ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့

ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
25 Jul 2018 4:29 pm တွင် တင်ခဲ့သည်
2059 ကြိမ် ကြည့်ရှု့ပြီး
ရန်ကင်းမြို့နယ် ၊ ရန်ရှင်းလမ်းမကြီးပေါ်တွင် တည်ရှိသည့် မြန်မာပြည်၏ အကောင်းဆုံးထဲက တစ်ခုဖြစ်သည့် Skysuites ကွန်ဒိုအခန်းများအား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက် နှင့် ၂၂ ရက် နေ့များတွင် အရောင်းပြပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပခဲ့သည်။

စင်္ကာပူစံနှုန်းဖြင့် တည်ဆောက်ထားသည့် Skysuites ကွန်ဒိုစီမံကိန်းသည် ရန်ကုန်မြို့ ၏ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျပြီး စီးပွားရေးလုပ်ရန် ကောင်းမွန်သည့် ရန်ကင်းမြို့ နယ်တွင် တည်ရှိသောကြောင့် တည်နေရာအားဖြင့်လည်း အားသာချက်ရှိသည်။ အခန်းဖွဲ့ ကောင်းမွန်ခြင်း ၊ တန်ဖိုးကြီး အရည်အသွေးမြင့် ပရိဘောဂများ ထည့်သွင်းပေးကာ အသင့်နေထိုင်ရုံအပ်နှံပေးမည် ဖြစ်သောကြောင့် ဝယ်သူများအနေဖြင့် စိတ်ပူပန်ခြင်းကင်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ဝယ်ယူနေထိုင်သူများကို အကောင်းဆုံးရစေလိုသည့် စေတနာအပြည့်ဖြင့် စီမံကိန်း၏ ၆၀% သော မြေကို Landscape Area အဖြစ် သတ်မှတ်ထားရှိပေးပါသည်။

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ ဒီ Skysuites ကွန်ဒိုအရောင်းပြပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ကျွန်တော်တို့ iMyanmarHouse.com မှ တဆင့် ဈေးကွက်ထဲမှာ ရောင်းချပေးခဲ့ပါသေးတယ်။ ထိုစဉ်က ၂၀% လျှော့ပေးပြီး ယခုအခါမှာတော့ အဆောက်အဦးပိုမိုတည်ဆောက်ပြီးသွားပြီမို့ ၁၅% သာ လျှော့ပေးပါတော့တယ်။ ယခုပြပွဲနဲ့ အရင်ပြပွဲတုန်းက
ဝယ်သူတွေ အရမ်းတန်သွားပါပြီ။ မကြာမီ ပြီးစီးတော့မဲ့ ဒီကွန်ဒိုမှာ ဈေးကျသွားဖို့ဆိုတာ မရှိပါဘူး။ တကယ်ကောင်းတာလိုချင်ရင် အခုလိုအချိန်မှာ ဝယ်ထားတာ အမှန်ဆုံးပါပဲ” ဟု ပြပွဲနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

ယခုအချိန်တွင် Skysuites ကွန်ဒိုသည် ၈ဝ% ဆောက်လုပ်ပြီးစီး၍ ၂ဝ၁၉ ခုနှစ် ၊ ဧပြီလတွင် အခန်းအပ်မည်ဖြစ်ကြောင်း သိရသည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
ရာသက်ပန်မြေပိုင်ဆိုင်ခြင်းပေးသည့် Skysuites ကွန်ဒိုအထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service