ပြည်သူ့အိမ်ရာ ဝယ်ခွင့်ရသူတွေ ဆက်လက်လုပ်ဆောင်ရမယ့် အချက်တွေ အသိပေးထုတ်ပြန်

ပြည်သူ့အိမ်ရာ ဝယ်ခွင့်ရသူတွေ ဆက်လက်လုပ်ဆောင်ရမယ့် အချက်တွေ အသိပေးထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
13 Jul 2018 12:23 pm တွင် တင်ခဲ့သည်
3072 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူ့အိမ်ရာ ဝယ်ခွင့်ရရှိသူတွေအနေနဲ့ ဇူလိုင်လ (၂၀)ရက်နေ့နောက်ဆုံးထားပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှာ လာရောက်ပြီး တိုက်ခန်းနဲ့ပက်သက်တဲ့အချက်တွေကို ဖြည့်စွက်ဆောင်ရွက်ဖို့ အိမ်ရာစီမံကိန်းရောင်းချရေးကော်မတီက အသိပေး ထုတ်ပြန်ထားပါတယ်။

တန်းစီဇယားအရ ပထမအသုတ်ဝယ်ယူခွင့်ရရှိသူတွေမှာ ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်မူရင်းနဲ့အတူ (၁၁-၇-၂၀၁၈)ရက်နေ့ကစပြီး (၂၀-၇-၂၀၁၈)ရက်နေ့ နောက်ဆုံးထားပြီးတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယထပ်ကို လာရောက်ပြီး တိုက်ခန်းနဲ့ပက်သက်တဲ့ အချက်အလက်ကို အတည်ပြုဖြည့်စွက် ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။

ပြည်သူ့အရောင်းအိမ်ရာ ဝယ်ယူခွင့် တန်းစီဇယားကို လူမှုရေးအုပ်စု၊ ပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ အငြိမ်းစား၊ ဝင်ငွေအုပ်စု (၅)သိန်းအောက်၊ ဒုတိယအုပ်စု (၅)သိန်းနဲ့အထက်နဲ့ ရှစ်အုပ်စု ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အိမ်ရာစီမံကိန်းရောင်းချရေးကော်မတီက ရောင်းချမယ့် ပြည်သူ့အရောင်းအိမ်ရာ အိမ်ခန်းတွေကို ဝယ်ယူမယ့်သူတွေ တန်းစီဇယားကို (၁၀-၇-၂၀၁၈)ကစပြီး ရန်ကုန်တိုင်းဒေသကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှာ အသိပေးကြေညာခဲ့ပါတယ်။

ပထမအသုတ်ဝယ်ခွင့်ရသူတွေကို (၂၀)ရက်နေ့နောက်ဆုံးထားပြီး ဝယ်ယူခွင့် ရရှိသူတွေအတွက် တိုက်ခန်းနေရာမဲနှိုက်ခြင်းကို (၂၅-၇-၂၀၁၈)ရက်နေ့နဲ့ (၂၆-၇-၂၀၁၈)ရက်နေ့မှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး) ဒုတိယထပ်မှာ ပြုလုပ်ရန်အတွက် လျာထားပါတယ်။ မဲနှိုက်ဝယ်ယူခွင့် ရရှိသူတွေကို အချက်အလက် စိစစ်တာတွေ၊ ဘဏ်ချေးငွေ ရယူခြင်းအတွက် ဘဏ်ကစိစစ်ခြင်းတွေပြုလုပ်တာတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီသူတွေကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဇယားမှာ အရောင်နဲ့ဖော်ပြထားသူတွေမှာ ပထမအသုတ်ဝယ်ယူခွင့်ရသူတွေဖြစ်ပြီး ကျန်ရှိတဲ့ တန်းစီဇယားပါ လျှောက်ထားသူတွေကို နောင်မှာထပ်ပြီး ရောင်းချမယ့် တိုက်ခန်းတွေကို တန်းစီဇယားအတိုင်း ရောင်းချမှာ ဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service