ဟောင်ကောင်အခြေစိုက် ချောင်ဘန်းကုမ္ပဏီက ရှန်ဟိုင်းရှိ စတုရန်းမီတာ ၃၀၀၀၀၀ ခန့်ကျယ်ဝန်းသော စီမံကိန်းနေရာကို ယွမ်ငွေ ၇ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူ

ဟောင်ကောင်အခြေစိုက် ချောင်ဘန်းကုမ္ပဏီက ရှန်ဟိုင်းရှိ စတုရန်းမီတာ ၃၀၀၀၀၀ ခန့်ကျယ်ဝန်းသော စီမံကိန်းနေရာကို ယွမ်ငွေ ၇ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
26 Jul 2018 11:42 am တွင် တင်ခဲ့သည်
2062 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်အခြေစိုက် ချောင်ဘန်းကုမ္ပဏီသည် တရုတ်ပြည်၊ ရှန်ဟိုင်းရှိ စတုရန်းမီတာ ၃၀၀၀၀၀ ခန့်ကျယ်ဝန်းသော စီမံကိန်းနေရာကို ယွမ်ငွေ ၇ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း တရုတ်ပြည်၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့၊ ဟောင်ကူးနော့သ်ဘွန်းဒေသတွင်ရှိသည့် စတုရန်းမီတာ ၃၀၀၀၀၀ ခန့်ကျယ်ဝန်းသော ၁၈ ဘလောက်အကျယ်အဝန်းနေရာကို အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Hongkou Sky King စီမံကိန်းကို ဟောင်ကောင်ရှိ ချောင်ဘန်းအုပ်စု (Chongbang Group ) က ကြမ်းခင်းဈေး ယွမ်ငွေ ၇ ဒသမ ၁ ဘီလီယံဖြင့် ယယ်ယူလိုက်ခြင်းဖြစ်ပြီး ယင်းစီမံကိန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ယွမ်ငွေ ၁၅ ဘီလီယံအထိ ရောက်ရှိဖွယ်ရာရှိကြောင်း ခန့်မှန်းထားသည်။

မြေနေရာအကျယ်အဝန်းစုစုပေါင်းမှာ စတုရန်းမီတာ ၄၆၁၀၀ ရှိပြီး မြေညီထပ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ ၁၉၅၀၀၀ ရှိမည်ဖြစ်ကာ မြေအောက်ထပ်ဧရိယာမှာ စတုရန်းမီတာ ၁၁၀၀၀၀ အထိရှိမည်ဟု ဆိုသည်။
စီမံကိန်းတည်နေရာမှာ ရှန်ဟိုင်းမြို့၊ စီချွမ်မြောက်လမ်း၏ ဟောင်ကူး ၁၈ လမ်းတွင် တည်ရှိသည်။

လွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်များအရ စတုရန်းမီတာ ၁၄၀၀၀ ခန့်ကျယ်ဝန်းသော စာပေပြတိုက်တစ်ခု ဆောက်လုပ်ပေးကာ ဟောင်ကူးအုပ်ချုပ်ရေးအဖွဲ့သို့ အခမဲ့လွှဲပြောင်းပေးရမည်ဖြစ်ပြီး developer အနေဖြင့် စီမံကိန်းပြီးစီးပါက နှစ်ပေါင်း ၂၀ ထိန်းသိမ်းလည်ပတ်ရန် လိုအပ်သည်ဟု ဆိုသည်။

Chongbang Group ကို ဟောင်ကောင်တွင် ၂၀၀၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး Hong Kong Antai Group, Shun Hing Group, Weixin Group, Timezone International တို့အပါအဝင် စင်္ကာပူနှင့် အမေရိကန်ကုမ္ပဏီများက ရှယ်ယာထည့်ဝင်ထားသည်။

အဓိကအားဖြင့် တရုတ်ပြည်တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံပြီး ရှန်ဟိုင်းတွင် စီမံကိန်း ၆ ခု အကောင်အထည်ဖော်နေသည့်အနက် ၄ ခုကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ဖွင့်လှစ်ပြီးသော စီမံကိန်း ၄ ခုမှာ ရှန်ဟိုင်း ဒါနင်း နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ပလာဇာ (Shanghai Daning International Commercial Plaza) ၊ Jinqiao နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးပလာဇာ (Jinqiao International Commercial Plaza) ၊ Sinan Mansion နှင့် Jiatinghui တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်အခြေစိုက် ချောင်ဘန်းကုမ္ပဏီက ရှန်ဟိုင်းရှိ စတုရန်းမီတာ ၃၀၀၀၀၀ ခန့်ကျယ်ဝန်းသော စီမံကိန်းနေရာကို ယွမ်ငွေ ၇ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်အခြေစိုက် ချောင်ဘန်းကုမ္ပဏီက ရှန်ဟိုင်းရှိ စတုရန်းမီတာ ၃၀၀၀၀၀ ခန့်ကျယ်ဝန်းသော စီမံကိန်းနေရာကို ယွမ်ငွေ ၇ ဒသမ ၁ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service