အများပိုင်ကုမ္ပဏီများ အစုရှယ်ယာရောင်းပြီး လုပ်ငန်းမလုပ်ဖြစ်ပါက အတိုးနှုန်းဖြင့် တွက်ချက်၍ ပြန်လည်ပေးအပ်ရမည်

အများပိုင်ကုမ္ပဏီများ အစုရှယ်ယာရောင်းပြီး လုပ်ငန်းမလုပ်ဖြစ်ပါက အတိုးနှုန်းဖြင့် တွက်ချက်၍ ပြန်လည်ပေးအပ်ရမည် - Property News in Myanmar from iMyanmarHouse.com
16 Jul 2018 11:45 am တွင် တင်ခဲ့သည်
3043 ကြိမ် ကြည့်ရှု့ပြီး
အများပိုင်ကုမ္ပဏီများ သည် အများပြည်သူသို့ အစုရှယ်ယာရောင်းချပြီး လုပ်ငန်းမလုပ် ဖြစ်၍ ပြန်လည်ပေးအပ်ရန် လိုအပ်ပါက ဗဟိုဘဏ်က သတ် မှတ်ထားသည့် အများဆုံးဘဏ် ချေးငွေတိုးနှုန်းဖြင့် အဆိုပါငွေ ပမာဏကိုပေးအပ်ရမည်ဟု ရင်း နှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှု ဦးစီးဌာနက ဇူလိုင် ၉ ရက် တွင်အမိန့်ကြော်ငြာစာထုတ်ပြန် ထားသည်။

၂၀၁၇ ကုမ္ပဏီဥပဒေသစ် အရကြေညာခြင်းဖြစ်ပြီး အဆိုပါ အမိန့်ကြော်ငြာသည် ၂၀၁၈ သြ ဂုတ် ၁ ရက်တွင်စတင်အကျိုး သက်ရောက်မည်ဖြစ်သည်။

ပြန်လည်ပေးအပ်ရန် လို အပ်လျှင် ကုမ္ပဏီ၏ အလား အလာညွှန်းတမ်း ထုတ်ဝေပြီး နောက်ရက်ပေါင်း ၁၉၀ အတွင်း ပြန်လည်ပေးချေခြင်း မရှိလျှင် ဒါရိုက်တာတစ်ဦးခြင်းကဖြစ်စေ၊ ဒါရိုက်တာများစုပေါင်း၍ဖြစ်စေ ပေးအပ်ရမည်ဟုဆိုထားသည်။

‘‘အများပြည်သူရဲ့ငွေကိုခေါ် ယူပြီးရင်အလွဲသုံးစားလုပ်လို့မရ ဘူး။ မလုပ်ဖြစ်ရင်ပြန်ပေးရ တယ်’’ ဟု မြန်မာ့နိုင်ငံချေးငွေ သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်ကပြောသည်။

ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနက အများပိုင်ကုမ္ပဏီ ၂၀၀ ကျော်ကိုခွင့်ပြုထားသော်လည်း ပြည်သူသို့ရှယ်ယာရောင်းချခွင့်ပြု ထားသည့် ကုမ္ပဏီ ၆၀ ခန့်သာရှိ သည်။ သို့သော် ထိုကုမ္ပဏီ ၆၀ သည်လည်း ရှယ်ယာရောင်းချလို ပါက ချေးငွေသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မ ရှင်ထံမှ ခွင့်ပြုချက်ထပ်မံရယူရန် လိုသည်။

ထို့ကြောင့်ရန်ကုန်ဘတ်စ် ကားအများ ပိုင်ကုမ္ပဏီနှင့် မြန်မာ အက်ဂရို အိတ်ချိန်းကုမ္ပဏီနှစ်ခု သာ ကော်မရှင်သို့အလားအလာ ညွှန်းတမ်းတင်ပြထား၍ ယင်း ကုမ္ပဏီနှစ်ခုသာရှယ်ယာ ရောင်း ချခွင့်ရှိကြောင်း ချေးငွေသက်သေ ခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ကဆိုထားသည်။

ချေးငွေသက်သေခံလက် မှတ်များလဲလှယ်ရောင်းဝယ်ရေး ဥပေဒအရကော်မရှင်၏ ခွင့်ပြု ချက်မရဘဲအများပြည်သူသို့ ရှယ် ယာရောင်းချခြင်းနှင့် ရောင်းချရန် အားပေးလှုံ့ဆော်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၀နှစ် ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service