အိန္ဒိယနိုင်ငံတဝန်းရှိ တန်ဖိုးနည်းအိမ်ရာခန်းများ သိန်းနှင့်ချီ၍ လူသူကင်းမဲ့လျက်ရှိ

အိန္ဒိယနိုင်ငံတဝန်းရှိ တန်ဖိုးနည်းအိမ်ရာခန်းများ သိန်းနှင့်ချီ၍ လူသူကင်းမဲ့လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
18 Jul 2018 12:20 pm တွင် တင်ခဲ့သည်
2286 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယနိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ လူတိုင်းအိမ်ရာပိုင်ဆိုင်စေရမည်ဟူသော ရည်မှန်းချက်ဖြင့် အစိုးရက ရည်မှန်းအကောင်အထည် ဖော်လျက်ရှိချိန်အတွင်း ယခုအခါ နိုင်ငံတစ်ဝန်းရှိ တန်ဖိုးနည်း လူနေခန်းပေါင်း တစ်သိန်းခွဲကျော်မှာ နေထိုင်သူမရှိဘဲ လူသူကင်းမဲ့လျက် ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခင်က ပြုလုပ်ခဲ့သည့် စီမံချက်များအတွင်း ဆောက်လုပ်ခဲ့သော တန်ဖိုးနည်းအိမ်ရာခန်းပေါင်း ၁၆၄၀၀၀ ခန့်မှာ နေထိုင်မည့်သူမရှိဘဲ လူသူကင်းမဲ့လျက်ရှိနေကြောင်း အိန္ဒိယအိုးအိမ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ အစိုးရအဖွဲ့က လူတိုင်းနေအိမ်ပိုင်ဆိုင်ရန် ရည်ရွယ်သည့် Housing For All Mission ကို ၂၀၁၅ ခုနှစ်အတွင်း စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စီမံကိန်းအောင်မြင်နိုင်ရန် ရည်မှန်းထားသည်။

ယင်းစီမံချက်အရ မြို့ပြလူနေခန်းပေါင်း သန်း ၂၀ နှင့် ကျေးလက်နေအိမ်ပေါင်း သန်း ၃၀ ဆောက်လုပ်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ယခုအခါ နေအိမ်ခန်းပေါင်း ၈၀၀၀၀၀ ခန့်မှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး ၂ ဒသမ ၈ သန်းခန့်မှာမူ ပြီးစီးမှုအဆင့် အမျိုးမျိုးရှိသည်ဟု အိန္ဒိယအိုးအိမ်ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

သို့ရာတွင် အိမ်ရာမြေချေးငွေစနစ်ဖြင့် ရောင်းချပေးသည့်တိုင် အဆိုပါငွေပမာဏကို မတတ်နိုင်သည့် အိမ်ရာမဲ့များအတွက် ယခုစီမံကိန်းများမှာ မသက်ဆိုင်သကဲ့သို့ဖြစ်နေကြောင်း Centre for Equity Studies ၏ ဒါရိုက်တာ ဟာ့ရှ် မန်ဒါက ပြောကြားသည်။

“နေအိမ် အမှန်တကယ်လိုအပ်နေတဲ့သူတွေက မဝယ်နိုင်ကြဘူး။ ဝယ်နိုင်တဲ့သူတွေကျတော့လည်း ဒီလိုအိမ်မျိုးကို မလိုချင်ကြဘူး။ ဒီတော့..စီမံကိန်းရဲ့ မူရင်းရည်ရွယ်ချက်လည်း အထမမြောက်တော့ဘူးပေါ့။ ပိုကောင်းတဲ့အဖြေကတော့ တန်ဖိုးနည်း အငှားအိမ်ရာတွေ ဆောက်လုပ်တာမျိုးက အကျိုးရှိနိုင်ပါတယ်” ဟု ဟာ့ရှ် မန်ဒါက ဆက်လက်ပြောကြားသည်။

