ရှေးဟောင်းအဆောက်အအုံနှင့် နေရာပေါင်း၁ဝဝကျော်တွင်အပြာရောင်ကမ္ပည်းပြားများထပ်မံတပ်ဆင်ရန် စီစဉ်လျက်ရှိ

ရှေးဟောင်းအဆောက်အအုံနှင့် နေရာပေါင်း၁ဝဝကျော်တွင်အပြာရောင်ကမ္ပည်းပြားများထပ်မံတပ်ဆင်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
18 Jul 2018 12:30 pm တွင် တင်ခဲ့သည်
1981 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ကျန်ရှိနေသော ရှေးဟောင်းအဆောက်အအုံနှင့် နေရာပေါင်း ၁ဝဝ ကျော်တွင် အပြာရောင်ကမ္ပည်းပြား များထပ်မံတပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ထံမှ သိရသည်။

ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံ နှင့်နေရာပေါင်း ထောင်ချီရှိပြီး ယင်းတို့အနက် သမိုင်းဝင်အထင်ကရနေရာများနှင့် အထိမ်းအမှတ် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ဦးစားပေးအပြာရောင်ကမ္ပည်းပြားများ တပ်ဆင် မည်ဖြစ်သည်။

တပ်ဆင်ပေးမည့် အပြာရောင်ကမ္ပည်းပြားများကို သြစတေးလျနိုင်ငံ မှာယူထားရှိပြီး ကုန်ကျစရိတ်ကို နိုင်ငံတကာမှ အလှူရှင်များ နှင့် ပြည်တွင်းအလှူရှင်များက ကူညီပေးလျက်ရှိသည်။

လက်ရှိတွင်အဆောက်အအုံပေါင်း ၂၁ ခုနှင့် နေရာတစ်ခုကို အပြာရောင်ကမ္ပည်းပြားတပ်ဆင်ပြီးစီးခဲ့ပြီး ဆက်လက်တပ်ဆင်ရန်စီစဉ်နေကြောင်းသိရသည်။

အပြာရောင်ကမ္ပည်းပြားတပ်ဆင်ပေးတယ်ဆိုတာ ထိုသမိုင်းဝင်နေရာ များကို ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်သလို သမိုင်းဝင်အဆောက်အအုံ၊နေရာများ နှင့် ပတ်သက်၍ ပြည်သူများ၊အထူးသဖြင့် လူငယ်လူရွယ်များ သိရှိစေရန် ရည်ရွယ်သည်။ထပ်မံတပ်ဆင်ပေးရန်လည်း ရှိသည်။

ယခုလောလောဆယ်တွင် အဆောက်အအုံ နှင့် နေရာပေါင်း ၁ဝဝ တွင် ထပ်မံတင်ဆင်ရန် စီစဉ်နေသည်။ယခုနှစ်အတွင်း အင်းလျာကန်၊မြို့မကျောင်းနှင့် ဗိုလ်အောင်ကျော်လမ်းကို တပ်ဆင်ပေးရန် လည်း ရှိသည်။

လုပ်ဆောင်မည့် ရက်ကို အတိအကျ မပြောနိုင်သေးပေ။ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံနှင့် အထင်ကရ နေရာများအား အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းကို ၂ဝ၁၄ ခုနှစ်အတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဆက်လက်တပ်ဆင်လျက်ရှိသည်။

ရန်ကုန်မြို့တွင်းတွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ရှေးဟောင်းအမွေအနှစ်များလည်း ခြိမ်းခြောက်ခံလာရကြောင်း ယင်းအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ပြအမွေအနှစ်များရေရှည်တည်တံ့စေရန်ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့သို့ လာရောက်လည်ပတ်သော နိုင်ငံခြား ခရီးသွားဧည့်သည်များသည်လည်း အပြာရောင်ကမ္ပည်းပြားများမှတစ်ဆင့် သမိုင်းဝင်အခြေအနေများကို လေ့လာနိုင်မည့်ဖြစ်ပြီး အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။

Credit :Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service