင် ၁ ဒသမ ၂၅ သန်းသို့ လျှော့ချပေးလိုက်ပြီဖြစ်ရာ လန်ဒန်တွင် တိုက်ခန်းကျဉ်းတစ်ခန်း၏ ဈေးနှုန်းမျှသာ ရှိသည်။

ဝေလပြည်နယ်၊ ပေါင်းဝစ်ခရိုင်ရှိ မိုင်းတွင်းတစ်ခု၏ အလုပ်သမားများအတွက် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့သည့် ကျေးရွာဖြစ်သည်။

မူလပိုင်ရှင်မှာ အင်ဒီဂို ဂျုံးစ်ဖြစ်ပြီး ၎င်းက အေဘာလီဖန်နီကျေးရွာအပြင် အနီးရှိ သင်ပုန်းကျောက်မိုင်းတွင်းတစ်ခုကို ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအတွင်း နေအိမ် ၁၆ လုံးပါဝင်ပြီး လက်ရှိအားဖြင့် နေထိုင်သူတစ်ဦးမျှမရှိချေ။

ဝယ်လက်အနေဖြင့် အငှားချထားခြင်းမှ ဝင်ငွေရရှိနိုင်စေရန်အပြင် ကျေးရွာ၏တန်ဖိုးကို မြင့်တက်လာစေရန် ကြိုးပမ်းခြင်းအားဖြင့် ဝင်ငွေရှာနိုင်စေရန် ရည်ရွယ်ကာ ကျေးရွာလိုက် ရောင်းချပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ရွာ၏နောက်ခံအဖြစ် တည်ရှိနေသည်မှာ ဒိုင်ဖိုင်တောအုပ်နှင့် ကဲဒါ အီးဒရစ်တောင်တန်းတို့ ဖြစ်ကြသည်။

ရွာအောက်ရှိ လမ်းမမှသွားလျှင် ဈေးမြို့ကလေးဖြစ်သော မက္ကင်လာ့သ်သို့ ၇ မိုင်ခရီးသာ ရှိသည်။

အဲ့ဗားဒိုဘီ၊ ဘားမောက်သ်နှင့် ဖဲရ်ဘုန်း ပင်လယ်ကမ်းခြေများနှင့်လည်း များစွာမကွာဝေးလှချေ။

အနီးရှိ မိုင်းတွင်းမှာ ၂၀၀၃ ခုနှစ်ကတည်းက ပိတ်သိမ်းခဲ့ပြီးဖြစ်သော်လည်း သင်ပုန်းကျောက်မိုင်းတွင်းမှာမူ ယနေ့တိုင် ထုတ်လုပ်မှုအနည်းငယ်ရှိနေဆဲ ဖြစ်သည်။

ကျေးရွာအတွင်းရှီ နေအိမ်များကို ဒေသဝန်းကျင် အနှံ့အပြားတွေ့ရသော မီးခိုးရောင်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည်။

အိမ်ခြံမြေအကျိုးဆောင် ဒါ့ဖစ်ဟားဒီက ၂၀၁၆ ခုနှစ်အတွင်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

ကျေးရွာတွင် အထက်ဖော်ပြပါအချက်များစွာပြည့်စုံနေသော်လည်း ဝယ်လက်ရှာဖွေရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

ယခုအခါ ပေါင် ၁ ဒသမ ၂၅ သန်းသို့ ဈေးလျှော့ချပေးလိုက်ပြီဖြစ်ရာ နေအိမ်တစ်လုံးလျှင် ပေါင် ၂၈၀၀၀ သာ ကျသင့်မည်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်တွင် ကျေးရွာတစ်ရွာလုံးကို တိုက်ခန်းတစ်ခန်းတန်ဖိုးမျှဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်တွင် ကျေးရွာတစ်ရွာလုံးကို တိုက်ခန်းတစ်ခန်းတန်ဖိုးမျှဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်တွင် ကျေးရွာတစ်ရွာလုံးကို တိုက်ခန်းတစ်ခန်းတန်ဖိုးမျှဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service