မွန်ပြည်နယ် အစိုးရအဖွဲ့က တည်ဆောက်နေ သည့် မော်လမြိုင်မြို့နယ် ကြာ အင်းကျေးရွာရှိ အိမ်ရာစီမံကိန်း တိုက်ခန်းများအား ဈေးမသတ် မှတ်ရသေးသော်လည်း ပင်စင် စားဝန်ထမ်းများကို ဦးစားပေး ရောင်းချမည်ဟု ပြည်နယ်စည်ပင် သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြော ကြားသည်။
အဆိုပါအိမ်ရာစီမံကိန်း သည် လက်ရှိတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး တည်ဆောက်ပြီးစီးပါ က ဈေးနှုန်း ထုတ်ပြန်ကြေညာပေး မည်ဟု ၎င်းကပြောသည်။
‘‘အစိုးရရဲ့ ပထမခြေလှမ်း ဖြစ်တဲ့ ကြာအင်းအိမ်ရာကို ဆောက်ပြီးတဲ့အချိန်မှာ ဘယ် လောက်ဈေးနဲ့ ရောင်းမယ်ဆိုတာ သုံးသပ်နေတဲ့အချိန်ပဲဖြစ်တယ်။ ပင်စင်စား ဝန်ထမ်းကို ဦးစားပေး မယ်လို့ ကျွန်တော်တို့စီစဉ်ထား တယ်။ တခြားအိမ်ရာတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ ထပ်ဆောက်ဖို့ အစီအစဉ်ရှိပါသေးတယ်’’ဟု ဦးမင်းကျော်လွင်က ပြောသည်။
ထိုအိမ်ရာစီမံကိန်းကို ကြာအင်းကျေးရွာ ကွင်းအမှတ် (၄၂၀) မြေဧရိယာ ၂၁ ဒသမ ၂၆ ဧကပေါ်တွင် ပြည်နယ်ရန်ပုံငွေ ဖြင့် တည်ဆောက်နေခြင်းဖြစ် သည်။ ယင်းတန်ဖိုးနည်းအိမ်ရာ တွင် ၁၆ ခန်းပါ လေးထပ်တိုက်၁၆လုံး တည်ဆောက်ထားပြီးအခန်း၂၅၆ ခန်းပါဝင်မည် ဖြစ်သည်။
ကျိုက်မရောမြို့နယ် မင်းရွာ၊ သံဖြူဇရပ်မြို့နယ် ဖောင် စိန်ကျေးရွာနှင့် ကျိုက်ထိုမြို့နယ် တွင် တန်ဖိုးသင့်အိမ်ရာများ ထပ် မံ တည်ဆောက်ရန်ရှိကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။
မွန်ပြည်နယ်ရှိ ပြည်သူများ အတွက် အဆင့်မီ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ တည် ဆောက်၍ ပြန်လည်ရောင်းချနိုင် ရန် ၂၀၁၇-၁၈ ဒေသန္တရစီမံကိန်း တွင် ထည့်သွင်းရေးခဲ့ပြီး ၂၀၁၇ မတ်လ ၂၄ ရက်တွင် ဥပဒေ အမှတ် (၂) ဖြင့် မွန်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။
ယခင်အစိုးရလက်ထက်က မော်လမြိုင်မြို့တွင် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက် ပေးခဲ့ပြီး အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်း ဖြင့် ရောင်းချပေးခဲ့သည်။
Credit : 7Daydaily