အိန္ဒိယတွင် မြို့ပြနေလူဦးရေ၏ လေးပုံတစ်ပုံခန့်မှာ ဆင်းရဲသားရပ်ကွက်များ အပါအဝင် တရားမဝင်နေထိုင်မှု ပုံစံမျိုးဖြင့် နေထိုင်ကြရလျက်ရှိသည်။ ကျေးလက်ဒေသနေ ထောင်ပေါင်းများစွာသော ဆင်းရဲသားများမှာ နေ့စဉ်နေ့တိုင်း မြို့ပြဒေသများသို့ အခွင့်အလမ်းသစ်များ ရှာဖွေရန် ထွက်ခွာရွှေ့ပြောင်းနေကြလျက်ရှိရာ မြို့ပြ၏ ဆင်းရဲသားရပ်ကွက်များ၏ လူဦးရေမှာ တစ်စထက်တစ်စ မြင့်တက်လာနေသည်။

တန်ဖိုးနည်းအိမ်ရာခန်းများမှာ ပျှမ်းမျှအားဖြင့် စတုရန်းပေ ၂၅၀ ခန့်အကျယ်အဝန်းရှိပြီး ရူပီးငွေ ၁ ဒသမ ၂ သန်းခန့် (မြန်မာငွေ သိန်း ၂၅၀ ဝန်းကျင်) ပေါက်ဈေးရှိသည်။
အများအားဖြင့် တန်ဖိုးနည်းလူနေခန်းများသည် မြေဈေးနည်းပါးသည့် မြို့ပြင်ဆင်ခြေဖုံးဒေသများတွင် ဖြစ်သည်။

“ဒီလိုစီမံကိန်းအများစုဟာ အခြေခံအဆောက်အအုံ လိုအပ်ချက်ရှိတဲ့ ဒေသတွေမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ သယ်ယူပို့ဆောင်ရေးပါပဲ” ဟု အေနာရော့ခ် အိမ်ခြံမြေ အတိုင်ပင်ခံအဖွဲ့မှ ဥက္ကဌဖြစ်သူ အေနပ်ဂ်ျ ပူရီက ပြောကြားသည်။

“ဒီလို လူနေခန်းတွေကို အခန်းလွတ်တွေ ဖြစ်မနေဘဲ နေထိုင်မယ့်သူတွေရှိလာအောင် လုပ်နိုင်ဖို့ နည်းလမ်းတစ်ခုကတော့ အခြေခံအဆောက်အအုံတွေ အလျင်အမြန်ဖြန့်ကျက်ပေးတာ ဖြစ်ပါတယ်။ ဒီအခန်းတွေဟာ ကာလတာရှည် လူသူကင်းမဲ့နေမယ်ဆိုရင် ပျက်စီးယိုယွင်းသွားပါလိမ့်မယ်” ဟုလည်း မစ္စတာ ပူရီက ဆက်လက်ပြောကြားသည်။

အစိုးရအဖွဲ့အစည်းများက ပိုင်ဆိုင်ထားသည့် မြေနေရာများကို တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် ရောင်းချပေးခြင်း နည်းလမ်း ဖြင့်လည်း အထောက်အကူဖြစ်နိုင်ကြောင်း သုံးသပ်ချက်များရှိသည်။
ယခုနှစ်အစောပိုင်းတွင် အိန္ဒိယ၏ ထိပ်တန်း တရားရုံးက ထုတ်ပြန်ခဲ့ရာ၌ အာဏာပိုင်တို့အနေဖြင့် အသုံးပြုခြင်းမရှိသော အစိုးရ အဆောက်အအုံများကို အိမ်ရာမဲ့တို့အတွက် ခိုလှုံရာစခန်းများအဖြစ် ပြောင်းလဲရန် စဉ်းစားသင့်ကြောင်း တိုက်တွန်းထားသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိန္ဒိယနိုင်ငံတဝန်းရှိ တန်ဖိုးနည်းအိမ်ရာခန်းများ သိန်းနှင့်ချီ၍ လူသူကင်းမဲ့လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service