တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့်ရသူများ အမည်စာရင်းထုတ်ပြန်

တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့်ရသူများ အမည်စာရင်းထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
16 Jul 2018 9:50 am တွင် တင်ခဲ့သည်
3007 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအစိုးရ အစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ဝယ်ယူခွင့်ရရှိသူ ၈၀၀ ကျော် အမည်စာရင်းကို ဇူလိုင် ၁၀ ရက် ကစ၍
ရန်ကုန်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ထုတ် ပြန်ကြေညာထားသည်။

မိသားစုဝင်ငွေ ကျပ်ငါးသိန်း အောက်ရရှိသည့် အများပြည်သူ ၂၄၇ ဦး၊
ကုမ္ပဏီဝန်ထမ်း ၁၇၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၁၇၅ ဦးနှင့် အငြိမ်းစားဝန်ထမ်း ၁၀၆ ဦး၊ မိသားစုဝင်ငွေ ကျပ်ငါးသိန်းနှင့် အထက်ရရှိသည့် အများပြည်သူ ၅၈ ဦး၊
ကုမ္ပဏီဝန်ထမ်း ၄၀ ဦး၊ နိုင်ငံ့ဝန်ထမ်း ၄၀ ဦးနှင့် အငြိမ်းစားဝန်ထမ်း ၂၃ ဦး
တို့ တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့် ရရှိထားသည်။

တန်ဖိုးနည်းအိမ်ရာတိုက်ခန်း ဝယ်ယူခွင့်ရရှိသူများသည် ဇူလိုင် ၂၀ ရက်နောက်ဆုံးထား၍ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ဆက်သွယ်အကြောင်းကြားရ
မည်ဟု ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောသည်။ ‘‘သူတို့တွေ ဆက်သွယ်လာ မှ တိုက်ခန်းတွေကို မဲနှိုက်ပေး သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်ထပ်၊ အောက်ထပ် ဘယ် သူနေမလဲဆိုတဲ့ ပြဿနာရှိနိုင် တာကြောင့် မဲစနစ်နဲ့ပဲ လုပ်တာ ပါ’’ဟု ဦးညီညီက ပြောသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ ဝယ်ယူရန် လျှောက်ထား သူ ငါးထောင်ကျော်အနက် တစ် ထောင်ကျော်ကို တန်းစီစနစ်ဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က
မဲ နှိုက်ရွေးချယ်ခဲ့သည်။

ရန်ကုန်တိုင်းအစိုးရကရောင်း ချမည့် အိမ်ရာများသည် ဒဂုံမြို့ သစ်(တောင်ပိုင်း)ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ် ရာ အပိုင်း (၁၊ ၂)၊ ကနောင်အိမ် ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီး ပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့ နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီး လှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ် ရှိ Shop House များနှင့် မြောက် ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ဖြစ်သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်ရှိ အိမ်ရာများကို အခြေခံ ပြည်သူများ ဝယ်ယူနိုင်ရန် တိုက် ခန်းတစ်ခန်းလျှင် ကျပ်သိန်းတစ် ရာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်နှင့် အခြားမြို့နယ်တို့တွင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းတစ် ခန်းလျှင် ကျပ်သိန်းနှစ်ရာကျော်မှ သိန်းခြောက်ရာအထိ ဈေးနှုန်း သတ်မှတ်ထားသည်။

တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ မိသားစုဝင်ငွေသည် တစ်လ ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းကြားရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ကျပ်ငါးသိန်းမှ၁၂ သိန်းကြား ရှိရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ဝယ်ယူလိုသူသည် ပထမအဆင့် ငွေသွင်းရာ၌ ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါက ၁၅ ရာ ခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

တန်းစီဇယား မဲနှိုက်စဉ်က ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် တံခါးပိတ်မဲနှိုက် ၍ ပွင့်လင်းမြင်သာမှု မရှိဆိုကာ လွှတ်တော်ကိုယ်စားလှယ်များအကြား ဝေဖန်မှုများရှိခဲ့သည်။

ယင်းအခြေအနေများ ကြောင့် ယခု တိုက်ခန်းများ မဲနှိုက် ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် သတင်းမီဒီယာများနှင့် တိုက်ခန်း ဝယ်ယူသူ ပြည်သူများရှေ့မှောက်၌ မဲနှိုက်ရန် ဆွေးနွေးထား ကြောင်း မင်္ဂလာတောင်ညွန့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော် အမတ် ဦးလှဌေးက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service